အိန္ဒိယမှ ပထမဆုံးလူဝတ်ကြောင် ဘာသာဝင် တစ်ဉီး မေ ၁၅ တွင် ရဟန္တာဖြစ်တော့မည်

အိန္ဒိယမှ ပထမဆုံးလူဝတ်ကြောင် ဘာသာဝင် တစ်ဉီး မေ ၁၅ တွင် ရဟန္တာဖြစ်တော့မည်

အိန္ဒိယမှ ပထမဆုံးလူဝတ်ကြောင် ဘာသာဝင် တစ်ဉီး မေ ၁၅ တွင် ရဟန္တာဖြစ်တော့မည်

 

၂၀၂၂ မေလ ၁၅ ရက်နေ စိန့်ပီတာရင်ပြင်တော်မှာ ဟောကြားမယ့် ရဟန္တာတင်မြှောက်ခြင်း မစ္ဆားတရားတော်မြတ်ကြီးမှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ Devasahayam Pillai ဆိုသူနဲ့ အခြား ၆ ဉီးတို့အား ရဟန္တာတင်မြှောက်ပေးမှာဖြစ်ပါတယ်။

အထက်ပါ အစီအစဉ်ကို ဗာတီကန်၊ ရဟန္တာတင်မြှောက်ခြင်းဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော် မှ နိုဝင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်တာဖြစ်ပါတယ်။

သူတော်မြတ် Devasahayam Pillai  ဟာ ၁၈ ရာစုနှစ် Travancore ပြည်နယ်မှာ ခြိုးခြံမှုများစွာနဲ့ ၎င်းရဲ့ ယုံကြည်ခြင်းကို သက်သေခံခဲ့သူဖြစ်ကြောင်း

ကိုဗစ်အခြေအနေကြောင့် ရက်အတိအကျ မထုတ်ပြန်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ပုပ်ဖရန်စစ်အရှင်သူမြတ်က ရဟန္တာတင်မြှောက်ခြင်းကို အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

၁၇၁၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့သူ ဖြစ်ကာ လာဇရုအမည်ကို ခံယူခဲ့သလို ရိုးရာအမည် အဖြစ် Devasahayam လို့ခေါ်တွင်ခဲ့ပြီး ၎င်း၏အမည်မှာ ဘုရာသခင်သည် ငါအားကူညီသူဖြစ်၏ဟု အဓိပ္ပာယ်ရကြောင်း

မိမိယုံကြည်ခြင်းကြောင့် အကျဉ်းထောင်ဒဏ် ၃ နှစ်ကျခဲ့ကာ  ပြင်းထန်သော နှိပ်စက်ညှင်းပန်းခြင်းများ ခံခဲ့ရကြောင်း နောက်ဆုံးမှာ လူသူမရှိတဲ့နေရာသို့ ခေါ်ဆောင်ခြင်းခံရကာ ၁၇၅၂ ခုနှစ် ဇန်နဝါရီ ၁၄ မှာ ပစ်သတ်ခံခဲ့ရသူဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၂၂ မေလ ၁၅ ရက်မှာတော့ Devasahayam Pillai ဟာ အိန္ဒိယမှ ပထမဆုံးလူဝတ်ကြောင် ရဟန္တာအဖြစ် ရဟန္တာတင်မြှောက်ခြင်းခံရတော့မှာဖြစ်ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3H8eSGw

Add new comment

15 + 4 =