အိန္ဒိယမှ ကက်သလစ် သီလရှင်တစ်ပါး ရေတွင်းထဲ၌ သေဆုံးနေကြောင်းတွေ့ရ

အိန္ဒိယမှ ကက်သလစ် သီလရှင်တစ်ပါး ရေတွင်းထဲ၌ သေဆုံးနေကြောင်းတွေ့ရ

အိန္ဒိယမှ ကက်သလစ် သီလရှင်တစ်ပါး ရေတွင်းထဲ၌ သေဆုံးနေကြောင်းတွေ့ရ

 

အိန္ဒိယတောင်ပိုင်း Tamil Nadu နယ်မှ သက်တော် ၂၅ နှစ်ရှိတဲ့ ကက်သလစ်သီလရှင်တစ်ပါးအား စိန့်ချားစ် ကောလိပ်ကျောင်း အနီးက ရေတွင်းမှာသေဆုံးနေကြောင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က တွေ့ရှိခဲ့ကြပါတယ်။

Sister Kausalya Rajendren ဟာ Sisters of St. Charles Borromeo အသင်းဂိုဏ်းမှ ဖြစ်ပြီး Vellore သာသနာ Kottupakkam ရွာလေးမှာမွေးခဲ့သူဖြစ်ပါတယ်။

သာသနာရဲ့ ထုတ်ပြန်ချက်အရဆိုရင် အဆိုပါ စစ္စတာရ်လေးဟာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းကထဲကပျောက်ဆုံးနေခဲ့တာဖြစ်ပြီး နောက်ရက်မှာတော့ ရေတွင်းမှာ သေဆုံးလျက်ရှိကြောင်းတွေ့ရတာဖြစ်တယ်လို့ဆိုပါတယ်။

သူမရဲ့ အဖော်သီလရှင်များက လိုက်ရှာကြရာ ရေတွင်းမှာ သူမရဲ့ ကြိုးသိုင်းဖိနပ်လေး ပေါလောပေါ်နေတာတွေ့ပြီးရွာသားများ ကြိုးစားဆယ်ကြည့်ကြပေမဲ့ မရနိုင်တဲ့အတွက် နောက်ဆုံး ရဲများခေါ်ကာ ကြိုးစားရင်း အလောင်းကို ၁၇ ရက်နေ့ နံနက် ၆း၃၀ နာရီမှာတွေ့ခဲ့ကြောင်း

Vellore သာသနာမှာပဲ ဈာပနမစ္ဆားကို ကျင်းပခဲ့ရာ ထိုသာသနာမှ ဘာသာဝင်များစွာလာရောက်ဂါရဝပြုဆုတောင်းပေးကြတယ်လို့ဆိုပါတယ်။

သေဆုံးရခြင်းရဲ့ အကြောင်းအရင်းကိုတော့ ရဲများကစုံစမ်းနေဆဲဖြစ်ပေမဲ့ အခြေအနေမထူးသေကြောင်း

သေဆုံးသွားတဲ့ Sister Kausalya ဟာ ပထမသစ္စာခံယူအပြီး စိန့်ချားစ် ကောလိပ်မှာ သချ်ာအထူးပြုနဲ့ ကောလိပ်ကျောင်းတက်ရောက် ပညာသင်ယူနေတဲ့ သီလရှင်ငယ်လေးတစ်ပါးဖြစ်သလို မိသားစုမှာသမီး ၃ ယောက်ထဲက ဒုတိယ သမီးတစ်ဉီးဖြစ်တယ်လို့ဆိုပါတယ်။

May She Rest in Peace!

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3rZYpyy

Add new comment

2 + 9 =