အိန္ဒိယမှကက်သလစ်လူငယ်များသည် ခရစ္စမတ်ပွဲလှုပ်ရှားမှုအဖြစ် ‘မိတ်ဆွေတစ်ဦးအားကျွေးမွေးပြုစုခြင်း’ အစီအစဉ်ပြုလုပ်

အိန္ဒိယမှကက်သလစ်လူငယ်များသည် ခရစ္စမတ်ပွဲလှုပ်ရှားမှုအဖြစ် ‘မိတ်ဆွေတစ်ဦးအားကျွေးမွေးပြုစုခြင်း’ အစီအစဉ်ပြုလုပ်

အိန္ဒိယမှကက်သလစ်လူငယ်များသည် ခရစ္စမတ်ပွဲလှုပ်ရှားမှုအဖြစ် ‘မိတ်ဆွေတစ်ဦးအားကျွေးမွေးပြုစုခြင်း’ အစီအစဉ်ပြုလုပ်

 

            အိန္ဒိယမှ ကက်သလစ်လူငယ်အဖွဲ့သည် ခရစ္စမတ်ပွဲတော်အားကြိုဆိုဂုဏ်ပြုသောအားဖြင့် အလွန်လက်တွေ့ကျ ပြီး၊ အဓိပ္ပါယ်ပြည့်၀လှသော ‘မိတ်ဆွေတစ်ဦးအားကျွေးမွေးပြုစုပါ’ လှုပ်ရှားမှုကိုစတင်းလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် ခရစ္စမတ်သည် လူမှုရေးပျော်ပွဲရွှင်ပွဲ ကျင်းပရုံမျှမဟုတ်ပေ။ ခရစ္စမတ်သည် ရုပ်ပိုင်းဆိုင်ရာပွဲတော်မဟုတ်။ ထာ၀ရနှင့်ဆိုင်သော အရာများကိုမျက်မှောက်ပြုထောက်ရှုရမည့်ပွဲတော်ကာလဖြစ်သည်။ ခမည်းတော်ဘုရားသည် သူ၏တစ်ပါးတည်းသောသားတော်ကို လောကသားတို့ကိုချစ်၍ အပြစ်နွံမှလွှတ်မြောက်ရန် လောကသို့ စေ လွှတ်သည်ကိုအခြေခံ၍ ခရစ္စမတ်ကာလ၌ လက်ဆောင်များဖလှယ်ခြင်း၊ အပြစ်ခွင့်လွှတ်ခြင်း ကိုပြုရ မည့်အချိန်ဖြစ်သည်။ လူငယ်များအနေဖြင့် ခရစ္စမတ်ကာလ၌ ထူးခြားပြီး၊ လူမူအသိုင်း အ၀ိုင်း၏ လိုအပ်ချက်ကိုဖြည့်ဆည်းသည် လှုပ်ရှားမှုတစ်ခုကိုပြုလုပ်လိုကြသည်။ တစ်နည်းဆိုသော် ခရစ္စမတ်၏ အနှစ်ရှိသောပျော်ရွှင်မှုကို မိမိတို့နှင့်နီးစပ်သူ ညီအစ်ကိုမောင်နှမများနှင့်ဝေမျှခံစားလိုကြသည်။

 

ဤလူငယ်အဖွဲ့အစည်းသည် အိန္ဒိယနိုင်ငံ၏ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်၏လက်အောက်ရှိ တရား၀င်သောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အိန္ဒိယအနေဖြင့် လွန်ခဲ့သော နှစ်ပေါင်း (၆၀) မှစ၍ လူမှုအသိုင်းအ၀ိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အမ္ဘာကြီးအားတောင်းဆိုရာ ၌အလွန်အခရာ ကျလှသောနိုင်ငံတစ်ခုဖြစ်ကြောင်း၊ သို့သော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏အကျိုးရလာဒ်ကိုကား အညီ အမျှခံစားခွင့် မှာမူယနေ့ထိတိုင်မရှိသေးကြောင်း၊ ထို့ကြောင့် ကမ္ဘာ့တတိယနိုင်ငံ၏ အဆင်းရဲဆုံး နိုင်ငံထဲ၌ပါ၀င်နေသေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် လူဦးရေ (၈၄) သန်းသည် အလွန်စွာ ချို့တဲ့သောအခြေအနေ၌ ဆက်လက်ရှင်သန်နေရ ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် (၂၀၂၁) ခုနှစ် ‘Global Hunger Index (GHI)’  (ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှု) စာရင်း၌ ကမ္ဘာ့နိုင်ငံပေါင်း (၁၁၆) နိုင်ငံအနက် (၁၀၁) အဆင့်တွင်ရှိနေကြောင်း၊ ၄င်း၏နောက်၌ရှိသောနိုင်ငံများမှာ သူ၏အိမ်နီးချင်းနိုင်ငံ များဖြစ်သည့် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နေပယ်တို့ဖြစ်ကြောင်း၊ (၂၀၂၀) ခုနှစ်၌ အိန္ဒိယသည် အဆင့် (၉၄) ၌ရှိခဲ့ကြောင်း၊ ယခုလှုပ်ရှားမှုကိုကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းပြရာ၌ ဤလှုပ်ရှားမှုသည် လိုအပ် နေသူများအားဝေမျှတတ်သော၊ ဝေမျှလိုသောအသိတရားကိုမွေးဖွားပေးကြောင်း၊  လိုအပ် သောရံပုံငွေများစု ဆောင်းမိသည်နှင့်နွမ်းပါးချို့တဲ့သောသူများနေထိုင်သည့်နေရာများဆီသို့  ခရစ္စမတ်ပွဲတော်အမှီ အစားအစာများကို ထုတ်ပိုး၍ဝေဌပေးသွားမည်ဖြစ်ကြောင်း၊ လူဦးရေ (၁၀၀၀) ကိုပေးကမ်းမည်ဖြစ်ကြောင်း၊ ဤလှုပ်ရှားမှုကို အိန္ဒိယ နိုင်ငံ၏ဂိုဏ်းချုပ်သာသနာတစ်ခုဖြစ်သော Delhi ၏လူငယ်များက Bethania သင်တန်းကျောင်း၌ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဤသင်တန်းကျောင်းသည် လူငယ်များ၏ကြပ်မတ်မှုအောက်၌ရှိကြောင်း၊ အသက်မွေး၀မ်းကျောင်းပညာ များသင်ကြားပေးပြီး၊ လုပ်အားပေးလူငယ်များခိုနားနေထိုင်သောနေရာတစ်ခုဖြစ်ကြောင်း လူငယ်အဖွဲ့၏အထွေထွေ အတွင်း ရေးမှူး Anthony Judy ကရှင်းပြခဲ့သည်။    

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ouAxBn

Add new comment

6 + 8 =