အိန္ဒိယမြောက်ပိုင်း၌ခရစ်ယာန်လူနည်းစုမျိုးနွယ်စုအား မျိုးတုန်းစေရန်လုပ်ဆောင်နေဟုဂိုဏ်းချုပ်ဆရာတော် Dominic Lumon ပြောကြားလိုက်

အိန္ဒိယမြောက်ပိုင်း၌ခရစ်ယာန်လူနည်းစုမျိုးနွယ်စုအား မျိုးတုန်းစေရန်လုပ်ဆောင်နေဟုဂိုဏ်းချုပ်ဆရာတော် Dominic Lumon ပြောကြားလိုက်

ဂိုဏ်းချုပ်ဆရာတော် Dominic Lumon သည် Imphal သာသနာပိုင်ဆရာတော်ဖြစ်သည်။ သူသည် အိန္ဒိယမြောက်ပိုင်း Manipur ပြည်နယ်၌ ခရစ်ယာန်ဘာသာ၀င်ဖြစ်သောလူနည်းစုမျိုးနွယ်စုအားမျိုးတုန်းသတ်ဖြတ်သည့်လုပ်ရပ်ကိုကျူးလွန်နေသည့်လုပ်ရပ်ကိုကန့်ကွက်​ရှုတ်ချလိုက်သည်။

ဤကြေညာချက်ကို ‘Aid to the Church in Need’ (အကူအညီလိုအပ်သောသာသနာများသို့ကူညီပေးသောအဖွဲ့) ထံပေးပို့ သောစာ၌ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိအခြေအနေမှာရှင်းလင်းမှုမရှိ။ တင်းမာလျှက်ရှိသည်။ အင်တာနက်လိုင်းများလည်းဖြတ်တောက်ထား၍အချိန်နှင့်တစ်ပြေးညီလည်းမသိနိုင်။ လူသားချင်းစာနာသောအကူအညီများပေးရန်မှာလည်းခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ကြုံတွေ့ခဲ့ရသောခါးသီးနာကြင်ဖွယ်အခင်းများကြောင့်ဒေသခံများသည်အယုံအကြည်မရှိနိုင်တော့သကဲ့သို့လက်တုန့်ပြန်လိုစိတ်ကားကြီးထွားလျှက်ရှိသည်။ ဖြစ်ပွားခဲ့သောအခင်းနှင့်စပ်လျင်း၍ ဒေသအာဏာပိုင်များထံမှမည်သည့်ပြောဆိုမှုမျှထွက်ပေါ်မလာ။

ဆက်လက်၍မိမိတို့နှင့်မဆိုင်သကဲ့သို့ တိတ်ဆိတ်နှုတ်ပိတ်နေနေဆဲရှိနေကြောင်းကိုလည်းဂိုဏ်းချုပ်ဆရာ တော်ကထုတ် ဖော်အပြစ်တင်ခဲ့သည်။ မေလကစ၍ လူပေါင်းများစွာရွေ့ပြောင်းနေခဲ့ရသည်။ ရရှိထားသောအချက်အလက်များအရပြောရမည်ဆိုပါလျှင် ဘုရားကျောင်းနှင့်၀တ်ပြုရန်နေရာအဖြစ်သတ်မှတ်ထားသော နေရာပေါင်း (၃၀၀) ကျော်နှင့်အတွင်းပစ္စည်းများအားလုံးဖျက်ဆီးခံနေခဲ့ရသည်။ ထို့အတူခရစ်ယာန်မိသားစု တို့၏နေအိမ်များကိုလည်းဖျက်ဆီးမီးရှို့ခဲ့သည်ဟုသိရပါသည်။

လက်ရှိ၌သာသနာအနေဖြင့်ထိုသို့မလုံမခြုံ၊ မပြည့်မစုံ၊ စိုးရိမ်စိတ်ဖြင့်အတိဒုက္ခရောက်နေသောခရစ်ယာန်များအားလူသားချင်းစာနာသောအကူအညီများကိုတတ်နိုင်သလောက်ကူညီပေးလျှက်ရှိကြောင်း၊ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့်သာသနာ့အ ကျိုးဆောင်များမှအခြေခံလူသုံးကုန်ပစ္စည်းလိုအပ်နေသူများအားကူညီဖြန့်ဖြူးပေးလျှက်ရှိကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်းပေးနေကြောင်း၊ ဤသို့လုပ်ဆောင်ရာ၌ ခရစ်ယာန်ဘာသာ ၀င်မဟုတ်သူများအား အကြမ်းဖက်မှုထပ်မံဖြစ်စေမည့်အကြောင်းတရားမဖြစ်စေရန် သတိကြီးစွာဖြင့်လုပ်ကိုင်နေရကြောင်း၊ ဒေသအာဏာပိုင်များနှင့်အစွန်းမရောက်သောဟိန္ဒူဘာသာ၀င်အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍အကြမ်းဖက်သည့်လုပ် ရပ်ကိုရပ်တန့်နိုင်ရန်ကြိုးစားလျှက်ရှိကြောင်းပြောကြားထားသည်။

တစ်ဆက်တည်း၌ပင်ဂိုဏ်းချုပ်ဆရာတော်က အကူအညီများပေးရန်နှင့်ဤအခြေ အနေများအမြန်ဆုံးချုပ်ငြိမ်းရန်ကိုလည်းဆုတောင်းပေးရန်၊ ဥပဒေပြုအဖွဲ့၏တရားမျှတသောဆုံးဖြတ်ချက်ဖြစ်ရန်အတွက်လည်း ၄င်းတို့အတွက်ဆုတောင်းပေးရန်အထူးလိုအပ်နေကြောင်း၊ သို့မှသာ အခင်းဖြစ်ပွားသောဒေသအတွင်းယှဉ်တွဲနေထိုင်ကြသူများအချင်းချင်းချစ်ခင်လေးစားမှုဖြင့်နေထိုင်နိုင်ကြမည်ဖြစ်သည်။

လူထုများကြားရှိအမုန်းတရားနှင့်လက်တုန့်ပြန်လိုစိတ်များသည် ဆုတောင်းခြင်းခွန်အားဖြင့်ကျော်လွှားနိုင်မည်ဟုလည်းယုံကြည်ကြောင်းပန်ကြားထားသည်။

ဟိန္ဒူဘာသာ၀င် Meitei လူမျိုးစုနှင့်ခရစ်ယာန်ဘာသာ၀င်လူနည်းစုမျိုးစုများဖြစ်ကြသော Kuki နှင့် Naga လူမျိုးစုတို့ကြားဖြစ်ပွားသော လူနည်းစုတိုင်းရင်းသားများအားအကြမ်းဖက်သည့်လုပ်ရပ်ဖြစ် သည်။

ဟိန္ဒူသည်နိုင်ငံတော်ဘာသာဟုပင်ပြောနိုင်သော အိန္ဒိယနိုင်ငံ၏သက်၀င်ယုံကြည်မှုအများဆုံးဘာ သာဖြစ်သည်။ မဏိပူရ်သည်မြန်မာနိုင်ငံနှင့်လည်းထိစပ်နေသော အိန္ဒိယနိုင်ငံ၏နယ်စပ်ဒေသတစ်ခုဖြစ် သည်။ အဆိုပါလူနည်းစုများသည်လည်းဌာနေတိုင်းရင်းသားများအဖြစ်မှတ်ပုံတင်ထားသည်။

ဖြစ်ပွားခဲ့သော အခင်း၌ Kuki မျိုးနွယ်စု (၁၀၀) အသက်ဆုံးရှုံးခဲ့ရပြီး (၅၀၀၀၀၀) ကျော်မှာနေရပ်စွန့်ခွာတိမ်းရှောင်နေကြရရှာသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://rb.gy/q7fdj

Add new comment

12 + 6 =