အိန္ဒိယနိုင်ငံ Karnataka ၌ ဉာဏ်တော် (၂၀) ပေရှိ ယေဇူးသခင်၏ရုပ်တုတော် ဒေသအာဏာပိုင်မှဖြိုချပစ်ခဲ့

အိန္ဒိယနိုင်ငံ Karnataka ၌ ဉာဏ်တော် (၂၀) ပေရှိ ယေဇူးသခင်၏ရုပ်တုတော် ဒေသအာဏာပိုင်မှဖြိုချပစ်ခဲ့

အိန္ဒိယနိုင်ငံ Karnataka ၌ ဉာဏ်တော် (၂၀) ပေရှိ ယေဇူးသခင်၏ရုပ်တုတော် ဒေသအာဏာပိုင်မှဖြိုချပစ်ခဲ့

          အိန္ဒိယနိုင်ငံ၊ Kolar ခရိုင်၊ Karnataka ပြည်နယ်အစိုးရက ဉာဏ်တော် (၂၀) ပေရှိသော ယေဇူးသခင်၏ဆင်းတုတော်ကိုဖြိုချရန် အမိန့်ထုတ်ခဲ့သည်။ အဆိုပါဆင်းတုတော်မှာ လွန်ခဲ့သော (၁၈) နှစ်ကထုလုပ်ကြည်ညိုခဲ့ကြသည်။ ထိုအမိန့်ကို ဖေဖော်၀ါရီလ (၁၅) ရက် နေ့၌ အာဏာပိုင်များရှေ့၌ပင် ရဲများ၏လုံခြုံမှုတင်းကြပ်စွာယူလျှက် ဆင်းတုတော်ကိုထုခွဲဖြိုချပြခဲ့သည်။ ယခုကဲ့သို့ဖြိုချရန်အမိန့်ပေးရ ခြင်းမှာ ပြည်နယ်ပိုင်မြေပေါ်တွင်ထုလုပ်ထားသောကြောင့်ဟုအကြောင်းပြပြီး၊ ဤနေရာသည် တိရစ္ဆာန်များအတွက် စားကျက်အဖြစ်သတ် မှတ်ထားသည်ဟုဆိုပါသည်။

          ထိုအမှုနှင့်ပတ်သက်၍ ဒေသခံခရစ်ယာန်ခေါင်းဆောင်များကမှု အမိန့်စာသည် သူတို့အားတစ်ခါမျှမပေးဖူးကြောင်း၊ မသိခဲ့ရကြောင်း၊  ဤအမှုသည် တရားရုံး၌ဆက်လက်၍ ပြတ်သားသောဆုံးဖြတ်ချက်ချမှတ်ရန် မတင်မကျဖြစ်နေသေးကြောင်း၊ ‌ဒေသခံကက်သလစ်လစ်အ ဖွဲ့အစည်းအနေဖြင့် ယခုကဲ့သို့ ဆင်းတုတော်အားဖြိုချခြင်းကို လုံး၀ဆန့်ကျင်ကန့်ကွက်ကြောင်းပြောကြားသည်။

ကက်သလစ်ဘုန်းတော် ကြီးတစ်ပါးလည်းဖြစ်ပြီး၊ ရှေ့နေလည်းဖြစ်သော ဘုန်းတော်ကြီး Theres Baby က ဤအမှုနှင့်ပတ်သက်၍ ဖေဖော်၀ါရီလ (၁၆) ရက်၌ ထပ်မံကြားနာစစ်ဆေးရန်ရှိသေးသောအမှုဖြစ်သည်။ ဖြိုချရန် အသိပေးစာလည်းမခဲ့ကြောင်း၊ ‌ဒေသခံဘာသာတူတစ်ဦးဖြစ်သော Rayappa ကလည်း (၂၀၀၄) ခုနှစ်ကစ၍ယနေ့ထိတိုင် ဤဆင်းတုတော်ရှေ့၌ဆုတောင်းလာခဲ့ကြောင်း၊ ထိုအခင်းဖြစ်ပွားသောနေ့က ရဲ လုံခြုံရေး (၄၀၀) ကျော်ပါလာခဲ့ကြောင်း၊ ဖြိုချသည့်အချိန်မှာ ည‌ေဖေဖော်၀ါရီ (၁၅) ရက်နေ့ညပိုင်းဘိုထိုဇာဖြင့်လာရောက်ထိုးချလိုက် ရ လုံး၀ပျက်ဆီးသွားကြောင်း၊ ဒေသအတွင်းရှိ အစွန်းရောက်ဟိန္ဒူဘာသာ၀င်များက အခြေအနေတင်းမာအောင်ဖန်တီးလုပ်ဆောင်နေ ကြောင်း၊ တရားလွှတ်ချုပ်ရုံးသို့လည်း ဤဆင်းတုတော်ကိုဖြိုချပစ်ပေးရန် ဦးတိုက်လျှောက်ထားခဲ့ကြကြောင်းပြောသည်။

ဆယ်စုနှစ် ပေါင်းများစွာကပင်လျှင် အာဏာပိုင်များနှင့်သဘောတူခဲ့ကြသည်မှာ ဆင်းတုတော်တည်ထားသောမြေနေရာသည် ဧက (၃၀၀) ရှိပြီး၊ ဘာသာရေးနှင့်လူမှုရေးလုပ်ငန်းများကိုလုပ်ဆောင်ရန် သဘောတူထားခဲ့ကြသည်။ သို့သော် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစ၍ ဟိန္ဒူဘာသာ ၀င်များမှတစ်ဖွဲ့သည် တရားလွှတ်တော်ရုံးချုပ်သို့အမှုတွဲဖြင့် ဦးတိုက်လျှောက်ခဲ့သည်။ ထိုအမှူတွဲသည် ယခုကဲ့သို့အခြေအနေဖန်လာစေ ခဲ့သည်ဟစိန့်ဖရန်စစ်ဇေးဗီးယားဘုရားကျောင်းမှ ကျောင်းထိုင်ကပြောသည်။ Gokunte ရှိ စိန့်ဇေးဗီးယားဘုရားကျောင်းသည် Kolar ခရိုင်းအတွင်း၌ သက်တမ်းအရင့်ဆုံးဘုရားကျောင်းလည်းဖြစ်သည်။ မိသားစု (၁၀၀) ခန့်ရှိသည်။ (၁၉၇၇) ခုနှစ်မှစ၍ ဤသာသနာနယ်ကို စိန့်ဖရန်စစ်ဒီဆေးလ်စ်သာသနာပြုဘုန်းတော်ကြီးအသင်းအား စောင့်ရှေက်စေခဲ့သည်။ သာသနာအုပ်စုအတွင်း၌ ချို့တဲ့နွမ်းပါးသောက လေးများအား စောင့်ရှောက်ထားသည့်ဂေဟာလည်းရှိသည်။ ထို့အတူ ဧည့်သည်များအတွက် တည်းခိုရန်အိမ်နှင့်အခြားသော လူမှုရေးအစီ အစဉ်များဖြစ်သည့် အသက်မွေး၀မ်းကျောင်းသင်တန်း၊ အမျိုးသမီးများအတွက် စက်ချုပ်နှင့်အဂ်လိပ်ကျောင်း စသောသင်တန်းများလည်း ဖွင့်လှစ်ထားရှိသော သာသနာအုပ်စုစုတစ်ခုလည်းဖြစ်သည်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3sZcYBQ

Add new comment

2 + 8 =