အိန္ဒိယနိုင်ငံ Hyderabad ဂိုဏ်းချုပ်သာသနာ၌ထီးစိမ်းဖွင့်မောင်းနင်ခြင်း

အိန္ဒိယနိုင်ငံ Hyderabad ဂိုဏ်းချုပ်သာသနာ၌ထီးစိမ်းဖွင့်မောင်းနင်ခြင်း

Hyderabad ဂိုဏ်းချုပ်သာသနာမှ လူမှုရေးအသင်း (HASSS) က ရဟန်းမင်းကြီး ၏တိုက်တွန်းချက်ဖြစ်သည့် ‘ကမ္ဘာမြေကြီးသည် ကာကွယ်စောင့်ရှောက်ရမည့်ပတ်၀န်းကျင်ဖြစ်သကဲ့သို့ စိုက်ပျိုးပြုစုရမည့် ဥယျာဉ်လည်းဖြစ်သည်’ ဟုမိန့်ကြားသည့်အတိုင်း လက်တွေ့ဖော်ဆောင်ခဲ့ကြသည်။

ဤလှုပ်ရှားမှုကို ဇူလိုင် (၂၅) ရက်နေ့၌ပြုလုပ်ခဲ့သည်။ ရည် ရွယ်ချက်မှာ အစိုးရအနေဖြင့် ဒေသကိုသစ်ပင်များဖြင့်လွှမ်းမိုးသွားစေရန် လုပ်ဆောင်စေလို၍ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဤလူမှုရေးအသင်း၏တာ၀န်ခံဖြစ်သော ဖာသာရ် Madanu Anthony, Msgr. Y. Bala Showry, Fr. Victor တို့ လည်းတက်ရောက်ခဲ့ကြသည်။

ဤအစီအစဉ်ကိုဖွင့်လစ်ပေးရင်း ဂိုဏ်းချုပ်ဆရာတော် ကြီး Anthony Poola က ‘သဘာ၀ကိုဖျက်ဆီးခြင်းသည် ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ဖျက်ဆီးရာရောက်သည်။ အပင်များစိုက်ပျိုးရန်မှာ ကျွန်ုပ်တို့၏တာ၀န်ဖြစ်သည်။ ယခင်မျိုးဆက် များထံမှ သစ်ပင်များဖြင့်ရှင်သန်နေခဲ့သော ကမ္ဘာကြီးအားကျွန်ုပ်တို့လက်ခံရရှိခဲ့သကဲ့သို့ ယခုလည်း တောက်ပလာစေရန် နှင့်စိမ်းစိုနေသောကမ္ဘာကြီးအား နောက်မျိုးဆက်တို့ကိုလက်ဆင့်ကမ်းပေးနိုင်ရမည်ဟုဆိုသည်။

မှန်းချက်အရ ဂိုဏ်းချုပ်သာသနာ အ တွင်းမှ ကျောင်းပေါင်း (၃၀) နှင့်သာသနာအုပ်စုပေါင်း (၂၀) တို့သည် သစ်ပင်ပေါင်း (၅၀) ပင်နှင့်မျိုးစေ့အမျိုးမျိုးကိုပြန် လည်စိုက်ပျိုးရန်ခွဲတမ်းရခဲ့သည်။ ဤသို့ဖြင့် စာသင်ကျောင်းများ၊ ဘုရားကျောင်း၀န်းကျင်များ၌ စိမ်းစိုနေမည်ဖြစ်သကဲ့သို့ အသံတိတ်လူသတ်ရောဂါဖြစ်သော ကင်ဆာကိုလည်း ကြိုတင်ကာွယ်ရှောင်ရှားနိုင်မည်ဖြစ်သည်။

ဤအစီအစဉ်ကို Haritha Haram ဟုခေါ်ပြီး၊ ဤအစီအစဉ်ကို Telangana ပြည်နယ်၏၀န်ကြီး Kalvakuntla Chandrashekar Rao က လွန်ခဲ့သော (၂၀၁၅) ကတည်းကပင်စတင်ခဲ့သည်။ ဤသို့ပြုလုပ်ရခြင်းမှာ ပျက်ပြုန်းလာနေ သောသစ်တော်ကိုပြန်လည်ထိန်းကျောင်း၍ စိမ်းစိုနုပျိုလာစေရန်နှင့်သစ်တောများအား ခိုးထုတ်ခြင်း၊ ဖျက်ဆီးခြင်း၊ မီးဘေးနှင့်စားကျက်‌များကိုကာကွယ်ထိန်းသိမ်းရန်ဖြစ်သည်။ ဤလှုပ်ရှားမှုကို ပိုမိုအားစိုက်လုပ်ဆောင်သောအပိုင်းများမှာ လမ်းဘေး၊ မြစ်ကမ်းပါးဘေး၊ တူးမြောင်းများ၏နှုတ်ခမ်းများ၊ မြေလွတ်မြေရိုင်းများ၊ တောများ၊ အဆောက်အဦး၀န်းကျင်၊ ဘာသာရေးနှင့်ဆိုင်သောနေရာများ၊ အိမ်ယာများ၊ လူများနေထိုင်သောနေရာများ၊ စည်ပင်ပိုင်မြေနှင့်စက်မှုဥယျာဉ်မြေများ ၌ပို၍စိုက်ပျိုးကြသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3JtUWPK
 

Add new comment

1 + 1 =