အိန္ဒိယနိုင်ငံ၏မူ၀ါဒသည် မိမိကိုယ်ကိုသတ်သေသည့်နှုန်းကိုတိုးစေသည်ဟု ဘာသာရေးခေါင်းဆောင်များက အစိုးရအားပွင့်လင်းစွာပြစ်တင်ဝေဖန်လိုက်

အိန္ဒိယနိုင်ငံ၏မူ၀ါဒသည် မိမိကိုယ်ကိုသတ်သေသည့်နှုန်းကိုတိုးစေသည်ဟု ဘာသာရေးခေါင်းဆောင်များက အစိုးရအားပွင့်လင်းစွာပြစ်တင်ဝေဖန်လိုက်

အိန္ဒိယနိုင်ငံ၏မူ၀ါဒသည် မိမိကိုယ်ကိုသတ်သေသည့်နှုန်းကိုတိုးစေသည်ဟု ဘာသာရေးခေါင်းဆောင်များက အစိုးရအားပွင့်လင်းစွာပြစ်တင်ဝေဖန်လိုက်

 

          အိန္ဒိယမှဘာသာရေးခေါင်းဆောင်များက အိန္ဒိယအစိုးရ၏မူ၀ါဒသည် မိမိကိုယ်ကိုယ်မိမိသေကြောင်းကြံစည်မှုနှုန်း ကိုတိုးလာစေသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရမှပြုပြင်ပြောင်းလဲလိုက်သော လွှဲမှားသည့် စီးပွားရေးမူ၀ါဒ ကြောင့်ဖြစ်သည်။ အလုပ်လက်မဲ့များလာသည်။ အလုပ်မရှိသောကြောင့်၀င်ငွေလည်းမရှိ။ မနက်ဖန်ကိုလည်း မမျှော် လင့်ရဲအောင်ဖြစ်လာနေကြသည်ဟုဖာသာရ် Faustine Lobo ကပြောသည်။ သူသည် ဆရာတော်ကြီးများမှ ခန့် အပ်ထားသော အိန္ဒိယနိုင်ငံတောင်ပိုင်းမှ လူမူရေးတမန်တော်လုပ်ငန်း၏ဒါရိုက်တာဖြစ်သည်။  သူသည် အောက်ခြေ နင်းပြားလူတန်းစား တို့၏ဘ၀အရေးကိုထည်းထည်း၀င်၀င်လုပ်နေသူဖြစ်သည်။ ထို့အတူ ငွေကြေးသုံးစွဲမှုကိုဖျက်သိမ်း ခြင်း၊ လောင်စာဆီစျေးများတက်လာခြင်းသည် အခြေခံလူတန်းစားအား တိုက်ရိုက်ထိခိုက်မှုဖြစ်စေသည်ဟုဆိုသည်။

          မကြာမီက အိန္ဒိယအစိုးရ၏ ထုတ်ပြန်ကြေညာချက်အရ (၂၀၂၀) ခုနှစ်တွင် မိမိကိုယ်ကိုယ်သေကြောင်းကြံသော အမှုပျန်းမျှအားဖြင့် နေ့စဉ် (၃၀) မှုခန့်ရှိကြောင်း၊ ဤသို့ဖြစ်ရသည်မှာ အလုပ်လက်မဲ့ပြဿနာ၊ ဘဏ်အရှုံးပေါ်မှုနှင့် ဆင်းရဲမွှဲတေမှုတို့ကြောင့်ဖြစ်ကြောင်း၊ နိုင်ငံ၏မှုခင်းဆိုင်ရာဌာန၏တရား၀င်ထုတ်ပြန်ချက်အရ (၂၀၂၀) ခု၌ မိမိကိုယ် မိမိအဆုံးစီရင်သည့်အမှု (၁၀၆၆၂) အထိရှိခဲ့ကြောင်း၊ ဤအမှုပေါင်းအားလုံးသည် ဆင်းရဲမွှဲနေမှုနှင့်တိုက်ရိုက်ပတ်သက် နေကြောင်း၊ ၄င်းတို့အနက် (၅၂၁၃) မှုမှာဘဏ်အရှုံးပေါ်မှုနှင့်ပတ်သက်ကြောင်း၊ (၃၅၄၈) မှုမှာ အလုပ်လက်မဲ့ပြဿနာ၊ နှင့် (၁၉၀၁) မှုမှာ အခြားသောအသွင်ဆောင်သည့် ဆင်းရဲမွှဲတေမှုကြောင့်ဖြစ်သည်။ ယခင်နှစ်က ဆင်းရဲမွှဲတေမှုကြောင့် သေနှုန်းမြှင့်တက်လာမှုမှာ (၆၉) ရာခိုင်နှုန်းအထိရှိခဲ့သည်။ အလုပ်လက်မဲ့ ကြောင့်သေနှုန်း (၂၄) ရာခိုင်နှုန်းရှိခဲ့သည်။

          ဖာသာရ် Lobo ၏သုံးသပ်ချက်အရ သေကြောင်းကြံစည်မှုသည် များသောအားဖြင့် အစိုးရကပြုပြင် လိုက် သော စီးပွားရေးမူ၀ါဒကြောင့် အခြေခံလူတန်းစားကို လုံး၀မငဲ့ညှာသော ကြောင့်ဖြစ်ရကြောင်း၊  ဘဏ်အရှုံးပေါ်မှုနှင့်အလုပ်မဲပြဿနာသည် ဆင်းရဲမှုကိုပိုမိုဆိုးရွားစေကြောင်း၊ ထုတ်ပြန်နေသော ပြစ်မှုများအရ ပြည်သူများအနေဖြင့် မျှော် လင့်ချက်လုံး၀မဲ့သော အခြေအနေသို့ ဆိုက်ရောက်နေသည်ကိုညွှန်းနေခြင်းဖြစ်ကြောင်း၊ မိမိကိုယ်ကိုအဆုံးစီရင်သည့်အမှုများအနက် ဘဏ်အရှုံးပေါ်မှုနှင့်အကြွေးမြီပြဿနာကြောင့် (၄၉) ရာခိုင်နှုန်းရှိကြောင်း၊ သုံးပုံတစ်ပုံမှာ အလုပ်လက်မဲ့ ကြောင့်ဖြစ်ရကြောင်း၊ အမှု (၁၅၀၀၀၀) အနက် (၈) ရာခိုင်နှုန်းမှာ ကပ်ရောဂါဆိုးကြောင့် ဖြစ်ရကြောင်း ဖော်ပြထား သည်။

          (၂၀၁၉) ခုနှစ်၌ ကပ်ရောဂါဆိုးကြီးအိန္ဒိယနိုင်ငံသို့ ၀င်ရောက်မွှေနှောက်ခြင်းမပြုမီ မိမိကိုယ်ကိုအဆုံးစီရင်သော အမှု (၉၈၈၁) ရှိခဲ့ရာထိုအမှုသည်လည်း ဆင်းရဲခြင်းနှင့်စက်နွယ်နေသည်။ ကိုးဗစ်ရောဂါဆိုးသည် ကျန်းမာရေးကုန်ကျ စရိတ်မြင့်မားလွန်းသောကြောင့် လူများစွာ၏ အသက်ကိုချွေယူသွားခဲ့သည်။ အချို့သည် ၀င်ငွေရလမ်းများပြတ်တောက် သွား၍ စောက်တည်ရာမဲ့သွားခဲ့ကြသည်။ အချို့သည် အရက်သေစာများမသုံးဆောင်ရ၊ အချို့ကား အထိးကျန်မှုများ ကြောင့်အသက်ဆုံးရှုံးခဲ့ကြသည်။  သို့သော် ဖြစ်ပျက်သမျှသည် အကြောင်းတရားကြောင့် အကျိုးတရားများဖြစ်လာရ သည်။ ထို့ကြောင့်အနာဂတ် အတွက်မျှော်လင့် ချက်ကင်းမဲလာသည်ဟုခံစားလာခဲ့ကြသည်။    

          စိတ်ဆရာ၀န်နှင့်နှစ်သိမ့်ဆွေးနွေးအကြံပေးသည့်အစီအစဉ်ကိုလုပ်နေသူတစ်ဦးဖြစ်‌သော Clara D’Cunha က မိမိကိုယ်ကိုသေကြောင်းကြံသောအမှုများသည် ဆယ်ကျော်သက်များ၊ လူလတ်ပိုင်းများ၌ လည်း ကောင်း၊ ကိုးဗစ်ကာလ၌လူငယ်များကြားလည်းဖြစ်ခဲ့ကြောင်း  သူတို့၏အမှုများသည် ဆင်းရဲချို့တဲ့မှုနှင့်မဆိုင်။ များသော အားဖြင့် ကူးသန်းသွားလာခွင့်လုံး၀ပိတ်ပင်မှုကြောင့် နှလုံးသားရေးရာနှင့်လူမှုဆက်ဆံရေးများပြတ်တောက်သွားခဲ့ ခြင်း၊ လူမူကွန်ရက်ချိပ် ဆက်မှုလည်းပြတ်တောက်ခြင်း၊ စွဲနေသောစားစရာများပြတ်တောက်ခြင်းတို့ကြောင့်၊ တစ်ခုခု အားစွဲနေခြင်းသည် သေကြောင်းကြံစည်ရခြင်း၏အဓိကအကြောင်းတရားဖြစ်ကြောင်း၊ သူ၏လူနာတစ်ဦး၏အဖြစ်အပျက်ကိုမှီငြမ်း၍ပမာပြရသော် သူ၏လူနာ (၈၀) ရာခိုင်နှုန်းကျော်မျာ အရက်စွဲလူနာများဖြစ်နေကြောင်း၊  ထိုလူဦးရေကို ပြန်လည်ထူထောင်ရေးအစီအစဉ်သို့ပို့ခဲ့ကြောင်း၊ ပြန်လည်ထူထောင်ရေး၌ အခြေအနေပြန်လည်ကောင်းမွန်လာစဉ် အတွင်း ကိုးဗစ်ကပ်ဆိုးကြီးသည် ၄င်းတို့၏အဖြစ်ပိုပိုမိုဆိုး ရွားသွားစေခဲ့ခြင်းဖြစ်ကြောင်း၊ ထာ၀ရအလုပ်လက် မဲ့ဖြစ်ရတော့မည့် အခြေအနေမျိုးအဖြစ်ခံစားခဲ့ရကြောင်းနှင့် ၀င်ငွေမဲ့ခဲ့ရသည့်အကြောင်းများကြောင့်ဖြစ်သည်ဟုရှင်းပြခဲ့ ပါသည်။    

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3DUjn5e

Add new comment

13 + 7 =