အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားနေသောကိုဗစ်သည် ထိတ်လန့်ဖွယ်ဖြစ်နေရဟုကာဒီနယ်ဂရားစီယာစ့်ဆို

အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားနေသောကိုဗစ်သည် ထိတ်လန့်ဖွယ်ဖြစ်နေရဟုကာဒီနယ်ဂရားစီယာစ့်ဆို

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကက်သ လစ်ဆရာတော်ကြီးများက မေလ (၇) ရက်၊ သောကြာနေ့ကို အစားရှောင်၊ ၀ါရှောင်ဆု တောင်းကြရန် အိန္ဒိယနိုင်ငံရှိခရစ်ယာန်များအားတိုက်တွန်းနိုးဆော်ထားသည်။ ဘုံဘေဂိုဏ်းချုပ်ဆရာ တော်ကလည်း ‘ကျွန်ုပ်တို့လည်းဘု ရား ကျောင်းတိုင်း၊ သူ တော်စင်ကျောင်းတိုင်းအားလည်း ဘုရားသခင်၏ကူညီကယ် တင်မူဖြင့် ဤကပ်ရောဂါဆိုးကြီးကို အမြန်ဆုံးထိန်းချုပ်ကင်းဝေးနိုင်ရန်ရည်ရွယ်၍ ဆုတောင်းခြင်းအစီအစဉ်များ ပြုလုပ်ကြရန်မေတ္တာရပ်ခံထားကြောင်း၊ ကိုးဗစ်ကူးစက် ရော ဂါစတင်ပျံ့ပွားလာသော (၂၀၂၀) မှစ၍ ကက်သလစ်သာသ နာတော်ကြီးအနေဖြင့် သာသနာပိုင်ဆေးရုံများအားသုံးခွင့်ပြုထားပြီး၊ လူမူကူညီကယ်ဆယ်ရေးကိုအစိုးရနှင့်ပူးပေါင်း လုပ်ဆောင်နေခဲ့ကြောင်း၊ ကက်သလစ်သာသ နာတော်အနေဖြင့် လူနည်းစုဖြစ်ပြီး၊ ကွန်ရက်ချိပ်ဆက်မှုအားကောင်း သော်လည်း လက်တွေ့၌ လူတိုင်းဆီသို့ရောက်ရှိနိုင်ရန်မှာ လက်လှမ်းမမှီနိုင်ပေ။ လူတိုင်းဆီသို့ရောက်ရှိကာ ကူညီရန်မှာ ကျွန်ုပ် တို့၏ပြင်းပြသောဆန္ဒဖြစ်ကြောင်း၊ လက်လှမ်းမှီသလောက် ကြိုးစားလုပ်ဆောင်လျှက်ရှိကြောင်း’ တွေ့ဆုံမေးမြန်းချက် တစ်ခု၌ ဖြေ ကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ကိုဗစ်စတင်ကူးစက်ပျံ့ပွားသည့်အချိန်မှစ၍ကူးစက်လူနာ (၁၈) သန်းကျော် လွန်သွားပြီးဖြစ်ပြီး၊ ဧပြီလ လယ်၌ ဒုတိယလှိုင်းပြန်ဖြစ်ပွားလာရာ နေ့စဉ်ကူးစက်လူနာသစ် (၃၀၀၀၀၀) ရှိကြောင်းသ တင်းထုတ်ပြန်ထားသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : The Guardian

https://bit.ly/3vJPNu

#COVID19 #India #PrayForIndia

Add new comment

2 + 3 =