အိန္ဒိယနိုင်ငံမှ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ခန့်အပ်ခံရသောဆရာတော်ကြီးနှစ်ပါးအား စလွယ်အပ်ပေးရန် ရဟန်းမင်းကြီးကိုယ်စားလှယ်လွဲအပ်

အိန္ဒိယနိုင်ငံမှ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ခန့်အပ်ခံရသောဆရာတော်ကြီးနှစ်ပါးအား စလွယ်အပ်ပေးရန် ရဟန်းမင်းကြီးကိုယ်စားလှယ်လွဲအပ်

အိန္ဒိယနိုင်ငံမှ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ခန့်အပ်ခံရသောဆရာတော်ကြီးနှစ်ပါးအား စလွယ်အပ်ပေးရန် ရဟန်းမင်းကြီးကိုယ်စားလှယ်လွဲအပ်

အိန္ဒိယနှင့်နီပေါနိုင်ငံ၏ ရဟန်းမင်းကြီးကိုယ်စားလှယ်ဖြစ်သော ဂိုဏ်းချုပ်ဆရာ Girelli အားဂိုဏ်းချုပ်ဆရာတော် အဖြစ်အသစ်ရွေးချယ်ခန့်အပ်ခံလိုက်ရသော Patna မှဂိုဏ်းချုပ်ဆရာတော် Sebastian Kallupura အား အောက်တို ဘာလ (၂၃) ရက်နေ့က စိန့်ဂျိုးဇက်ကက်သီဒြယ် တွင် ဂိုဏ်းချုပ်ဆရာတော်စလွယ်ကို ရဟန်းမင်းကြီးကိုယ်စား အခမ်းအ နားဖြင့်ပေး အပ်ခဲ့ပါသည်။

ဤစလွယ်သည် သိုးမွှေးဖြင့်ယက်လုပ်ထားသည်။ အမိကက်သလစ်သာသနာတော်ကြီး၏ အစဉ်အလာအရ ရဟန်း မင်းကြီးက ဤစလွယ်ကို ဂိုဏ်းချုပ်ဆရာတော်အဖြစ်ရွေးချယ်တင်မြောက်ခံရသော ဆရာတော်ကြီးများအား နှစ်စဉ် စိန့်ပီ တာနှင့်စိန့်ပေါလ်တို့၏ပွဲနေ့၌ စိန့်ပီတာဘုရားကျောင်းတော်ကြီးထဲတွင် အခမ်းအနားဖြင့်လွယ်ပေးလေ့ရှိသည်။

ရဟန်းမင်းကြီး၏ကိုယ်စားလှယ်လွဲအပ်ခံရသော ရဟန်းမင်းကြီးကိုယ်စားလှယ်ဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Leopoldo Girelli က ဂိုဏ်းချုပ်သာသနာကြီးသည် ချို့တဲ့နွမ်းပါးသောသူများအတွက်ရပ်တည်လာခဲ့သည်မှာနှစ်ပေါင်း များစွာရှိပြီဖြစ်သည်။ ဤစလွယ်လွဲအပ်ခြင်းအခမ်းအနား၌ သာသနာအတွင်းရှိချို့တဲ့နွမ်းပါးသူများအတွက်ရည်စူး၍ ဘုန်း တော်ကြီး (၈၄) ပါးသည် ၄င်းတို့၏ထောက်ပံ့ကြေးအလှူငွေများကို သာသနာအားပြန်လည်လှူဒါန်းခဲ့သည်မှာအလွန် ကျေနပ်အားရဖွယ်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

အောက်တိုဘာလ (၂၄) ရက်နေ့၊ တနဂ်နွေနေ့၌မူ ရဟန်းမင်းကြီး၏ကိုယ်စားလှယ်သည် Patna သာသနာ၊ ‘တ မန်တော်တို့၏သခင်မ’ သာသနာအုပ်စု၌ ‘သာသနာပြုတနဂ်နွေ’ နေ့မစ္ဆားကိုပူဇော်ခဲ့သည်။ ထိုသာသနာအုပ်စုသည် သာသနာအတွင်း၌ အကြီးဆုံးဖြစ်သည်။ မစ္ဆားတရားအတွင်းဩ၀ါဒချီးမြှင့်ရာတွင် ‘ကက်သလစ်ဘာသာတူအနေဖြင့် ကျွန်ုပ်တို့၏ ၀တ္တရားမှာ ဘုရားသခင်၏ချစ်ခြင်းကိုဖြန့်‌ဝေရန်ဖြစ်သည်။ ကျွန်ုပ်တို့၏နီးစပ်သူများကိုချစ်ကြောင်း ရက်ရောစွာပြသရ မည်’ ဟုဟောကြားခဲ့သည်။

Patna ဂိုဏ်းချုပ်သာသနာတွင် ကက်သလစ်ဘာသာတူဦးရေ (၆၀၀၀၀) ရှိပြီး၊ ခရစ်ယာန်ရာခိုင်နှုန်းမှာ ပြည်နယ် လူဦးရေ၏ (၀.၂) ရာခိုင်နှုန်းရှိသည်။ အောက်တိုဘာလ အစောပိုင်း (၁၅) ရက်နေ့က ရဟန်းမင်းကြီးကိုယ်စားလှယ်သည် ဂိုဏ်းချုပ်ဆရာတော်အဖြစ် အသစ်ခန့်အပ်ခံရသော Shillong မှဆရာတော် Victor Lyngdoh အား ‘ခရစ်ယာန်တို့အား မှိုင်းမသောသခင်မ’ ကယ်သီဒြယ်၌ ဂိုဏ်းချုပ်ဆရာတော်စလွယ်ကိုပေးအပ်ခဲ့သည်။ ဤသာသနာသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင်တည်ရှိသည်။ ထိုအခမ်းအနား၌ ရဟန်းမင်းကြီးကိုယ်စာလှယ်က ‘ယခုကဲ့သို့ ပထမဆုံးအကြိမ်ကြွရောက်ရ ခြင်းအတွက် အလွန်ကျေနပ်ရကြောင်း၊ သာသနာသည် တက်ကြွရှင်သန်နေသောသာသနာတစ်ခုဖြစ်ကြောင်း၊ ဤအခြေအ နေမျိုးသည် ရဟန်းမင်းကြီးဖရန်စစ်ဦးတည်သော ဆီနော့အသက်တာမျိုးဖြစ်ကြောင်း’ ပြောကြားခဲ့သည်။

ဂိုဏ်းချုပ်ဆရာတော်သစ်အား စလွယ်ပေးအပ်ခြင်းအခမ်းအနား၌ ‘သင်သည် ယေဇူးသခင်ကိုကိုယ်စားပြုသည်။ သူသည် ပရောဖက်ဖြစ်သည်။ ရဟန်းလည်းဖြစ်သည်။ ဘုရင်လည်းဖြစ်သည်။ သင်သည် မည်သည့်အခြေအနေ၌မဆို သ တင်းကောင်းကို နူးညံ့သိမ်မွေ့စွာ၊ ခိုင်မာပြတ်သားစွာကြေညာရမည်’ ဟူ၍လည်းကောင်း၊ အခမ်းအနား၌ပါ၀င်နေကြသော ရဟန်းတော်များအားလည်း အစေခံခြင်းအသက်တာသည် ကျွန်ုပ်တို့၏ စိတ်နှလုံးသဲပွတ်ထဲတွင်ရှိနေရမည်။ ကျွန်ုပ်တို့ ရ ဟန်းဖြစ်လာသည်မှာ လူတို့ကိုအစေခံရန်ဖြစ်ကြောင်း၊ ၄င်းတို့ကိုအုပ်ချုပ်စိုးမိုးရန်မဟုတ်။ ယေဇူးခရစ္စတူးသခင်၏ခြေရာတော်ကိုလိုက်ရမည်။ လူတို့အား နှိမ့်ချခြင်းဖြင့် ဦးဆောင်ရမည်။ ပြောဆိုသောဘာသာစကား၊ ဇာတ်အနိမ့်အမြင့်၊ မျိုးနွယ်စုခွဲခြားခြင်းမပြုရ’ ဟုလည်းပြောကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3bna0yp
 

Add new comment

1 + 4 =