အိန္ဒိယနိုင်ငံမှ ကက်သလစ်ကျောင်းဖြစ်သည့် Little flower" ၌ဗုံးပေါက်ကွဲ မှုဖြစ်ပွား

အိန္ဒိယနိုင်ငံမှ ကက်သလစ်ကျောင်းဖြစ်သည့် "Little flower" ၌ဗုံးပေါက်ကွဲ မှုဖြစ်ပွား

အိန္ဒိယနိုင်ငံမှ ကက်သလစ်ကျောင်းဖြစ်သည့် "Little flower" ၌ဗုံးပေါက်ကွဲ မှုဖြစ်ပွား

ဇွန်လ ၅ ရက် နံနက် ၃:၁၀ တွင် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမဏိပူပြည်နယ် အင်ဖာ မြို့ရှိ ကက်သလစ်ကျောင်း " Little flower" ဂိတ်ပေါက်ဝတွင် ပေါက်ကွဲအားပြင်းသည့် လက်ပစ်ဗုံး တလုံး ကို အမည်မသိလူတချို့မှ ဖောက်ခွဲ ခဲ့ပါတယ်။

ကံကောင်းထောက်မစွာ ထိခိုက်ဒါဏ်ရာရသူ မရှိခဲ့သော်လည်း ကျောင်းအဆောက်အဦး အစိတ်ပိုင်းအချို့၊ ပြတင်းပေါက်မှန်များ နှင့် အဝင်ဂိတ်တံခါးမကြီးတို့ ပြင်းထန်စွာ ပျက်စီးသွားခဲ့ကြောင်း ကျောင်းအာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

ထိုတိုက်ခိုက်မှုနှင့်ပါတ်သက်၍ မည်သည့်ပုဂ္ဂိုလ် ၊ မည်သည့်အဖွဲ့အစည်းက ပြုလုပ်ကြောင်း ကိုတော့ ယခုအချိန်ထိ မသိရသေးကြောင်း၊ ထိုပေါက်ကွဲမှုကို ဆန့်ကျင်ကြောင်းပြသရန် ကျောင်းသူ/သားများနှင့် ကျောင်းဝန်ထမ်းများက ကျောင်းရှေ့ ဂိတ်ပေါက်ဝတွင် ဇွန်လ ၆ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသ ခဲ့ကြပြီး ၊ အင်ဖာမြို့နှင့် အခြားကျောင်းများအားလုံးတွင် အကြမ်းဖက်မှုကင်းစင်သည့် ပညာရေးဇုန်များ ဖော်ဆောင်ပေးရန်လည်း တောင်းဆိုခဲ့ကြပါတယ်။

ဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့သည့် အဖွဲ့ကို ရှုတ်ချကြောင်းနှင့် အစိုးရအနေနှင့်လည်း
တာဝန်ရှိသည့်ကျူးလွန်သူများကို ထုတ်ဖော်ပေးပါရန် မဏိပူကက်သလစ်များအဖွဲ့စည်းမှ ဇွန်လ ၅ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။

မဏိပူကက်သလစ်ပညာရေးအသိုင်းဝိုင်းကလည်း ၊ အင်ဖာမြို့ ဂိုဏ်းချုပ်ဆရာတော် Dominic Lumon နဲ့အတူ ဇွန် ၅ ရက် တနင်္ဂနွေနေ့က ပေါက်ကွဲမှုနှင့်ပါတ်သက်ပြီး အရေးပေါ် အစည်းအဝေးတခု ကျင်းပခဲ့ပါတယ်။

တစ်နာရီကြာ ဆွေးနွေးမှုအပြီးတွင် အခက်အခဲကို ပြေလည်အောင် ဖြေရှင်းနိုင်ရန် စိတ်ပိုင်းဖြတ်ခဲ့ကြပါတယ်။

" Little flower" ကျောင်း နှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတခုမှ ကိုယ်စားလှယ်တို့သည် ဇွန်လ ၆ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နေ့လည် ၁ နာရီတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

မဏိပူရ ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးထံသို့လည်း မှတ်တမ်းမှတ်ရာများ တင်သွင်းခဲ့ကြသလို " Little flower" ကျောင်းနှင့် တသားတည်းဖြစ်ကြောင်းပြသရန် မဏိပူပြည်နယ်ရှိ
ကက်သလစ်ကျောင်းအားလုံးကို ဇွန်လ ၇ ရက်နေ့တွင် ပိတ်ထားခဲ့ကြတာဖြစ်ပါတယ်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း
https://bit.ly/3xfboxD

Add new comment

2 + 9 =