အိန္ဒိယနိုင်ငံမှကက်သလစ်ဘုန်းတော်ကြီးတစ်ပါး၏ရုပ်ရှင်ဇာတ်လမ်းတိုဆုနှစ်ဆုရ

အိန္ဒိယနိုင်ငံမှကက်သလစ်ဘုန်းတော်ကြီးတစ်ပါး၏ရုပ်ရှင်ဇာတ်လမ်းတိုဆုနှစ်ဆုရ

အိန္ဒိယနိုင်ငံမှကက်သလစ်ဘုန်းတော်ကြီးတစ်ပါး၏ ‘Carlo’ အမည်ရသောရုပ်ရှင်ဇာတ်လမ်းတိုသည် နိုင်ငံတကာရုပ်ရှင်ပွဲတော် ‘Global Taj’ ၌ဆုနှစ်နှစ်ဆုဖြစ်သည့် ‘အကောင်းဆုံးရုပ်ရှင်ဇာတ်လမ်းတိုဆု’ နှင့် ‘ထုတ်မှုအကောင်းဆုံးဆု’ ကိုရရှိခဲ့သည်။

အဆိုပါပွဲကို နို၀င်ဘာ (၁၇) ရက် အိန္ဒိယနိုင်ငံ၏မြောက်ဖက် Uttar Pradesh ပြည်နယ်၊ Agra မြို့ကျင်းပခဲ့သည်။ ဤရုပ်ရှင်ဇာတ်လမ်တို၏ဒါရိုက်တာမှာဖာသာရ် Leslie Bosco Rego ဖြစ်သည်။ သူသည်အိန္ဒိယနိုင်ငံ၏အနောက်ဖက် Goa ဂိုဏ်ချုပ်သာသနာ Daman မှဖြစ် သည်။

ယခုကဲ့သို့ဆုနှစ်ဆုချိပ်ခဲ့သည့်အတွက်လည်းလွန်စွာစိတ်လှုပ်ရှားရကြောင်း၊ ရုပ်ရှင်ကို နို၀င်ဘာလ (၁၂) ရက်နေ့က ရုပ်ရှင်ပွဲတော်တွင်ပြသခဲ့ကြောင်း၊ ရုပ်ရှင်သည် ဆယ်ကျော်သက်အီတလီသူတော်မြတ် လေး Blessed Carlo Acutis ၏ဘ၀ကိုအခြေခံကြောင်း၊ သူသည်ကွန်ပျူတာနှင့်အင်တာနက်မျိုးဆက်လူ ငယ်၏ဘ၀ဖြစ်ရပ်မှန်ကိုရုပ်ကူးထားကြောင်း၊ သူ့အနေဖြင့် နည်းပညာခေတ်၌ ယေဇူးသခင်ကိုအဘယ်သို့ ကြေညာသက်သေခံရမည်ကိုမီးရူးတန်ဆောင်ကဲ့သို့လမ်းပြပေးခဲ့ကြောင်း၊ အမှန်ဆိုရသော် သူတော်မြတ် ၏မိဘနှစ်ပါးသည် အစပိုင်း၌ဘာသာရေး၌စိတ်အားထက်သန်သူများမဟုတ်ခဲ့သော်လည်း သူကားဘုရား သခင်ကိုထူးခြားစွာချစ်ခဲ့ကြောင်း၊ သူသည်ပရိုဂရမ်နှင့်၀က်ဆိုက်များကိုရေးဆွဲသူဖြစ်သည်။

သူ၏အ တတ်ပညာဖြင့်ကိုယ်တော်မြတ်၏အံ့ဖွယ်တန်ခိုးများအကြောင်းကိုလူများသိရှိလအောင်လုပ်ဆောင်ခဲ့ သည်။ သူသည်ကလေးသူငယ်များအား အထူသဖြင့်ပြန်ပေးဆွဲခံရသောကလေးသူငယ်များအား ကာကွယ်ပေးသူအဖြစ်လူသိများသည်။ သူသည်ငယ်ငယ်ရွယ်ရွယ်နှင့်ပင်အဆုတ်မကောင်း (လူကီးမီးယား) သောကြောင့်အကြီးစားဆေးကုသမှုကိုခံယူခဲ့ရသည်။

သူ့အားလန်ဒန်၌ (မေလ ၃၊ ၁၉၉၁) နှစ်တွင်မွေးဖွားခဲ့သည်။ သူပျံလွန်ခဲ့သည်မှာ (အောက်တိုဘာ ၁၂၊ ၂၀၀၆) အီတလီနိုင်ငံ၌ဖြစ်သည်။ သူ့အားသူတော်မြတ်အဖြစ်တင်မြောက်ခဲ့သည်မှာ (အောက်တိုဘာ ၁၀၊ ၂၀၂၀) တွင်ဖြစ်သည်။ သူသည် ကွန်ပျူတာ၌စိတ်၀င်စားသော၊ ကွန်ပျူတာဖြင့်လုပ်ကိုင်နေသောလူ ငယ်များအားမှိုင်းမသောသူတော်မြတ်အဖြစ်ဂုဏ်ပြုခြင်းခံထားရသည်။

သူ၏ဘ၀ကိုရုပ်ရှင်ဇာတ်လမ်းတိုအဖြစ်ဖန်တီးရိုက်ကူးရသည်မှာလွယ်ကူလှသည်တော့မဟုတ်ပါ။ စိတ်ဓာတ်အတက်အကျများစွာရှိခဲ့သည်။ နောက်ဆုံး၌အကောင်းဆုံးကူးခတ်ကျော်ဖြတ်နိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့နှင့်အတူအစဉ်ရှိနေပြီးလမ်းပြပို့ဆောင်သောဘုရားသခင်ကိုကျေးဇူးတင်ပါသည်။ ဘုရားသခင်၏ အစွမ်းဖြင့်သာ နောက်ဆုံး၌ ဘုရားသခင်ကို‌လောကအရာအားလုံးထက်ချစ်သော၊ ဘုရားသခင်၏ဘုန်းတော်ကိုသက်သေခံခဲ့သော ဆယ်ကျော်သက်သူတော်မြတ်၏ဘ၀ကိုတင်ဆက်ရင်း ဘုရားအတွက်တစ်စုံတစ်ရကိုလုပ်ဆောင်ပေးနိုင်ခဲ့သည်။

ရုပ်ရှင်တင်ဆက်ရခြင်း၏ရည်ရွယ်ချက်မှာ ယနေ့ခေတ်လူငယ်များခေတ်သစ်နည်းပညာကို အလွန်လွန်ကျွံကျွံမဖြစ်အောင်အဘယ်သို့အသုံးပြုရန်သင်ကြားလမ်းညွှန်ရန်ဖြစ် သည်။ သူတော်မြတ်လေးသည် နည်းပညာကိုအဘယ်သို့အသုံးပြုရမည်ကို လူငယ်တို့အတွက်အပြည့်စုံဆုံးသော ‘စံပြ’ ဖြစ်သည်။

ဤရုပ်ရှင်အား ဆုချီးမြှင့်ခံရသည့်အတွက်အလွန်တရာကောင်းချီးခံစားရပါသည်။ (၂၀၀၂၂) ခုနှစ် ၏ GTIFF ရုပ်ရှင်ပွဲတော်အတွက် နိုင်ငံ အိန္ဒိယ၊ အဂ်လန်၊ ဂျာမဏီ၊ အမေရိကန်ပြည်ထောင်စု၊ ဒိန်းမတ်၊ နေပယ်၊ အီဂျစ် စသော နိုင်ငံ (၁၀) ခုမှဇာတ်လမ်းတိုပေါင်း (၁၀၀) ကျော်ပြိုင်ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3AF29tg

Add new comment

1 + 0 =