အိန္ဒိယနိုင်ငံတွင် ကက်သလစ်စာသင်ကျောင်းထဲ၌ ဟိန္ဒူတို့၏ဘာသာရေးဆင်းတုတော်ထားရှိရန်အမိန့်ချမှတ်

အိန္ဒိယနိုင်ငံတွင် ကက်သလစ်စာသင်ကျောင်းထဲ၌ ဟိန္ဒူတို့၏ဘာသာရေးဆင်းတုတော်ထားရှိရန်အမိန့်ချမှတ်

လက်ယာယိမ်းဟိန္ဒူတက်ကြွလှုပ်ရှားသူများက အောက်တိုဘာလ (၂၅) ရက်နေ့က အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်၌ဖွင့်လှစ်ထားသော ကက်သလစ်စာသင်ကျောင်းများ၌ (၁၅) ရက်အတွင်း ဟိန္ဒူတို့၏ဘာသာ ရေးဆင်းတုတော် Saraswati ကိုထားရှိရမည်ဟုဆုံးဖြတ်ခဲ့သည်။ အဆိုပါဆင်းတုတော်သည် ‘ဉာဏ်ပညာကိုပေးသော ဘုရားမ’ ဖြစ်သည်ဟု ယုံကြည်ကြသည်။

လူဦးရေ (၃၀) ပါသော ကမ္ဘာ့ဟိန္ဒူများကောင်စီနှင့်လက်ယာယိမ်းနိုင်ငံရေးပါတီတစ်ခုဖြစ်သော Bajrang Dal တို့က Satna ခရိုင်တွင်ဖွင့်လှစ်ထားသောကျောင်း၏တာ၀န်ခံဘုန်းတော်ကြီး Augustine Chittuparambil ထံလာ ရောက်တွေ့ဆုံပြီးတောင်းဆိုခဲ့ကြောင်းဘုန်းတော်ကြီးကပြောပါသည်။ အစွန်းရောက်ဟိန္ဒူအဖွဲ့၏တောင်းဆိုချက်ကို စာ နှင့်ပေနှင့်ပေးပို့ခဲ့ပြီး၊ ၄င်းတို့၏တောင်းဆိုချက်ကိုပျက်ကွက်ပါက ကျောင်းသို့ပြန်လာဦးမည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်ဟုပြောပါသည်။

၄င်းတို့တောင်းဆိုရသည့်အကြောင်းအရင်းမှာ လက်ရှိကက်သလစ်ကျောင်းသည် အဆိုပါ နတ်ဘုရားမစံခဲ့သောနေရာတွင်တည်ဆောက်ထားကြောင်း၊ သို့သော် စာသင်ကျောင်းမှာ လွန်ခဲ့သော (၄၉) နှစ်ကတည် ဆောက်ခဲ့ကြောင်း၊ ဤကဲ့သို့အဘယ်သူမျှမပြောဆိုခဲ့ဖူးကြောင်း၊ ဤစာသင်ကျောင်းကို Syro-Malabar သာသနာက ကြပ်မတ်လျှက်ရှိကြောင်း၊ Satna မြို့သည် ပြည်နယ်၏မြို့တော်ဖြစ်သော Bhopal ၏ အရှေ့မြောက်ဘက် ကီလိုမီတာ (၄၅၅) ခန့်ကွာ‌ေ၀းကြောင်း၊ သို့သော် တာ၀န်ခံဘုန်းတော်ကြီးက အစွန်းရောက်ဟိန္ဒူအဖွဲ့များအနေဖြင့် စာသင် ကျောင်းသို့ပြန်ရောက်လာပြီးနှောက်ယှက်ခြိမ်းခြောက်မည်ဆိုပါက တရားဥပဒေနှင့်အညီအကာအကွယ်ယူဆောင်ရွက် မည်ဖြစ်ကြောင်း၊ သို့သော် စာသင်ကျောင်းကိုပြန်လည် လည်ပတ်ရန်မှာ အချိန်အနည်းငယ်စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း၊ ယခုခြိမ်းခြောက်မှုသည် ယခုနှစ်အတွင်း ဟိန္ဒူအစွန်းရောက်အဖွဲ့တို့၏ ဒုတိယအကြိမ်မြောက်လုပ်ရပ်ဖြစ် ကြောင်း၊ ယခုနှစ် ဖေဖော်၀ါရီ (၂၂) ရက်ကလည်း ယခုပြည်နယ်အတွင်း မသန်စွမ်းများအားကူညီစောင့်ရှောက်ပေး နေသောဂေဟာမှသီလရှင်တစ်ပါး သည် ခရစ်ယာန်မဟုတ်သော အမျိုးသမီး၀န်ထမ်းတစ်ဦးအား ခရစ်ယာန်ဘာသာသို့ ကူးပြောင်းရန်အတင်းအကြပ်လုပ် ဆောင်ခဲ့သည်ဟုစွပ်စွဲ၍အမှုဖွင့်တိုင်ကြားခဲ့သည့်အမှုလည်းရှိခဲ့သည်ဟုဆိုပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3GtG4iu

Add new comment

4 + 3 =