Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အိန္ဒိယနိုင်ငံကက်သလစ် တီဗီသတင်းဌာနမှ ဓမ္မသီချင်းဆိုရှိုးပွဲပြုလုပ်
အိန္ဒိယနိုင်ငံကက်သလစ် တီဗီသတင်းဌာနမှ ဓမ္မသီချင်းဆိုရှိုးပွဲပြုလုပ်
အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ သတင်းလိုင်းတွေထဲက Atmadarshan TV ဆိုတဲ့ သတင်းလိုင်းဟာလူကြိုက်အများဆုံး ဘာသာရေးသတင်းလိုင်းများထဲမှ တစ်ခုဖြစ်ပြီး ရှိုးပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။
Gospel Singer Reality Show ( ဓမ္မသီချင်းသီဆို သူတွေရဲ့ ရှိုးပွဲ)အတွက် online(အင်တာနက်နဲ့ချိတ်ဆက်ထားမှု)နဲ့ offline( အင်တာနက်နဲ့ ချိတ်ဆက်မထားမှု) ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဓမ္မသီချင်း ၊ သီဆိုခြင်းအပိုင်းကို TV reality show ( TV ပြသမှု )ရဲ့ လူကြိုက်အများဆုံးပုံစံကို အသုံးပြုထားကြောင်း
ဒါရိုက်တာ ဖာသာရ် Anand Chirayath နဲ့ ပူးတွဲဒါရိုက်တာ ဖာသာရ် Selvin Ignetius ဦးဆောင်တဲ့ Atmadarshan (မိမိရဲ့ အသိပညာ နဲ့ အရည် အချင်းကို တိုးတက်မြင့်မားလာစေဖို့ ဒါမှမဟုတ် အကောင်းဆုံးဖြစ်တဲ့ဉာဏ်ပညာဖြစ်ဖို့) အဖွဲ့ဟာ အိန္ဒိယမြောက်ပိုင်းဘက်မှာ ရှိတဲ့ ပြည်နယ် (၈ )ခုမှာ စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ၁၂ ရက်အတွင်းမှာကီလိုမီတာ ၆၀၀၀ နီးပါး ခရီးနှင်ခဲ့ရပြီး
Atmadarshan ကို ပထမအကျော့အတွက်လျှောက်ထားသူအယောက် ( ၂၅၀ ) မှာ အယောက် ( ၅၀ ) ကို ရွေးချယ်ခဲ့ကြောင်း
၂၀၁၈ ခုနှစ်ကနေစတင်တည်ထောင်ချိန်မှစပြီးတော့ ဘာသာရေးသတင်းလိုင်းတစ်ခုဖြစ်တဲ့ Atmadarshan TV သတင်းလိုင်းဟာ ဘုရားသခင်ရဲ့ ဧဝံဂလိ သတင်းစကားကို အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh မှ Prerana ဆက်သွယ်ရေးကနေ ကမ္ဘာတစ်ဝှမ်းလုံးကို သတင်းဖြန့်စေပြီး
ဩဂုတ်လ ၁၃ ရက်နဲ့ ၁၄ ရက်မှာ ကျင်းပတဲ့ ဒုတိယအကျော့မှာ အဖွဲ့ဝင်တွေရဲ့ အကဲဖြတ်မှုတွေနဲ့ အွန်လိုင်းမဲပေးခြင်းအစီအစဉ်အပြီးမှာ လျောက်ထားသူတွေထဲမှာ အယောက် ၃၀ ကို ရွေးချယ်ခဲ့ကာ ဗိုလ်လုပွဲ နဲ့ ဖလားလုပွဲ ကိုတော့ အောက်တိုဘာလမှာ ကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။
ပထမအကျော့ ပြပွဲမှာ အိန္ဒိယပြည်နယ် ၁၀ ခု နဲ့ သာသာနာတိုက်နယ် ၃၀ အသီးသီးက ခရစ်ယာန် ဂီတပညာရှင်များ ပါဝင်ခဲ့ပြီ Bhopal မြို့ကနေ နှစ်လေးဆယ်ကျော် ဓမ္မသီချင်းသီဆိုတဲ့ အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ၆၇ နှစ်အရွယ်ရှိတဲ့ Rajendra Gupta လည်း အသက်အကြီးဆုံးနဲ့ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ခဲ့တာပါ။
Vaishali Bakode (Indore မြို့က ထိပ်တန်းတေးသံရှင်)၊ Pradeep (Banaras Ratna Awardee နဲ့Varanasi မြို့ကတေးသံရှင်) နှင့် Ajmer မြို့ကDeepak Francis တို့ က ဒိုင်လူကြီး အနေနဲ့ ဆောင်ရွက်ခဲ့ပြီး
ဒီ Reality Show (TV ရှိုးတစ်ခု) ကို Indore မြို့မှာရှိတဲ့Atmadarshan ရုပ်မြင်သံကြားထုတ်လွင့်တဲ့အခန်းမှာကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီရှိုးပွဲဟာ မြောက်အိန္ဒိယမှာရှိတဲ့ ခရစ်ယာန်ဘာသာတိုးတက်ရေးအတွက် အကူအညီပေးခဲ့ကြတဲ့ ကက်သလစ်တွေရော ကက်သလစ်မဟုတ်သူနဲ့ရော ခရစ်ယာန်မဟုတ်တဲ့ ဂီတပညာရှင်တွေ ကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။
အဆိုပါရှိုးပွဲမှာလည်း ဧည့်သည်တော်များဖြစ်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ သီလရှင်တွေလို့လူသိများတဲ့ သာသနာပြုသီလရှင်အသင်းဂိုဏ်းမှ စစ္စတာရ် Pushpanjali Paul က ကက်သလစ် ဓမ္မတေးသီချင်းအတွက် သီချင်း 180 ကျော်ကို သူမကိုယ်တိုင် ရေးသားပြီး ရေးစပ်သီကုံးခဲ့တယ်။
ဒီ Gospel Singer Mega Reality Show ဟာ သူတော်မြတ် စစ္စတာရ် Rani Maria Vattalil ရဲ့အကြောင်းကို အောင်မြင်စွာ သရုပ်ဖော်ပြီးတဲ့နောက်မှာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းဘက်မှာ အရမ်းကိုရေပန်းစားလာပြီး လူကြိုက်များလာခဲ့တာဖြစ်ပါတယ်။
အာဗီအေဘာသာပြန်- သျှားလွန်းမယ်
Add new comment