အိန္ဒိယတွင် သာသနာပြုခဲ့​သော ​ဂျေဇွစ်ရဟန်းတစ်ပါး ပျံလွန်​တော်မူ

အိန္ဒိယတွင် သာသနာပြုခဲ့​သော ​ဂျေဇွစ်ရဟန်းတစ်ပါး ပျံလွန်​တော်မူ

အိန္ဒိယတွင် သာသနာပြုခဲ့​သော ​ဂျေဇွစ်ရဟန်းတစ်ပါး ပျံလွန်​တော်မူ

အိန္ဒိယတွင် သာသနာပြခဲ့​သော ​ဂျေဇွစ်အသင်းမှ Fr.Gaston Roberge သည် သြဂုတ်လ ၂၆ရက်က သက်​တော်၈၅နှစ်အရွယ်တွင် ပျံလွန်​တော်မူခဲ့သည်။

သူသည် အာရှသမ္မတရားအသံလွင့်ဌာန ဘင်္ဂလီအစီအစဥ် ထုတ်လွင့်ခဲ့သူလည်းဖြစ်သည်။ သူသည် က​နေဒါနိုင်ငံ မွန်ထရီယာလ်မြို့တွင် ဖွားမြင်ခဲ့ပြီး ၁၉၆၇တွင် ရဟန်းသိက္ခါခံယူခဲ့သည်။ထိူ့​နောက် အိန္ဒိယနိုင်ငံသို့ သာသနာပြုရန် လာ​ရောက်ခဲ့သည်။

ဘုန်းတော်ကြီးသည် အ​မေရိကန်နိုင်ငံ ​လော့စ်အိန်ဂျလိစ်မြို့တွင် ပြဇာတ်နှင့်ရုပ်ရှင်ပညာတို့၌ ​ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ ထိုမြို့၌ရှိ​နေစဥ် ပညာ​ရေးဇာတ်လမ်းတိုများ ရိုက်ကူးခဲ့သည်။က​နေဒါ​ကောင်စီဆုရရှိပြီး ​မော်စကိုသို့လည်း သွား​ရောက်ပညာသင်ခဲ့သည်။

လိုယိုးလာ​ကောလိပ်တွင် စသင်ကြား​ပေးခဲ့ပြီး ဟင်ဒီဘာသာမှ ပြင်သစ်ဘာသာသို့ စာအုပ်များ ဘာသာပြန်ခဲ့​သေးသည်။ ဒါရိုက်တာနှင့်ရုပ်ရှင်အဖွဲ့ဝင်များစွာကို ​မွေးထုတ်ခဲ့ပြီး အာရ်ဗီ​အေ ဘင်္ဂလီအစီအစဥ်ကို ဦး​ဆောင်ခဲ့သူလည်းဖြစ်သည်။ထို့အပြင် အိန္ဒိယအ​ရှေ့ပိုင်းတွက် တန်ဖိုးမဖြတ်နိုင်​သော စာကြည့်တိုက်များကိုလည်း ဖွင့်လှစ်​ပေးနိုင်ခဲ့သည်။

 

ဘာသာပြန်- Agnes Lawh Lun

https://bit.ly/2QAEimV

Add new comment

1 + 5 =