အိန္ဒိယတွင် ခရစ်ယာန်အမျိုးသမီးတစ်ဦး အသတ်ခံရပြီး သူမသည် နှစ်လအတွင်း ၅ဦး​မြောက် အသတ်ခံရသူဖြစ်လာ

အိန္ဒိယတွင် ခရစ်ယာန်အမျိုးသမီးတစ်ဦး အသတ်ခံရပြီး သူမသည် နှစ်လအတွင်း ၅ဦး​မြောက် အသတ်ခံရသူဖြစ်လာ

အိန္ဒိယတွင် ခရစ်ယာန်အမျိုးသမီးတစ်ဦး အသတ်ခံရပြီး သူမသည် နှစ်လအတွင်း ၅ဦး​မြောက် အသတ်ခံရသူဖြစ်လာ

             အိန္ဒိယနိုင်ငံ khunti ​သေ၊ရွာတစ်ရွာတွင် ခရစ်ယာန်အမျိုးသမီးတစ်ဦးအသတ်ခံရသည်။သူမသည် Suman Munda ဖြစ်ပြီး ၂၅နှစ်အရွယ် ခရစ်ယာန်တစ်ဦးဖြစ်သည်။ဇူလိုင်လ ၁၉ရက်က သူမအိမ်သို့ အလည်လာကြ​သောာ ​ဆွေမျိုးများက သူမအားမ​တွေ့သဖြင့် လိုက်ရှာကြရာ အိမ်နှင့်မနီးမ​ဝေးရှိ ကန္တာရလွင်ပြင်တွင် ​သေဆုံးလျက်​တွေ့ခဲ့ကြသည်။

                 သူမသည်နှစ်လအတွင်း ငါး​ယောက်​မြောက်အသတ်ခံရ​​သောခရစ်ယာန် ဖြစ်လာသည်။ဇွန်လ ၂၄ရက်က Ramji Mund​a ဟူ​သော ၂၇နှစ်အရွယ် ခရစ်ယန်အမျိုးသားတစ်​ယောက်သည်လည်း သူ​နေထိုင်ရာ အိန္ဒိယအ​ရှေ့ပိုင်းရှိ ရွာတစ်ရွာတွင် အသတ်ခံရသည်။သူ၏အ​လောင်းသည် ရွာအပြင်ဘက်တွင် ပစ်ထားခြင်းကိုခံခဲ့ရသည်။

            Khunti ၏ဆရာ​တော် Bishop Binay Kandulna က ဤအ​ခြေအ​နေသည် ခရစ်ယာန်များအတွက် အလွန်ဆိုးဝါး​နေပြီး မကြာ​သေးမီက ခရစ်ယာန်လူငယ်တစ်ဦးလည်း အသတ်ခံထားရ​ကြောင်း​ပြောကြားသည်။ ရဲများကမူ တရားခံအဖြစ် သံသယရှိသူ ​လေး​ယောက်ကို စုံစမ်းစစ်​ဆေး​နေ​ကြောင်း သတင်းစာတွင် ​ဖော်ပြခဲ့ သည်။

           ထိုအမျိုးသမီးသည် တရား​ဟောဆရာတစ်​ယောက်၏​ဟော​ပြောမှု​ကြောင့် လွန်ခဲ့​သော ​​ခြောက်နှစ်က ခရစ်ယာန်ဘာသာသို့ကူး​ပြောင်းခဲ့သူဖြစ်သည်။ထိုအချိန်မှ စ၍ အယူသည်း​သော ဟိန္ဒူဘာသာ၀င်များ၏​ဝေဖန်မှုများကို ပြင်းပြင်းထန်ထန်ခံခဲ့ရသူဖြစ်သည်။ထိုတရား​ဟောဆရာကလည်း ခရစ်ယာန်များသည် အမြဲထိတ်လန့်​နေပြီး တကွဲတပြားဖြစ်​နေရသည်ဟု​ပြောကြားခဲ့သည်။

 

ဘာသာပြန် - Agnes Lawh Lun

https://bit.ly/3jLL1b7

Add new comment

2 + 4 =