အိန္ဒိယတောင်ပိုင်းသာသနာသည် ကက်သလစ်ကျောင်းသားကျောင်းသူ (၅၀၀) ဦးအားပညာရေးထောက်ပံ့ကြေးများပေးခဲ့

အိန္ဒိယတောင်ပိုင်းသာသနာသည် ကက်သလစ်ကျောင်းသားကျောင်းသူ (၅၀၀) ဦးအားပညာရေးထောက်ပံ့ကြေးများပေးခဲ့

Mariayapuram စိန့်မေရီကက်သီဒရယ်မှ ကက်သလစ်ကျောင်းသား (၅၀၀) ခန့်သည် (၂၀၂၂) ကျောင်းသုံး ပစ္စည်းများကိုလက်ခံခဲ့သည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် Cuddapah သာသနာမှဘုန်း တော်ကြီး Birusu Raja မှအဆိုပါသင်ထောက်ကူပစ္စည်းများကို‌‌ ဇွန်လ (၁၂) ရက်နေ့က ဘာသာတူကလေးများအား ပေးခဲ့သည်။ ယခုနှစ်၌မှု သုံးတန်းမှသည် နည်းပညာတက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသူကျောင်းသား (၅၀၀) ဦး ခန့်ရရှိခဲ့သည်။ နှစ်စည်ပညာသင်နှစ်၌ ချို့တဲ့မိသားစုမှကျောင်းသူကျောင်းသားများအား မိသားစု၏၀န်ကိုကူထမ်းသည့် အနေဖြင့် ကူညီပေးလေ့ရှိသည်။ ‘ကြိုတင်ပြင်ဆင်ခြင်းသည် အောင်မြင်ခြင်း၏သော့ဖြစ်သည်’ ဟုဆိုပါလျှင် ယခုကဲ့သို့ ပညာသင်နှစ်အစ၌ ၄င်းတို့၏အခက်အခဲများကိုကူညီဖြေရှင်းပေးခြင်းသည် ၄င်းတို့၏စိုးရိမ်စိတ်တစ်ချို့တစ်၀က်ကိုလျော့ ချလိုက်နိုင်ပြီဖြစ်သည်။

ဤအကူအညီများသည် S Bhai မှပေးပို့လာခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ စိန့်ပီတာသာသနာအုပ်စု ၌နေထိုင်သောအိန္ဒိယလူမျိုးတစ်ဦးထံမှပေးပို့လာခြင်းဖြစ်သည်။ သူသည် ယခုကဲ့သို့ ချို့တဲ့ကျောင်းသူကျောင်းသားများ အားကူညီပေးနေခဲ့သည်မှာ (၁၀) နှစ်တစ်စုရှိခဲ့ပြီဖြစ်သည်။ ကက်သီဒရယ်မှလည်း (၇) နှစ်ခန့်မျှ ကျောင်းသားတို့လိုအပ် သောသင်ထောက်ကူပစ္စည်းများကိုပေး‌ဝေနိုင်ခဲ့သည်။ တစ်ချို့နှစ်၌ ကျောင်းသား၏ ဆယ်ရာခိုင်နှုန်းကိုပေးနိုင်ခဲ့သည်။ အလှူရှင်အားလည်း ကျေးဇူးတင်ကြပါသည်။

အကူအညီသည် မည်မျှများ၍ မည်မျှနည်းစေကာမူအဓိကမဟုတ်။ ကူညီပေးသူရှိနေပြီး လူမှုအသိုင်းအ၀ိုင်းအားပညာသင်ကြားနိုင်အောင်၊ ကြီးထွားလာနိုင်စေရန်ကူညီပေးသူရှိခြင်းသည် အလွန်အ ရေးကြီးသည်ဟုအထက်တန်း ဒုတိယနှစ်ကျောင်းသူ A Pinky ကပြောကြားခဲ့သည်။

ကျွန်ုပ်တို့အားပညာကို ကောင်းမွန် စွာသင်ကြားနိုင်ရန် ယခုကဲ့သို့ရက်ရောသောအလှူရှင်များကို ပေးသနားသောကြောင့်လည်း ဘုရားသခင်ကိုကျေးဇူးတင် ပါကြောင်းအထက်တန်းကျောင်းသား N Ratnam ကလည်းပြောကြားခဲ့သည်။

လိုအပ်ချက်များစွာရှိနေသော မိသားစု များသည် ၄င်းတို့သားသမီးများ၏အနာဂတ်ရေးအတွက် ပညာသင်ကြားပေးရန်လိုအပ်ပါသည်။ သို့မှသာ ကျောင်းသူ ကျောင်းသားများသည် တစ်နေ့လူ့အဖွဲ့အစည်းအားလည်းကောင်း၊ နိုင်ငံတော်အားလည်းကောင်း ပြန်လည်အလုပ်အ ကျွေးပြုပေးနိုင်ကြမည်ဖြစ်သည်။ ပညာရေးသည် ဘ၀တည်ဆောက်ရန်၊ စား၀တ်နေရေးခက်ခဲကြပ်တည်းမှုကိုအောင် မြင်ကျော်လွှားရန်သော့ချက်ဖြစ်သည်ဟု ဖာသာရ် Raja ကပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3Oinw7D

Add new comment

1 + 3 =