အိန္ဒိယကက်သလစ် သီလရှင်များ၏​မော်​တော်ဆိုင်ကယ်ဖြင့် သာသနာပြုခြင်း

အိန္ဒိယကက်သလစ် သီလရှင်များ၏​မော်​တော်ဆိုင်ကယ်ဖြင့် သာသနာပြုခြင်း

အိန္ဒိယကက်သလစ် သီလရှင်များ၏​မော်​တော်ဆိုင်ကယ်ဖြင့် သာသနာပြုခြင်း

စစ္စတာShobka Raniသည် သူ၏​မော်​တော်ဆိုင်ကယ်​​ပေါ်သို့တက်ကာ ​နေ့စဥ်ထုံးစံအတိုင်း ​တောအုပ်ဘက်သို့ သွားရန်ပြင်ဆင်​နေသည်။ အိန္ဒိယနိုင်ငံ အ​​ရှေ့​မြောက်ပိုင်း Guwahatiသာသနာအတွင်းတွင် ဖြစ်သည်။

စစ္စတာသည် ​မော်​တော်ဆိုင်ကယ်ဖြင့် ​တောအုပ်ထဲရှိ ​ရွေ့​​ပြောင်းရွာသားများကို ကူညီရန် ပုံမှန်သွား​ရောက်​လေ့ရှိသည်။​ရေကြည်ရာ မြက်နုရာ​ရွေ့​ပြောင်းအ​ခြေချ​သော ရွာသားများသည် သူမ၏အကူအညီကို အလွန်လိုအပ်​နေသည်။

လျှပ်စစ်မရှိ၊ကျန်းမာ​ရေးဌာနမရှိသည့်အပြင် သက်ငယ်လက်ထပ်ထိမ်းမြားခြင်းများပါ ဖြစ်ပွား​နေပြီး စာမ​ရေးတတ်၊မဖတ်တတ်ကြ။မိဘများမှာ က​လေးများကို လွတ်ထားကြသည်။လယ်ယာများတွင် ​တောဆင်ရိုင်းများ လာဖျက်စီးတတ်​သေးသည်။ ကရုဏာ​မြော်မြင်ခြင်း အသင်းဂိုဏ်းမှ သီလရှင်ရာနီသည် ​ကျောင်းသား၁၀၀ကို စာသင်​ပေးသည်။မိခင်များကိုလည်း မိသားစုကျန်းမာ​ရေးကို ​သေချာသင်​ပေးသည်။လူနာများကို ကုသ​ပေးပြီး အချို့ကို ​ဆေးရုံသို့ပို့​ပေးသည်။မကြာ​သေးခင်ကပင် ၁၀နှစ်အရွယ် က​လေးတစ်ဦး သစ်ပင်​ပေါ်မှ ပြုတ်ကျသဖြင့် ​ဆေးရုံတင်​ပေးခဲ့ရ​သေးသည်။ထို့အပြင် စစ္စတာသည် ဝင်​ငွေစီမံ​ရေးကို ​ပြောပြရသည့်အပြင် ​ကျောင်းသားများကို စာသင်​ကျောင်းပို့ရန် စည်းရုံးရ​သေးသည်။

ကိုဗစ်ကာလအတွင်း မိသားစု ၃၂၀ကို အကူအညီ​ပေးခဲ့​ကြောင်း သီလရှင်အကြီးအကဲက ​ပြောသည်။ ဘာသာ​ရေးဘက်တွင်လည်း မိရိုးဖလာ နတ်ကိုးကွယ်ရာမှ ခရစ်ယာန်ဘာသာကို ယုံကြည်လာသည့်အတွက် များစွာ ပြုပြင်​ပေးရန် လိုသည်ဟု စစ္စတာကဆိုသည်။ဤရွာ၌ကိုယ်​တော်မြတ်ပင့်ယူရန်မဖြစ်နိုင်​သော်လည်း အတူတကွ စိပ်ပုတီးစိပ်ကြပြီး ဓမ္မဆရာများက ဦး​ဆောင်ကြသည်ဟုသိရသည်။ ညအချိန်တွင် ​တောဆင်ရိုင်းများက လာ​ရောက်ဖျက်ဆီးတတ်သဖြင့် ကာကွယ်နိုင်ရန် ဆိုလာမီးများကိုလည်း စစ္စတာက ရရှိ​အောင် လုပ်​ဆောင်​ပေးခဲ့​သေးသည်။​ကျောင်းတက်လို​သော်လည်း မတတ်နိုင်​သော က​လေးငယ်များအတွက် ​ဘော်ဒါငယ်တစ်ခုကိုလည်း စစ္စတာများက ဖွင့်လှစ်​ပေးခဲ့သည် ဟု သိရသည်။

 

ဘာသာပြန် - Agnes Lawh Lun

Photo courtesy of : Aid to the Church in need

https://bit.ly/3ljSzCy

Add new comment

11 + 4 =