အိန္ဒိယကက်သလစ် သနာမှ ကိုဗစ် ၁၉ လူနာများအတွက် စင်တာဖွင့်

အိန္ဒိယကက်သလစ် သနာမှ ကိုဗစ် ၁၉ လူနာများအတွက် စင်တာဖွင့်

အိန္ဒိယကက်သလစ် သနာမှ ကိုဗစ် ၁၉ လူနာများအတွက် စင်တာဖွင့်

အိန္ဒိယ တောင်ပိုင်း ရှိ မြို့တမြို့ ဖြစ်တဲ့ ယခင် Bangalore ယခု Bengaluru မှာ ကိုဗစ် လူနာများအတွက် အထူးရည်ရွယ်တဲ့ စင်တာ တခုကို ကက်သလစ်သာသနာက
ဖွင့်လစ် လိုက်ပြီဖြစ်ပါတယ်။

အိန္ဒိယ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏ စိန့်ဂျွန်းဆေးကျောင်း ကို သြဂုတ်လ ၁၇ ရက်နေ့မှာ ဂိုဏ်းချုပ်ဆရာတော်ကြီး Peter Machado က ကောင်းကြီးပေးဖွင့်လစ်လိုက်တာပါ။

အထက်ပါစင်တာမှာ သီးသန့်အထူးလူနာထားရှိရန် ကုတင် ၄၈ လုံးပါရှိကြောင်း Intensive Treatment Unit လို့ခေါ်တဲ့ ITU အတွက် ၂၄ လုံး နဲ့ Intensive care unit လို့ခေါ်တဲ့ ICU အတွက် ၂၄ လုံး စုစုပေါင်း ၄၈ လုံးပါရှိ​တယ်လို့ဆိုပါတယ်။

ဒီဆေးကျောင်းကနေ ကိုဗစ် တိုက်ဖျက်ရေးကာလ လွန်ခဲ့တဲ့ ၅ လ အတွင်းမှာ အမေရိကန်ဒေါ်လာ ၆၇၀၀၀ တန်ဖိုး ကို အခမဲ့ ကုသမှုပေးခဲ့ပြီးဖြစ်ကြောင်း

အိန္ဒိယ ကျန်းမာရေး ဌာန စာရင်းအရ ပြီးခဲ့တဲ့ စနေနေ့က ပိုးတွေ့လူနာ အသစ် ၆၉၈၇၈ တွေ့ရှိပြီး စုစုပေါင်း ၂၉ ၇၅ ၇၀၁ ဉီး ရှိပြီဖြစ်ကာ ၁၈ ရက် ဆက်တိုက် ပိုးတွေ့လူနာများမြင့်တက်လာနေသည် ဆိုခြင်းကို ဗာတီကန် သတင်းအရသိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

https://bit.ly/3lcfcJl

Add new comment

7 + 7 =