အားအင်ကုန်ခမ်းလို့ စိတ်ဓာတ်ကျနေသူများကို ပံ့ပိုးကူညီပေးပါလို့ ပုပ်ဖရန်စစ်မြွက်ကြား

အားအင်ကုန်ခမ်းလို့ စိတ်ဓာတ်ကျနေသူများကို ပံ့ပိုးကူညီပေးပါလို့ ပုပ်ဖရန်စစ်မြွက်ကြား

အားအင်ကုန်ခမ်းလို့ စိတ်ဓာတ်ကျနေသူများကို ပံ့ပိုးကူညီပေးပါလို့ ပုပ်ဖရန်စစ်မြွက်ကြား

 

ဗာတီကန်မှာ အပတ်စဉ် ပြုလုပ်တဲ့  ဗုဒ္ဓဟူးနေ့ ဘုရားဖူးပရိတ်သတ်အား ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က အချင်းချင်းပံ့ပိုးကူညီကြဘို့ တရားတစ်ခုကိုလည်း ဘုရားစကားပို့ချစဉ်မှာမြွက်ကြားခဲ့ပါသေးတယ်။

အားအင်ကုန်ခမ်းနွမ်းနယ်သူတွေ စိတ်ဓာတ်ကျနေသူတွေကို လူတွေဟာ အချင်းချင်း ပံ့ပိုးကူညီပေးရပါမယ်လို့ အရှင်သူမြတ်ကဆိုပါတယ်။

နိုဝင်ဘာလအတွက် အရှင်သူမြတ်ပုပ်ဖရန်စစ်ရဲ့ ဆုတောင်းရန်ရည်ရွယ်ချက်ကတော့ အားနည်းနွမ်းလျသူတွေ၊ အားအင်ကုန်ခမ်းသူတွေကို ပံ့ပိုးကူညီပြီး သူတို့ရဲ့ဘဝအတွက် အလင်းရောင်ပေးဘို့ဆိုတဲ့ရည်ရွယ်ချက်လေးပဲဖြစ်ပါတယ်။

“အလုပ်လွန်ကျွံစွာလုပ်ခြင်းနဲ့စိတ်ဖိစီးမှုတွေရဲ့ရလာဒ်က လူတွေကို ခြေကုန်လက်ပမ်းကျတဲ့ အဖြစ်အခြေအနေတွေကိုပေးတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာတွေ ခြေကုန်လက်ပမ်းကျတဲ့ အတွေ့အကြုံတွေသာဖြစ်စေပါတယ်။ ဝမ်းနည်းခြင်း၊ စိတ်မပါခြင်း၊ ဝိညာဉ်ရေးရာခြေကုန်လက်ပမ်းကျခြင်း တွေနဲ့သာ အဆုံးသတ်ပြီး ဒါတွေကပဲ လက်ရှိ ငြိမ်သက်နေတဲ့ လူတွေရဲ့ဘဝတွေကိုလွှမ်းမိုးလာပါမယ်” လို့ အရှင်သူမြတ်က မြွက်ကြားခဲ့တာဖြစ်ပါတယ်။

 

ဘာသာပြန်_စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of ANSA

https://bit.ly/3q22mSI

Add new comment

1 + 19 =