အားကစားသည် လူဘဝ၏ တန်ဖိုးများကို ဖော်ထုတ်ပေးရာ နည်းလမ်းတစ်ခု ဖြစ်ခြင်း

အီတလီနိုင်ငံ ကိုယ်ခန္ဓာ ကြံခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်တွေဆုံခဲ့

အားကစားသည် လူဘဝ၏ တန်ဖိုးများကို ဖော်ထုတ်ပေးရာ နည်းလမ်းတစ်ခု ဖြစ်ခြင်း
စက်တင်ဘာ ၂၉၊ ၂၀၁၉

အီတလီနိုင်ငံ ကိုယ်ခန္ဓာ ကြံခိုင်ဖွံ့ဖြိုးရေး အဖွဲ့၏ နှစ် ၁၅၀ ပြည့်အခမ်းအနားအတွက် ရောက်ရှိနေကြသော အဖွဲ့ဝင်များနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်တွေဆုံခဲ့ပါသည်။ ခန္ဓာကိုယ်ကို ပညာပေးခြင်း အားဖြင့် အားကစားပညာရပ်ကိုမြှင့်တင်ဖော်ထုတ်ခဲ့ကြသော ယင်းအဖွဲ့အစည်းကို ပုပ်ရဟန်းမင်းကြီးမှ အသိအမှတ်ပြုခဲ့ပါသည်။

အားကစားနည်းပညာများဖွံ့ဖြိုးတိုးတက်စေခြင်း၊ အားကစားပြုလုပ်ခြင်းများအားဖြင့် ခန္ဓာကိုယ် ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရုံသာမကပဲ လူ့အဖွဲ့အစည်းနှင့် သဟဇာတ ဖြစ်စွာနေထိုင်တတ်လာခြင်းများ ကိုလည်းဖြစ်ပေါ်စေပါသည်။

သို့သော်လည်း အားကစားအားဖြင့်မိမိခန္ဓာလှယုံ သက်သက်မဟုတ်၊ အကောင်းမြင်စိတ် ဓာတ်များ၊ အမှန်တရားအတွက် ရဲရင့်သောစိတ်များ တို့ပွားအောင်လုပ်ဆောင်ဖို့လိုကြောင်း၊

အားကစားအတူတကွ ပြုလုပ်ခြင်း၌ စည်းလုံးခြင်း၊ လွတ်လပ်မူ့ကိုရှာဖွေခြင်း၊ အလှတရားနှင့် ကောင်မြတ်ခြင်း များကို မြတ်နိုးခြင်း၊ တရားမျှတခြင်း နှင့် သစ္စာရှိခြင်းတို့ကို တန်ဖိုးထားသောစိတ်များ စသည့် လူဘဝ၏ တန်ဖိုးများကိုဖော်ထုတ်ကြဖို့ တိုက်တွန်းခဲ့ပြီး၊ ယင်းလုပ်ရပ်များကို အနာဂတ်မျိုးဆက်သစ်များအားလက်ဆင့်ကမ်း ပေးနိုင်ကြစေလိုကြောင်း၊

အနိုင်လိုခြင်စိတ်ပြင်းထန်ခြင်း၊ အားကစားလုပ်ခြင်း၌ အကြမ်းအရမ်း စိတ်များကြောင့် တစ်ဦးကိုတစ်ဦး စိတ်ဒဏ်ရာများဖြစ်ပေါ်စေတပ်သည်ကို သတိထားပြီး ခေါင်းဆောင်များ နည်းပြများအနေနှင့် အားကစား သမားများကို ခရစ်ယာန်စိတ်ဓာတ်များသွတ်သွင်းပေးဖို့လိုကြောင်း၊ အားကစား နည်းလမ်းများ၊ အတူတကွ အားကစားပြုလုပ်ခြင်းများဖြင့် ညီအစ်ကိုယ်မောင်နှမစိတ်များ၊ တိုးတက်ခိုင်မာစေပြီး၊ လူအဖွဲံအစည်းကို အကျိုးပြုသောအရာဖြစ်ကြဖို့ကိုလည်း သတိပေးခဲ့ပါသည်။ အားကစားဖြင့် ကျန်းမာခြင်း၊ ယှဉ်ပြိုင်ခြင်း၊ တစ်ဦးကိုတစ်ဦးလေးစားခြင်းများ၊ အခက်အခဲးများကိုအဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အတူတကွ ဖြေရှင်းတတ်သောစိတ် ဓာတ်များတိုးပွားစေဖို့တိုက်တွန်းခဲ့ပါသည်။ ။
By Kyi Maung
Credit to Vatican News
https://bit.ly/2n7ZBkT

 

Zawgyi

အားကစားသည္ လူဘဝ၏ တန္ဖုိးမ်ားကုိ ေဖာ္ထုတ္ေပးရာ နည္းလမ္းတစ္ခု ျဖစ္ျခင္း
စက္တင္ဘာ ၂၉၊ ၂၀၁၉

အီတလီႏုိင္ငံ ကုိယ္ခႏၶာ ၾကံခုိင္ဖြံ႕ျဖဳိးေရး အဖြဲ႕၏ ႏွစ္ ၁၅၀ ျပည့္အခမ္းအနားအတြက္ ေရာက္ရွိေနၾကေသာ အဖြဲ႕ဝင္မ်ားႏွင့္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္အရွင္သူျမတ္ေတြဆုံခဲ့ပါသည္။ ခႏၶာကုိယ္ကုိ ပညာေပးျခင္း အားျဖင့္ အားကစားပညာရပ္ကုိျမႇင့္တင္ေဖာ္ထုတ္ခဲ့ၾကေသာ ယင္းအဖြဲ႕အစည္းကုိ ပုပ္ရဟန္းမင္းႀကီးမွ အသိအမွတ္ျပဳခဲ့ပါသည္။

အားကစားနည္းပညာမ်ားဖြံ႕ျဖဳိးတုိးတက္ေစျခင္း၊ အားကစားျပဳလုပ္ျခင္းမ်ားအားျဖင့္ ခႏၶာကုိယ္ ပုိင္းဆုိင္ရာ၊ စိတ္ပုိင္းဆုိင္ရာ ဖြံ႕ျဖဳိးရုံသာမကပဲ လူ႔အဖြဲ႕အစည္းႏွင့္ သဟဇာတ ျဖစ္စြာေနထုိင္တတ္လာျခင္းမ်ား ကုိလည္းျဖစ္ေပၚေစပါသည္။

သုိ႔ေသာ္လည္း အားကစားအားျဖင့္မိမိခႏၶာလွယုံ သက္သက္မဟုတ္၊ အေကာင္းျမင္စိတ္ ဓာတ္မ်ား၊ အမွန္တရားအတြက္ ရဲရင့္ေသာစိတ္မ်ား တုိ႔ပြားေအာင္လုပ္ေဆာင္ဖုိ႔လုိေၾကာင္း၊

အားကစားအတူတကြ ျပဳလုပ္ျခင္း၌ စည္းလုံးျခင္း၊ လြတ္လပ္မူ႔ကုိရွာေဖြျခင္း၊ အလွတရားႏွင့္ ေကာင္ျမတ္ျခင္း မ်ားကုိ ျမတ္ႏုိးျခင္း၊ တရားမၽွတျခင္း ႏွင့္ သစၥာရွိျခင္းတုိ႔ကုိ တန္ဖုိးထားေသာစိတ္မ်ား စသည့္ လူဘဝ၏ တန္ဖုိးမ်ားကုိေဖာ္ထုတ္ၾကဖုိ႔ တုိက္တြန္းခဲ့ၿပီး၊ ယင္းလုပ္ရပ္မ်ားကုိ အနာဂတ္မ်ဳိးဆက္သစ္မ်ားအားလက္ဆင့္ကမ္း ေပးႏုိင္ၾကေစလုိေၾကာင္း၊

အႏုိင္လုိျခင္စိတ္ျပင္းထန္ျခင္း၊ အားကစားလုပ္ျခင္း၌ အၾကမ္းအရမ္း စိတ္မ်ားေၾကာင့္ တစ္ဦးကုိတစ္ဦး စိတ္ဒဏ္ရာမ်ားျဖစ္ေပၚေစတပ္သည္ကုိ သတိထားၿပီး ေခါင္းေဆာင္မ်ား နည္းျပမ်ားအေနႏွင့္ အားကစား သမားမ်ားကုိ ခရစ္ယာန္စိတ္ဓာတ္မ်ားသြတ္သြင္းေပးဖုိ႔လုိေၾကာင္း၊ အားကစား နည္းလမ္းမ်ား၊ အတူတကြ အားကစားျပဳလုပ္ျခင္းမ်ားျဖင့္ ညီအစ္ကုိယ္ေမာင္ႏွမစိတ္မ်ား၊ တုိးတက္ခုိင္မာေစၿပီး၊ လူအဖြဲံအစည္းကုိ အက်ဳိးျပဳေသာအရာျဖစ္ၾကဖုိ႔ကိုလည္း သတိေပးခဲ့ပါသည္။ အားကစားျဖင့္ က်န္းမာျခင္း၊ ယွဥ္ျပဳိင္ျခင္း၊ တစ္ဦးကုိတစ္ဦးေလးစားျခင္းမ်ား၊ အခက္အခဲးမ်ားကုိအဖြဲ႕အစည္းစိတ္ဓာတ္ျဖင့္ အတူတကြ ေျဖရွင္းတတ္ေသာစိတ္ ဓာတ္မ်ားတုိးပြားေစဖုိ႔တုိက္တြန္းခဲ့ပါသည္။ ။
By Kyi Maung
Credit to Vatican News
https://bit.ly/2n7ZBkT

Add new comment

1 + 0 =