အာလင်တန်သာသနာမှ ကက်သလစ်အွန်လိုင်းကျောင်းကို စတင်

အာလင်တန်သာသနာမှ ကက်သလစ်အွန်လိုင်းကျောင်းကို စတင်

အာလင်တန်သာသနာမှ ကက်သလစ်အွန်လိုင်းကျောင်းကို စတင်

အ​မေရိကန် ပြည်​ထောင်စုရှိ အာလင်တန်ကက်သလစ် ဂိုဏ်း အုပ်သာသနာသည် စက်တင်ဘာလမှစတင်ကာ ကိုဗစ်​ရောဂါကာလအတွင်း အသင့်​လျော်ဆုံး သင်ကြား​ရေးစနစ်ကို စတင်မည်ဖြစ်သည်။

အ​မေရိကန်ပြည်​ထောင်စုတွင် လူနာအသစ်များ တိုးပွားလာပြီး ​ရောဂါကူးစက်နှုန်းမကျဆင်းသည့်အတွက် စာသင်​ကျောင်းများမှာ ဖွင့်လှစ်ရန် အခက်​တွေ့​နေ သည်။​ကျောင်းသားမိဘများကလည်း ​ကျောင်းသို့ လွတ်ရန်စိတ်မချကြ​သော​ကြောင့် အာလင်တန်ရှိ ကက်သလစ်စာသင်​ကျောင်းဖြစ်​သော St.Isidore of Serville​ကျောင်းသည် အွန်လိုင်းစာသင်ခြင်းကို စတင်ခဲ့သည်။ ထို​ကျောင်းသည် မူကြိုမှ ၈တန်းအထိ ​ကျောင်းလက်ခံ​​ပေးသည်။ စာသင်ခန်းတစ်ခန်းတွင် ​ကျောင်းသား ၂၃​ယောက်စီရှိပြီး ပုံမှန်အတိုင်း ​မစ္ဆားတရား​တော်မြတ်၊​နေ့စဉ်ဆု​တောင်းခြင်းများ ရှိ​နေမည်ဖြစ်သည်။

အာလင်တန်သာသနာပိုင်ဆရာ​တော်ကြီးက ​ခေတ်နှင့် လိုက်​လျောညီ​ထွေ​သော ဤကက်သလစ်​ကျောင်း​ကို ချီးကျူးခဲ့ပြီး ​ကျောင်းလခကိုလည်း တစ်နှစ်စာ အ​မေရိကန်​ဒေါ်လာ ​ခြောက်​သောင်းအထိ ​လျှော့ထားသဖြင့် အခက်အခဲဖြစ်​နေ​သော မိသားစုများအတွက် အဆင်​ပြေ​စေမည် ဟုဆိုသည်။

အင်တာနက်ဆိုင်ရာ ရဟန္တာဟု ​ကျော်ကြား​သော ရဟန္တာအမည်ခံ ထို​စာသင်​ကျောင်းသည် အခြား​သော​ကျောင်းများနှင့် သင်ခန်းစာအတူတူပင် ဖြစ်ပြီး လာမည့် စက် တင်ဘာလ ၈ရက်တွင် စတင်အ​ကောင်အထည်​ဖော်သွားမည်ဖြစ်​ကြောင်း သိရသည်။

ဘာသာပြန် - Agnes Lawh Lun
https://bit.ly/2E4cMLN

Photo courtesy of: adriaticfoto/Shutterstock

Add new comment

18 + 1 =