အာရှ နိုင်ငံအချို့အပါအဝင် ကာဒီနယ်အသစ် ၂၁ ပါးကို ပုပ်ရဟန်းမင်းကြီးမှ ကြေငြာခန့်အပ်

အာရှ နိုင်ငံအချို့အပါအဝင် ကာဒီနယ်အသစ် ၂၁ ပါးကို ပုပ်ရဟန်းမင်းကြီးမှ ကြေငြာခန့်အပ်

အာရှ နိုင်ငံအချို့အပါအဝင် ကာဒီနယ်အသစ် ၂၁ ပါးကို ပုပ်ရဟန်းမင်းကြီးမှ ကြေငြာခန့်အပ်

 

မေလ၂၉ ရက် တနင်္ဂနွေနေ့ အန်ဂျေလူး မေတ္တာ သီဆိုအပြီးတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ကာဒီနယ်အသစ် များခန့်အပ်ရန်အတွက် ကာဒီနယ်များကောင်စီ ကို ဩဂုတ်လ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

၂၉ နှင့် ၃၀ ရက်တို့တွင်လည်း ကာဒီနယ်အားလုံးနှင့် တွေ့ဆုံမည်ဖြစ်ပြီး Apostolic Constitution Praedicate evangelium အသစ် (Preach the Gospel ဧဝံဂေလိတရားတော်ကို သွန်သင်ကြလော့) အပေါ် သုံးသပ်ကြမည်ဖြစ်သည်။

ဩဂုတ်လ၂၇ ရက်တွင် ဖြစ်လာမည့် ကာဒီနယ်အသစ်များသည်လည်း ရောမမြို့​၏ဆရာတော် ဖြစ်သည့် ကျွန်ုပ်ရဲ့ ဘုရားရှင်သားသမီးများကောင်းကျိုးမျှော်မှန်း၍ သာသနာတော်စီမံကိန်း လုပ်ငန်းများ လုပ် ဆောင်ရာတွင် ဝိုင်းဝန်းကူညီနိုင်ကြဖို့ ဆုတောင်းပေးပါရန် ပါပါးက ဆိုပါတယ်။

ကာဒီနယ် လုပ်ဖော်ကိုင်ဖက်များ မှာ ရွေးကောက်ခံ ကာဒီနယ် ၁၁၇ ပါး နဲ့ ရွေးကောက်ခံစရာမလိုသည့် အခြားကာဒီနယ် ၉၁ ပါး စုစုပေါင်း ၂၀၈ ပါး ပါဝင်ပါတယ် ။ လာမည့် ဩဂုတ်လတွင် အသစ် တင် မြှောက်ပြီးပါက ကာဒီနယ်စုစုပေါင်း ၂၂၉ ပါးဖြစ်လာမည် ဖြစ်ပြီး ရွေးကောက်ခံ ၁၃၁ ပါး ပါဝင်ပါတယ်။

 

နေရာစုံမှ အစုအဖွဲ့

ကာဒီနယ် အသစ်များတွင် ဥရောပမှ ၈ ပါး ၊ အာရှမှ ၅ ပါး၊ အာဖရိကမှ ၂ ပါး၊ မြောက်အမေရိကားမှ ၁ ပါး နှင့် လက်တင်အမေရိကားမှ ၄ ပါး ပါဝင်ပါတယ်။

ကာဒီနယ် အသစ်များ​၏ အမည်များမှာ -----

1. ဂိုဏ်းချုပ်ဆရာတော် Arthur Roche (ဝတ်ပြုကိုးကွယ်ခြင်း နှင့် စက္ကရင်မင်တူး စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အသင်းဖွဲ့​၏ အကြီးအကဲ)

2. ဂိုဏ်းချုပ်ဆရာတော် Lazzaro You Heung Sik ( တောင်ကိုးရီးယား ကျောင်းထိုင်ဘုန်းတော်ကြီးများ​အဖွဲ့ အကြီးအကဲ)

3. ဂိုဏ်းချုပ်ဆရာတော် Fernando Vérgez Alzaga,L.C ( ဗာတီကန်မြို့တော် ရဟန်းမင်းကြီးရုံးတော် ဥက္ကဋ္ဌ နှင့် ဗာတီကန်မြို့တော် ဒေသ စီမံခန့်ခွဲ မှု့ဆိုင်ရာ ဥက္ကဋ္ဌ)

4. ဂိုဏ်းချုပ်ဆရာတော် Jean-Marc Aveline (ပြင်သစ်နိုင်ငံ မာစီလ်း မြို့တော် ဂိုဏ်းချုပ် ဆရာတော်)

5. ဆရာတော်ကြီး Peter Okpaleke ( နိုင်ဂျီးရီးယား နိုင်ငံ Ekwulobia ဆရာတော်)

6. ဂိုဏ်းချုပ်ဆရာတော် Leonardo Ulrich Steiner ,O.F.M ( ဘရာဇီး နိုင်ငံ Manaus မြို့တော် ဂိုဏ်းချုပ်ဆရာတော်)

7. ဂိုဏ်းချုပ်ဆရာတော် Filipe Neri António Sebastião di Rosãrio Ferrão ( အိန္ဒိယနိုင်ငံဂိုအာ နှင့် Damão မြို့ ဂိုဏ်းချုပ်ဆရာတော်)

8. ဆရာတော် ကြီး Robert Walter McElroy ( U.S.A နိုင်ငံ ဆန်ဒီယေးဂိုး မြို့ ဆရာတော်)

9. ဂိုဏ်းချုပ်ဆရာတော် Virgilio Do Carmo Da Silva, S.D.B (အရှေ့တီမော Dili ဂိုဏ်းချုပ်ဆရာတော်

10. ဆရာတော်ကြီး Oscar Cantoni( အီတလီနိုင်ငံ Como ဆရာတော်)

11. ဂိုဏ်းချုပ်ဆရာတော် Anthony Poola (အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် ဂိုဏ်းချုပ်ဆရာတော်)

12. ဂိုဏ်းချုပ်ဆရာတော် Paulo Cezar Costa ( ဘရာဇီးနိုင်ငံ Brasília မြို့တော် ဂိုဏ်းချုပ်ဆရာတော်)

13. ဆရာတော်ကြီး Richard Kuuia Baawobr,M. Africa ( ဂါနာနိုင်ငံ Wa ဂိုဏ်းချုပ်ဆရာတော်)

14. ဂိုဏ်းချုပ်ဆရာတော် William Goh Seng Chye ( စင်္ကာပူနိုင်ငံ စင်္ကာပူ ဂိုဏ်းချုပ်ဆရာတော်)

15. ဂိုဏ်းချုပ်ဆရာတော်ကြီး Adalberto Martínez Flores( ပါရာဂွေးနိုင်ငံ Asunción မြို့တော် ဂိုဏ်းချုပ်ဆရာတော်)

16. ဂိုဏ်းချုပ်ဆရာတော်ကြီး Giorgio Marengo ,I.M.C (မွန်ဂိုးလီးယားနိုင်ငံUlaanbaatar သာသနာတော် အကြီးအကဲ)

17. ဂိုဏ်ချုပ်ဆရာတော်ကြီး Jorge Enrique Jiménez Carvajal ( ကိုလံဘီယာနိုင်ငံ Cartagena ဂုဏ်ထူးဆောင် ဆရာတော် )

18. ဆရာတော်ကြီးLucas Van Looy,S.B.D ( ဘယ်လ်ဂျီယံ နိုင်ငံ Gent ဂုဏ်ထူးဆောင်ဆရာတော်ကြီး)

19. ဂိုဏ်းချုပ်ဆရာတော် Arrigo Miglio ( အီတလီနိုင်ငံ Cagliari ဂုဏ်ထူးဆောင်ဆရာတော် )

20. Father .Gianfranco Ghirlanda,S.J ( သီဪလော်ဂျီ ဓမ္မသင်္ဂြိုလ်ပါမောက္ခ)

မွန်ဆီညော် Fortunato Frezza ( စိန့် ပီတာ ဘက်စလီကာ ​၏ ကျမ်းတတ်ပုဂ္ဂိုလ် တို့ ဖြစ်ကြပါတယ်။

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၂၀၁၃ ခုနှစ် ပုပ်ရဟန်းမင်းကြီးရာထူးတာဝန်အတွက်  ရွေးကောက်ခံရပြီး ချိန်မှ ယခုထိ ကာဒီနယ်များ ကောင်စီ ၇ ခုအတွက် ၅၈ နိုင်ငံမှ ကာဒီနယ်ကြီးပေါင်း ၁၀၁ ပါးကို ရွေးချယ်ပေးခဲ့ပြီးဖြစ်ပါတယ်။

နောက်ဆုံးရွေးချယ်မှု ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့ပြီး ၊ ဝါရှင်တန်မှကာဒီနယ် Wilton Gregory နှင့် ၁၉၈၀ ခုကတည်းက ပါပါး​၏ အိမ်တော် ဝန်ထမ်းများကို သင်ကြားပို့ချရသူ ကာဒီနယ်ကြီး Raniero Cantalamessa တို့ပါဝင်ခဲ့ပါတယ်။

၂၀၂၀ ခု ကာဒီနယ်များကောင်စီအဖွဲ့ ပြီးပြီးခြင်းတွင် ကာဒီနယ်လုပ်ဖော်ကိုင်ဖက် ၇၃ ဦးကို အနာဂါတ် လျှို့ဝှက်မဲပေးရာတွင် မဲပေးခွင့်ရှိကြောင်း ပါပါးဖရန်စစ်က ခန့်အပ်ခဲ့ပါတယ် ။ ထိုကဲ့သို့ ပုပ်ရဟန်းမင်းကြီးလက်ထက်တွင် ၃၉ ပါးနှင့် ပုပ်ရဟန်းမင်းကြီးဒုတိယမြောက်ယောဟန် ပေါလု လက် ထက်တွင် ၁၆ ပါး ခန့်အပ်ခဲ့တာပါ။

မကြာခင်ကျင်းပမည့် ကာဒီနယ်များအဖွဲ့ကြီးတွင် ရွေးကောက်ပေးမည့် ကာဒီနယ် ၁၁၇ ပါး ပါမည်ဖြစ်ပြီး ၆၇ ပါး (၅၇%) ဟာ ပါပါးဖရန်စစ်မှ ခန့်အပ်ခဲ့သူများဖြစ်ကြပါတယ်။

 

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3za3s3p

Add new comment

4 + 6 =