အာရှ၌ကာဒီနယ်အသစ် (၆) ပါးထပ်မံရရှိ

အာရှ၌ကာဒီနယ်အသစ် (၆) ပါးထပ်မံရရှိ

ပြီးခဲ့သော ဩဂုတ်လ (၂၇) ရက်နေ့က ကာဒီနယ်အသစ်များကို ၄င်းတို့၏စလွယ်များကိုပေးအပ် ၍ ခန့်အပ်ခဲ့သည်။ ၄င်းတို့အနက် အာရှမှ (၆) ပါးထပ်မံပါရှိလာသည်။

အာရှ၌ကာဒီနယ်ဦးရေ (၂၁) အထိရှိလာပြီဖြစ်သည်။ တစ်ကမ္ဘာလုံး၌မူ ရဟန်းမင်းကြီးရွေးချယ်ရာ၌မဲပေးပိုင်ခွင့်ရှိသူ (၁၃၂) ပါးရှိ သည်။ မဲပေးပိုင်ခွင့်ရှိသော ကာဒီနယ်များမှာ သက်တော် (၈၀) မကျော်သေးသည့်ကာဒီနယ်များဖြစ်ကြ ရာ အာရှမှ အဆိုပါ ကာဒီနယ် (၂၁) ပါးလုံးသည် မဲပေးပိုင်ခွင့်ရှိသေးသော အသက်အရွယ်သာရှိသေး သည်။ ဤသို့ကာဒီနယ်အပါးရေတိုးမြှင့်ပေးခြင်း၏အဓိကရည်ရွယ်ချက်မှာဧ၀ဂေလိတရားကိုတိုးမြှင့် လုပ်ဆောင်စေရန်နှင့်သွားလာရခက်ခဲေ၀းလံသောဒေသများကိုဦးစားပေးရန်ဖြစ်သည်။

အာရှနိုင်ငံ (၁၈) နိုင်ငံ၌ ကာဒီနယ်တစ်ပါး၊ သို့မဟုတ်တစ်ပါးမကရှိနေကြပြီဖြစ်သည်။ ၄င်းတို့ အနက် အာရှကာဒီနယ် (၁၅) ပါးသည် ရဟန်းမင်းကြီး၏နေရာလစ်လပ်သွားခဲ့သော် မဲပေးပိုင်ခွင့်ရှိသော အသက်အရွယ်သာရှိသည်။ အာရှ၌ကာဒီနယ်စုစုပေါင်း (၃၁) ပါးရှိရာ (၁၀) ပါးမှာ မဲပေးခွင့်ရှိသောအ သက်အရွယ်ထက်ကျော်လွန်နေကြသည်။ ဗီယက်နမ်နှင့်ဟောင်ကောင်သည် ကာဒီနယ်မရှိသော်လည်း စင်ကာပူ၊ အရှေ့တီမောနှင့်မွန်ဂိုးလီးယားတို့မှာ ကာဒီနယ်အသစ်ကိုရခဲ့သည်။ အိန္ဒိယနိုင်ငံသည် အာရှ နိုင်ငံများအနက် ကာဒီအပါးဦးရေအများဆုံးမှာ အန္ဒိယနိုင်ငံဖြစ်သည်။

အချို့သောကာဒီနယ်တို့သည် သက်တော်ငယ်ပြီး ၄င်းတို့သည်နိုင်ငံငယ်များမှဖြစ်ကြသည်။ မွန်ဂိုးလီးယားနိုင်ငံ၏ကာဒီနယ်ဖြစ်သော Giorgio Marengo သည် သက်တော် (၄၈) နှစ်သာရှိသေးသော်လည်း ကာဒီနယ်အဖွဲ့အစည်းထဲသို့၀င် ရောက်နေပြီဖြစ်သည်။ အရှေ့တီမောနိုင်ငံ၏ကာဒီနယ်မှာလည်း သက်တော် (၅၄) သာရှိသေးသည်။ ဗာတီကန်သတင်းဌာနအနေဖြင့် အဆိုပါ အာရှနိုင်ငံမှကာဒီနယ်များ၏ ကိုယ်ရေးအချက်အလက်အနည်း ငယ်ကိုရှာဖွေဖော်ပြလိုက်ပါသည်။

၁။ ကာဒီနယ် Virgílio do Carmo da Silva သည် သက်တော် (၅၄) နှစ်သာရှိသေးပြီး အရှေ့တီမောနိုင်ငံ၊ Díli ဂိုဏ်းချုပ်ဆရာတော်ဖြစ်သည်။ အရှေ့တီမောသည် အရှေ့တောင်အာရှ၏ ကျွန်းစုနိုင်ငံဖြစ်သည်။ အာရှနိုင်ငံအနက် ကက်သလစ်ဘာသာ၀င်ဒုတီယအများဆုံးနိုင်ငံဖြစ်သည်။ ပထမမှာအားလုံးသိသည့်အ တိုင်းဖိလစ်ပိုင်နိုင်ငံဖြစ်သည်။ အရှေ့တီမောနိုင်ငံ Venilale ၌ (၁၉၆၇) တွင်မွေးဖွားခဲ့သည်။ မနီလာ၌ပ ညာသင်ကြားခဲ့ပြီး၊ (၁၉၉၈) ခုနှစ်၌ ရဟန်းသိက္ခာထပ်ခဲ့သည်။ ထို့နောက်ရောမသို့သွားပြီး ဆလေးရှင်း တက္ကသိုလ်၌ ၀ိညာဉ်ရေးအထူးပြုဘာသာရပ်ကိုသင်ကြားပြီး မာစတာရခဲ့သည်။ နိုင်ငံအတွင်း ဆလေး ရှင်းအသင်း၏အမြင့်ဆုံးအမှုတော်ကိုဆောင်နေစဉ်၌ပင် Dili ၏ဆရာတော်အဖြစ် (၂၀၁၆) တွင်ရွေးချယ်ခံ ခဲ့ရသည်။

ကက်သလစ်နိုင်ငံ၏ ပထမဦးဆုံးကာဒီနယ်ဖြစ်လာရ၍ ဤခန့်အပ်ခြင်းသည် အရှေ့တီမောမှဘာ သာတူများနှင့်သာသနာအတွက် ဘုရားသခင်ထံမှဆုလက်ဆောင်ဖြစ်သည်ဟုယုံကြည်ကြောင်းပြော ကြားခဲ့သည်။ နိုင်ငံအတွင်း၌ ဘာသာတူဦးရေနှင့်ခေါ်တော်မူခြင်းမာ လက်ရှိ၌မြင့်မားနေသေးသည်။ သို့ သောစိန်ခေါ်မှုများစွာကိုကြုံတွေ့နေရသည်။ အခက်အခဲများအနက် အလုပ်လက်မဲ့ပြဿနာလည်းရှိ ကြောင်း၊ ဦးနှောက်ယိုစီးမှုများ (ပညာတတ်များပြည်ပထွက်ခွာခြင်း)၊ စနေအသင်းတို့၏ဘာသာတရား သိမ်းသွင်းမှုများလည်းရှိကြောင်း၊ ကက်သလစ်သာသနာတော်ကြီး၏ ကဣနှင့်သာသနာပြုရာ၌ချဉ်းကပ် ပုံများကိုပြန်လည်မွှမ်းမံရမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏လက်အောက်၌ (၂၄) နှစ်ကြာခဲ့သော နိုင် ငံသည် ဘာသာရေးမှာလည်းနိုင်ငံရေးစနစ်ကဲ့သို့အမိန့်သံများလွှမ်းနေပါသည်။ နိုင်ငံသည် အစွန်းရောက် တို့၏လက်ချက်ဖြင့်ဖယိုဖရဲဖြစ်သွားခဲ့ရသကဲ့သို့ ပြန်လည်ထူထောင်ရန်အတွက် အတော်ပင်ရုန်းကန်နေရ သောနိုင်ငံငယ်လေးဖြစ်နေသည်။

နိုင်ငံသားတို့၏ဘာသာရေးတောင်းဆိုချက်နှင့်ပတ်သက်၍ အဓိကထားလုပ်ဆောင်ရမည်မှာ နိုင်ငံသားတို့၏ပညာရေး၊ ဧ၀ဂေလိတရားဟောကြားခြင်း၊ ပြည်သူများနှင့်နီးကပ်စွာရှိနေခြင်း၊ ၄င်းတို့၏ လိုအပ်ချက်သေချာဆန်းစစ်၍ကူညီပေးခြင်းဖြစ်သည်။ ပညာရေး၊ ဧ၀ဂေလိတရားကိုပြန်လည်ဟော ကြားခြင်း၊ ၄င်းတို့နှင့်နီးကပ်စွာရှိနေပြီး၊ ၄◌င်းတို့၏လိုအပ်ချက်၊ လိုလားချက်များကိုသေချာဆန်းစစ်၍ ဘာသာတူတို့၏ယုံကြည်ခြင်းကို ပိုမိုခိုင်မြဲလာစေရန်လုပ်ဆောင်လိုသည်။ သူအနေဖြင့် မိသားစု၊ ကလေး သူငယ်များ၊ လူငယ်များ၏အရေးကိုအဓိကထားလုပ်ဆောင်ပြီး ဧ၀ဂေလိတရားကိုဟောကြားလိုသည်။

၂။ ကာဒီနယ် William Goh Seng Chye
ကာဒီနယ်သည် သက်တော် (၆၄) နှစ်ရှိပြီး စင်ကာပူနိုင်ငံ၏ ပထမဦးဆုံးကာဒီနယ်ဖြစ်လာ သည်။ သူသည် ရဟန်းမင်းကြီးရွေးချယ်ရာ၌ မဲပေးနိုင်သည့် တစ်ပါးတည်းသော တရုတ်အနွယ်၀င်ကာဒီ နယ်ဖြစ်လာသည်။ သူ့အား စင်ကာပူမှတရုတ်မိသားစုမှ (၁၉၅၇) ခုနှစ်တွင်မွေးဖွားခဲ့ပြီး၊ (၁၉၈၅) ခုနှစ်၌ ထာ၀ရရဟန်းသိက္ခာထပ်ခဲ့သည်။ သူသည်ရောမမြို့ Urbanian တက္ကသိုလ်၌ပညာသင်ကြားခဲ့သည်။ ရဟန်းသိက္ခာထပ်ပြီးနောက် သာသနာတော်ကြီး၏ ယုံကြည်ခြင်းဆိုင်ရာသွန်သင်သည့်ဘာသာရပ် (dogmatic theology) ကိုဂရေဂေါ်ရီယားနာတက္ကသိုလ်၌သင်ကြားခဲ့သည်။ ကာဒီနယ်သည် (၂၀၁၃) ခု နှစ်၌ စင်ကာပူဂိုဏ်းချုပ်သာသနာ၏ဆရာတော်ဖြစ်လာခဲ့သည်။ (၂၀၁၅ မှ ၂၀၂၁) ခုနှစ်အထိ သူသည် မ လေးရှား၊ စင်ကာပူ၊ ဘရူနိုင်းဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌအဖြစ်တာ၀န်ယူခဲ့ရသည်။

သူသည် စင်ကာပူနိုင်ငံရှိ ကက်သလစ်ဘာသာ၀င် (၃၆၀၀၀၀) ဦးကိုဦးဆောင်လမ်းပြနေရသည်။ ကာဒီနယ်သည် (၁၀) နှစ်စာ သာသနာပြုမည့်အစီအစဉ်ကို အဓိကသော့ချက် (၄) အပေါ ချမှတ်ရေးဆွဲခဲ့ သည်။ ၄င်းတိုမှာ (၁) ယုံကြည်ခြင်းကိုပြန်လည်ရှင်သန်လာစေရန်၊ (၂) ဘာသာတူများအားပြန်လည် ဆန်းသစ်ရန်၊ (၃) အလှမ်းေ၀းနေသူများအားပြန်လည်နိုးကြားလာစေရန်၊ (၄) ဖွဲ့စည်းပုံများကိုပြန် လည်ဆန်းသစ်ရန်တို့ဖြစ်သည်။
စင်ကာပူကက်သလစ်သာသနာသည် ငယ်သော်လည်းအလွန်တက်ကြွသော သာသနာနယ်ဖြစ် သည်။ သာသနာ့အရေးနှင့်ရွေ့ပြောင်းအရေးများ၌ ထဲထဲ၀င်၀င်ပါ၀င်ကြသည်။ ကာဒီနယ်အဖြစ်ရွေးချယ် တင်မြောက်ခံရသော်လည်း သူ့အနေဖြင့်သာမန်ဘာသာတူတစ်ဦးကဲ့သို့သာခံစားရကြောင်း၊ ယခုအမှု တော်သစ်ကို မထိုက်မတန်ပေးအပ်ခံလိုက်ရသည်ဟုလည်းခံစားရကြောင်း၊ တစ်ဆက်တည်း၌ ဂုဏ်ဖြစ် သကဲ့သို့ တာ၀န်လည်းဖြစ်သည်ဟုခံယူကြောင်းပြောကြားခဲ့သည်။

၃။ ကာဒီနယ် Lazarus You Heung-sik
ကာဒီနယ်သည် တောင်ကိုးရီးယားနိုင်ငံမှဖြစ်သည်။ (၂၀၂၁) ခုနှစ်၌သာ သံဃာတော်များဆိုင်ရာ ရဟန်းမင်းကြီးရုံးတော်၏တာ၀န်ခံအဖြစ်ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ သူသည် ဗာတီကန်၌အမှုတော်ထမ်း ရန်ခန့်အပ်ခံရသောအာရှသားများအနက် ဒုတိယတစ်ပါးဖြစ်သည်။ အဆိုပါအမှုတော်မတိုင်မီက ကိုးရီး ယားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အောက်ရှိ တရားမျှတခြင်းနှင့်ငြိမ်းချမ်းခြင်းကော်မရှင်၏ ဥက္ကဌလည်းဖြစ်ခဲ့သည်။

သူ့အားတောင်ကိုးရီးယားနိုင်ငံ Chungcheongnam-do ခရိုင်၌ (၁၉၅၇) တွင်မွေးဖွားခဲ့သည်။ သူ သည် (၁၉၇၉၊ ဒီဇင်ဘာလ ၈) ရက်နေ့၌ရဟန်းသိက္ခာကိုထပ်ခဲ့သည်။ ရဟန်းမဖြစ်လာမီက တောင်ကိုး ရီးယားနှင့်ရောမ၌ပညာသင်ကြားခဲ့သည်။ Daejeon သာသနာ၏လက်ထောက်ဆရာတော်အဖြစ် (၂၀၀၃) ခုနှစ်တွင်ရွေးကောက်ခံခဲ့ရသည်။ ထို့နောက်သာသနာပိုင်ဖြစ်လာခဲ့သည်။ သူဆရာတော်ဖြစ်လာပြီးသော အခါ (၆) ကြိမ်မြောက်အာရှလူငယ်ပွဲတော်ကို (၂၀၁၄) ခုနှစ်၌အိမ်ရှင်အဖြစ်ကျင်းပခဲ့သည်။ ရဟန်းမင်း ကြီးဖရန်စစ်အားလည်း တောင်ကိုးရီးယားနိုင်ငံ၏မြေပေါ်သို့ခြေချခွင့်ရစေခဲ့သည်။

(၂၀၁၈) ခုနှစ်ကကျင်းပခဲ့သော လူငယ်များဆိုင်ရာ ဆရာတော်ကြီးများ၏ ‘ဆီးနော့’ သို့လည်းတက် ရောက်ခဲ့သည်။ ကိုးရီးယားနိုင်ငံ၏ ကာရီတာ့စ်ဥက္ကဌလည်းကောင်း၊ နိုင်ငံတကာကာရီတာ့စ်အဖွဲ့၏အကူ အညီဖြင့် မြောက်ကိုးရီးယားအစိုးရနှင့်ပူးပေါင်း၍လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းကိုလည်းဦးဆောင်ခဲ့ သည်။ ကာရီတာ့စ်ကိုးရီးယားသည် မြောက်ကိုးရီးမှဒုက္ခရောက်သောပြည်သူ (၅) သန်းခန့်ကိုကူညီနိုင်ခဲ့ သည်။ သူသည် မြောက်ကိုးရီးယားကွန်မြူနစ်နိုင်ငံသို့လည်း (၄) ကြိမ်တိုင်သွားရောက်ခဲ့သည်။ တောင် မြောက်နှစ်ပြည်ထောင်ကြား အဓွန့်ရှည်သောငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးကိုတည်ဆောက် ထိန်းသိမ်းနိုင်ရန်မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

၄။ ကာဒီနယ် Anthony Poola
ကာဒီနယ်သည် အန္ဒိယနိုင်ငံ၏ပြည်နယ်တစ်ခုဖြစ်သော Andhra Pradesh ပြည်နယ် Hyderabad မှဖြစ်ပြီး Dalit ၏ ပထမဦးဆုံးကာဒီနယ်လည်းဖြစ်၊ Telugu မျိုးနွယ်စု ပထမကာဒီနယ်လည်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ဇာတ်နိမ့်မှဖြစ်သည်။ မျက်မှောက်ခေတ်၌လည်း ပေါ်ပေါ်တင်တင်မဟုတ်သော်လည်း ဇာတ်ခွဲသည့်အလေ့အထသည် လူမှုရေးနယ်ပယ်၊ နိုင်ငံရေးနယ်၌သာမဟုတ်၊ သာသနာအတွင်း၌ပင်ရှိနေ ဆဲပင်။ သူ့အား ကာဒီနယ်အဖြစ်ရွေးချယ်လိုက်ခြင်းသည် Dalit ကက်သလစ်တို့အတွက်နှင့် အိန္ဒိယတစ် နိုင်ငံလုံးအတွက်လည်း သတင်းကောင်း ဖြစ်သည်။
သူ့အား (၁၉၆၁၊ နို၀င်ဘာလ ၁၅) ရက်နေ့က Andhra Pradesh ပြည်နယ်၊ Kurnool မြို့၌မွေးဖွားခဲ့ သည်။ ရဟန်းသိက္ခာကို (၁၉၉၂၊ ဖေဖော်၀ါရီလ ၂၀) တွင်ခံယူခဲ့သည်။ Kurnool ၏ဆရာတော်အဖြစ် (၂၀၀၊ ဖေဖော်၀ါရီ ၈) ရက်၌ ရွေးချယ်ခြင်းခံခဲ့ရပြီး၊ သာသနာပိုင်အဖြစ် (၂၀၀၈၊ ဧပြီလ ၁၉) ရက်နေ့၌ စတင်ထမ်းဆောင်ခဲ့သည်။ သူသည် Andhra Pradesh ၏ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ လူ ငယ်ကော်မရှင်၏နာယကဖြစ်သည်။ ထိုအမှုတော်ထမ်းနေစဉ်၌ပင် ဂိုဏ်းချုပ်ဆရာတော်အဖြစ် (၂၀၂၀၊ နို၀င်ဘာ ၁၉၊ ၂၀၂၀) နေ့တွင်ထပ်မံခန့်အပ်ခံခဲ့ရသည်။
ရဟန်းမင်းကြီးဖရန်စစ်သည် သွားလာရ‌ေ၀းလံခက်ခဲသောသာသနာနယ်များဆီသို့သွား ရောက်ရန် ရည်ရွယ်၍သူ့အားကာဒီနယ်အမှုတော်ကိုယုံကြည်စွာပေးအပ်ခြင်းဖြစ်ကြောင်း၊ ကာဒီနယ် တစ်ပါးအနေဖြင့် ကြင်နာတတ်ရမည်။ ချို့တဲ့နွမ်းပါးသူများအား သနားတတ်သောသိုးထိန်းဖြစ်ရမည်။ အထူးသဖြင့် Dalits တို့ကိုကူညီရမည်။ ကာဒီနယ်အနေဖြင့် လူမှုဖွံ့ဖြိုးမှုကိုအသားပေးလုပ်ဆောင်သွား မည်။ ချို့တဲ့နွမ်းပါးသောကလေးများအား ဖြစ်နိုင်သမျှကူညီသွားမည်။ အန္ဒိယနိုင်ငံမှနွမ်းပါးချို့တဲ့ဆုံး နှင့်မေ့လျော့ဘေးဖယ်ခံများအားကူညီမည်ဟုပြောကြားခဲ့သည်။

၅။ ကာဒီနယ် Filipe Neri Ferrão
ကာဒီနယ်၏သက်တော်မှာ (၆၉) နှစ်ရှိပြီဖြစ်သည်။ သူသည် ‘ဂိုအာ’ ၏ဂိုဏ်းချုပ်ဆရာတော်ဖြစ် ပြီး သက်တမ်း (၂၆၅) ခုနှစ်ရှိသော သာသနာ၏ပထမဦးဆုံးကာဒီနယ်ဖြစ်သည်။ ဂိုအာသည် ယခင်က ပေါ်တူဂီ၏ကိုလိုနီနယ်ဖြစ်ခဲ့ပြီး၊ ယခုမှာအိန္ဒိယနိုင်ငံ၏ပြည်နယ်တစ်ခုဖြစ်သည်။ သူသည် လာတင်း၀ိ နည်းကိုလက်ခံသော အိန္ဒိယကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌဖြစ်သည်။ အာရှဆရာ တော်ကြီးများအဖွဲ့ချုပ် (FABC) ၏ဗဟိုအဖွဲ့တစ်ပါးလည်းဖြစ်သည်။

ကာဒီနယ်အား (၁၁၉၅၃၊ ဇန္န၀ါရီလ ၂၀) ရက်နေ့က Aldona ၌မွေးဖွားခဲ့သည်။ Poona ရဟန်း ဖြစ်တက္ကသိုလ်၌ ကက်သလစ်ရဟန်းတစ်ပါးသင်ကြားလေ့လာရသောဘာသာရပ်များကိုလေ့လာသင် ကြားပြီးနောက် ရဟန်းသိက္ခာကို (၁၉၇၉) တွင်ထပ်ခဲ့သည်။ သူသည် Urbanian တက္ကသိုလ်မှ ကျမ်းစာအ ထူးပြုဖြင့်ဘွဲ့ရထားသည်။ ဘုရားစကားသင်ကြားသည့်အပိုင်းနှင့်တမန်တော်လုပ်ငန်းပိုင်းဆိုင်ရာဘာ သာရပ်ကိုလည်း ဘဲလ်ဂျီယံနိုင်ငံ၊ Lumen Vitae အပြည်ပြည်ဆိုင်ရာကျောင်းမှလည်းဘွဲ့ရထားသည်။ သူ သည် (၁၉၉၃) ခုနှစ်၌ ဂိုအာ၏လက်ထောက်အဖြစ်ခန့်အပ်ခံခဲ့ရပြီးနောက် ဂိုအာ၏သာသနာပိုင်ဆရာ တော်အဖြစ် (၂၀၀၃) ခုနှစ်ဖြစ်လာခဲ့ပြီး၊ အမှုတော်ကိုအပြည့်အ၀ထမ်းဆောင်ခဲ့သည်။ စိန့်ဂျွန်ပေါလ် (၂) ကသူ့အား ‘အိန္ဒိယအရှေ့ပိုင်း၏ ယုံကြည်ခြင်းဘိုးဘေး’ ဂုဏ်ထူးဆောင်ဘွဲ့ကိုလည်းချီးမြှင့်ပေးအပ်ခဲ့ သည်။

သူအဓိကလုပ်ဆောင်မည့် အမှုတော်များမှာ သူရေးသားထားသော စာစောင်၌ပေါ်လွင်ထင်ရှား နေပါသည်။ သူ့အနေဖြင့် ဂိုဏ်းချုပ်သာသနာအတွင်း ကရုဏာရေးလုပ်ငန်း၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုလုပ်ဆောင်သွားမည်ဖြစ်သည်။ အိန္ဒိယသည် အားလုံးသိကြသည့်အတိုင်း ဆင်းရဲနွမ်းပါးမှုအလွန်ကြီး မားသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ရာခိုင်နှုန်းအရတွက်မည်ဆိုပါလျှင် (၇၅) ရာခိုင်နှုန်းအထိရှိသည်။ နိုင် ငံ၏သယံဇာတအရင်းအမြစ်များမှာ (၁၀) ရာခိုင်နှုန်းသောလူဦးရေ၏ချုပ်ကိုင်မှုကိုခံနေရသည်။ အလွန် နွမ်းပါးချို့တဲ့မှုရှိနေရခြင်းမှာ လူမှုတရားမျှတမှုမရှိခြင်းကား နိုင်ငံအတွင်းအသာစီးရနေခြင်းကြောင့်ဖြစ် သည်ဟုထောက်ပြသွားပါသည်။

၆။ ကာဒီနယ် Giorgio Marengo IMC
သူသည်မွန်ဂိုးလီးယားနိုင်ငံမှ ကက်သလစ်သာသနာအား ထိန်းသိမ်းစောင့်ရှောက်ရန် ရဟန်းမင်း ကြီးမှတာ၀န်ပေးအပ်ခံထားရသူဖြစ်သည်။ သူ့အား (၁၉၇၄) ခုနှစ်၌မွေးဖွားခဲ့ပြီး၊ လက်ရှိ သက်တော် (၄၈) နှစ်သာရှိသေးသည်။ ကာဒီနယ်အသစ်များအနက် သူသည်သက်တော်အငယ်ဆုံးဖြစ်သည်။ ထို့အ တူ သူသည် ကာဒီနယ်အဖွဲ့အစည်း၌လည်း သက်တော်အငယ်ဆုံးဖြစ်လာမည်ဖြစ်သည်။ မွန်ဂိုလီးယား သည် ကက်သလစ်ဘာသာတူဦးရေ (၁၃၀၀) သာရှိသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ကက်သလစ်ဘာ သာတူဤမျှသာရှိသော်လည်း ကာဒီနယ်တစ်ပါးအဖြစ်ရွေးချက်ချီးမြှင့်ခြင်းမှာ ရဟန်းမင်းကြီးအနေဖြင့် လူဦးရေများသောသာသနာနယ်များကိုသာဦးစားပေးခြင်းမဟုတ်ဘဲ ကမ္ဘာတစ်၀ှမ်း၌ပြန့်ကြဲနေသော လူနည်းစုကက်သလစ်ဘာသာတူသိုးစုများကိုလည်း မေ့မထားကြောင်းကိုပြသခြင်းဖြစ်သည်။ ယခုနှစ် မေလ (၂၈) ရက်နေ့က သူသည်မွန်ဂိုးလီးယားနိုင်ငံကိုယ်စားပြု ဗုဒ္ဓဘာသာသံဃာတော်များနှင့် ရဟန်း မင်းကြီးဖရန်စစ်အား တွေ့ဆုံခွင့်ရခဲ့သော်လည်း သူ့အား ကာဒီနယ်အဖြစ်ရွေးချယ်ထားကြောင်းကိုအရိပ် အမြွတ်ပင်မပြခဲ့။ နောက်နေ့ မေလ (၂၉) ရက်နေ့ ကာဒီနယ်အသစ်စာရင်း၌သူ၏အမည်ပါလာသည်မှာ အံ့အားသင့်စေခဲ့သောဖြစ်ရပ်ဖြစ်ခဲ့သည်။ ‘ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့တဲ့နေ့မှာ အကြောင်းအရာအများ ကြီးကိုပြောဆိုခဲ့ကြတယ်။ ဒါပေမယ့်ရဟန်းမင်းကြီးက ကာဒီနယ်ဖြစ်လာမယ့်အရေးနဲ့ပတ်သက်လို့ တစ် ခွန်းမှမဟခဲ့ဘူး’ ဟုနောက်ပိုင်း၌ Fides သတင်းဌာနသို့ပြောကြားခဲ့ရှာသည်။ ဤအချက်ကိုထောက်၍ လျှို၀ှက်ချက်ဟူသည် အဘယ်မျှခင်မင်စေကာမူ လျှို၀ှက်ထားရမည်ကိုလည်းမှတ်သားရပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3qzhJRA1

Add new comment

19 + 0 =