အာရှသမ္မာတရား အသံလွှင်ဌာန Radio Veritas Asia (RVA) သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ နှင့် တလုံးတဝတည်းရှိကြောင်း ပန်ကြားလွှာ

အာရှသမ္မာတရား အသံလွှင်ဌာန Radio Veritas Asia (RVA) သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ နှင့် တလုံးတဝတည်းရှိကြောင်း ပန်ကြားလွှာ

အာရှသမ္မာတရား အသံလွှင်ဌာန Radio Veritas Asia (RVA) သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ နှင့် တလုံးတဝတည်းရှိကြောင်း ပန်ကြားလွှာ

ညီကိုမောင်နှမအပေါင်း ငြိမ်းချမ်းခြင်း၌ နုတ်ခွန်းဆက်သပါသည်

ကျွန်ုပ်တို့ အာရှသမ္မာတရား အသံလွှင်ဌာန Radio Veritas Asia (RVA) သည် မြန်မာ နိုင်ငံ ၏ စိန်ခေါ် မှုများ နှင့်ရင် ဆိုင်နေ ရသော အချိန်တွင် မြန်မာပြည်သူပြည်သားများကို ထောက် ခံ ကြောင်း ဖေါ်ပြ လိုက် ပါသည်။ သင်တို့၏ ခက်ခဲသော အ‌‌ ခြေအနေမှာ ကျွန်ုပ်တို့ တလုံးတဝတည်းရှိနေပြီး၊ ယခုဖြစ်‌ ပေါ် နေ သောအခြေအနေကို ငြိမ်း ချမ်း စွာဖြင် အမြန် ဆုံးဖြစ် နိုင်သော အချိန်တွင် အ‌ဖြေရှာတွေ့နိုင်ရန် ဆု တောင်းခြင်း၌ သင်တို့နှင့် အတူတကွရှိနေပါတယ်။

‌ပြောဆို ညှိနှိုင်း အဖြေရှာခြင်း နည်းလမ်းအားဖြင့် ယခုမျက်မှောက် အခက်အခဲကို အဖြေရှာခြင်း၊ ပြန် လည် ရင်ကြား စေ့ ရေး (သင့်မြတ်ရေး) မှာ အားလုံး အတူတကွပါဝင်ကြဖို့ မြန်မာပြည်ရဟန်းမင်းအမတ် ကာဒီနယ် ချားလ်စ်ဘို ၏ လှုံဆော် မှု (တောင်းဆိုမှု) ကို ကျွန်ုပ်တို့ထောက်ခံပါသည်။

၂၀၂၁ ဖေဖော်ဝါရီလ ၃ ရက်ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော မြန်မာပြည်သူပြည်သားအ‌ ပေါင်းနှင့် အပြည် ပြည်ဆိုင်ရာ မိတ်ဆွေ များထံသို့ ပေးပို့သော ကာဒီနယ် ချားလ်စ် မောင်းဘို၏ သတင်းစကားတွင် ဖေါ်ပြ ထားသော "ငြိမ်းချမ်းရေး လမ်းစဉ်သည်သာ တစ်ခုတည်းသော လမ်းစဉ်ဖြစ်တယ်။ ဒီလမ်းစဉ်မှာရှိတဲ့ တစ် ခု တည်း သောအလင်းကတော့ ဒီမိုကရေစီ အလင်းပဲဖြစ်တယ်" ဆိုသော အရာကိုထောက်ခံ သည့်အတိုင်း ငြိမ်းချမ်းရေးဟာ ဖြစ်နိုင်သော အရာ ဆိုတာ ကျွန်ုပ်တို့ RVA မှ ယုံကြည်ပါတယ်။

မြန်မာနိုင်ငံအတွင်း၌ဖြစ်ပေါ်နေသောအခြေနေများအတွက် တာဝန်ရှိသူတို့သည် အများ ကောင်း ကျိုး အ တွက် ဖြောင့်မတ် စွာလုပ်ဆောင်လိုသည့် ပြင်းပြသောစိတ်ဆန္ဒရှိမှုကို ဖော်ပြကြရန်၊ ဒီမိုကရေစီ အရ ပေါင်း စည်းရှင်သန်မှု သဟဇာ တရှိမှု ကို ရှေးရှု၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားမျှ တမှုကို မြှင့်တင်ရန် တောင်းဆိုပေးခဲ့သော ပုပ်ရဟန်း မင်း ကြီး ဖရန်စစ် အရှင်သူမြတ်နှင့် အတူ ကျွန်ုပ်တို့ ဆုတောင်းပေး နေပါသည်။

ငြိမ်းချမ်းရေးဆောင်ရွက်သူတို့သည်လည်း ဖြောင့်မတ်ခြင်း၏အသီးအပွင့်များကို ငြိမ်းချမ်းသာယာစွာ မျိုး စေ့ ကြဲ တတ် ကြ ၏။ (ရှင်ယာကုတ် ဩဝါဒစာ ၃:၁၈)

 

Fr. Victor F. Sadaya, CMF

     General Manager

Add new comment

12 + 3 =