အာရှသမ္မာတရားအသံလွှင့်ဌာန RVA (Urdu) ဘာသာဖြင့် သတင်းလွှင့်ခြင်းကို ပါကစ္စတန်၌ စတင်

အာရှသမ္မာတရားအသံလွှင့်ဌာန RVA (Urdu) ဘာသာဖြင့် သတင်းလွှင့်ခြင်းကို ပါကစ္စတန်၌ စတင်

အာရှသမ္မာတရားအသံလွှင့်ဌာန RVA (Urdu) ဘာသာဖြင့် သတင်းလွှင့်ခြင်းကို ပါကစ္စတန်၌ စတင်

ပါကစ္စတန်နိုင်ငံရှိခရစ်ယာန်များ သည် ယခုအခါ၄င်းတို့၏ယုံကြည်ခြင်းပိုမိုလေးနက်စေရန်အတွက် ခရစ်ယာန်အသံလွှင့်ဌာကိုတင်ဆက်မှာပုံအစံအသစ်ဖြင့် ပြင်ဆင်ထုတ်လွှင့်တော့မည်ဖြစ်သည်။ ဤသို့ထုတ်လွှင့်ခြင်းသည်ပထမဦးဆုံးအကြိမ်ဖြစ်သည်။ RVA Urdu အုရ်ဒူးအသံလွှင့်ခြင်းကိုဇူလိုင်လ (၂၅) ရက်မှ စတင်ထုတ်လွှင့်မည်ဖြစ် ကြောင်း Islamabad-Rawalpindi မြို့၏ဂိုဏ်းချုပ်ဆရာတော် Joseph Arshad ကပြောကြခဲ့သည်။

ဆရာတော်ကဘာသာတူများအား သာသနာတော်ကြီး၏သတင်းနှင့်ငြိမ်းချမ်းခြင်း၊ ချစ်ခြင်းတရားကိုဖြန့်ဝေရန်ဗွီဒီယိုသတင်းစကားမှတိုက် တွန်းခဲ့သည်။ Lahore အ ခြေစိုက်အသံလွှင့်ဌာနမှသောကြာ နေ့တိုင်း မိနစ် (၂၀) စာအင်တာနက်လိုင်းမှထုတ်လွှင့်မည်ဖြစ်သည်။ ထုတ်လွှင့်မည့် အစီအစဉ်၌ သဘာ၀ပတ်၀န်းနှင့်ဆိုင်သောအကြောင်းအရာ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမူ၊ ပညာရေး၊ ကရုဏာရေးလုပ်ငန်း၊ ဘာသာအ ချင်းချင်းလေးစားမှုစသောအ ကြောင်းအရာများပါ၀င်မည်ဖြစ် သည်။

အသံလွှင့်ဌာနသည် လူမှုရေးသက်သက်ကိုသာဇောင်း ပေးခြင်းမဟုတ်ဘဲ ဧဝံဂေလိသတင်းကောင်းကိုလည်းအသားပေးကာ သာသနာတော်ကြီးကိုလည်းကောင်း၊ အချင်း ချင်းညီညွှတ်မှု၊ အားပေးမှုများကိုပြုသွားမည်ဟုတာ၀န်ခံဘုန်းတော်ကြီးကပြောကြားခဲ့သည်။

ဤအသံလွှင့်ဌာန၌နိုင်ငံရေးသတင်းနှင့်စီးပွားရေးသတင်းများကို ထုတ်လွှင့်ခွင့်ပြုမည်မဟုတ်ကြောင်း၊ ဤအာရှအသံလွှင့်ဌာနသည်အာရှဆရာတော်ကြီးအဖွဲ့ချုပ်၏စီမံကိန်းတစ်ခုဖြစ်သည်။ အုရ်ဒူစကားဖြင့်ထုတ်လွှင့်ခဲ့သည်မှာ (၁၉၈၇၊ ဩဂုတ်လ၊ ၁၄) ရက်နေ့ကတည်းကဖြစ်ပြီး၊ အဓိကအားဖြင့်ပါကစ္စတန်၊အိန္ဒိယနှင့်အာရှအနောက် ဖက်ရှိဘာသာတူများအားအဓိကထားထုတ်လွှင့်ပေးခြင်းဖြစ်ကြောင်း
ဖာသာရ် Feroz ရှင်းပြပါသည်။

ပါကစ္စတန်၌ လူမှုကွန်ရက်ထိန်းချုပ်မှုများရှိနေပါသည်။ မကြာမီကမှထုတ်လွှင့်သော အာရှအသံ လွှင့်ဌာနသည် ပါကစ္စတန်၌ရှိ သော ကက်သလစ်အသံလွှင့်ဌာနသုံးခုအနက်တစ်ခုဖြစ်သည်။ (၂၀၁၆) ခုနှစ်၌ ပါကစ္စတန်အီလက်ထရောနစ်အက်ဥပဒေက နိုင်ငံအတွင်းထုတ်လွှင့်နေသောခရစ်ယာန်ရုပ်မြင် သံကြားဌာနများအားလုံးကိုပိတ်သိမ်းခဲ့သည်။ ဘာသာရေးလိုင်းအတွက် မရှိ။ ထို့ကြောင့်လိုင်စင်ချမပေး။ ဘာသာရေးနှင့် နိုင်ငံခြားအစီအစဉ်များနှင့်ရောနှောခြင်းကိုခွင့်မပြု။ ထို့ကြောင့်အင်တာနက်ဖြင့်ဘာသာရေးသတင်း၊ နှုတ်ကပါတ်တော်ဝေမျှခြင်းကိုပြောင်းလဲ လုပ်ဆောင်ရန်အကြောင်းဖြစ်လာခဲ့သည်။

ယခင် Isaac တီဗွီအစီအစဉ်၏ ဒါရိုက်တာဖြစ်ခဲ့သူက ခရစ်ယာန်အသံလွှင့်ဌာန (၂၀) ခန့်ရှိသော် လည်း မည်သည့်လိုင်းကိုမျှအင်တာနက်လိုင်းများဖြင့်မထုတ်လွှင့်ခဲ့ဖူးပါ။ အားလုံးသည်ခဲရာခက်ဆစ်ဖြင့်ထုတ်လွှင့်ခဲ့ရသည်။ ဆယ်စုများစွာဖိနှိပ်မှုကိုခံ လာရသောကြောင့် အာဏာပိုင်တို့၏၀င်ရောက်နှော္စဝက်ယှက်ခြင်းမှကင်းဝေးရန် တင်ဆက်မှုအစီအစဉ်များကိုလျော့ပေါ့ရခြင်း၊ အမှန်တရား များကိုလည်ဖုံးဖိရသည့်များလည်းရှိခဲ့သည်။ ဘာသာကူးပြောင်းစေရန်အတင်းအဓမ္မအကြပ်ကိုင်ခြင်း၊ ဘာသာရေးအခြေခံသောစိတ်ဖြင့်တိုက် ခိုက်သည့်သတင်းများကဲ့သို့ဟိုးလေးတကြော်ကြော်ဖြစ်သောကိုစ္စမျိုးမှသာသတင်း၌တင်ဆက်နိုင်သည်။ (၂၀၂၀) နှစ်စဉ်စစ်တမ်းများအရ၊ အမေရိကန်အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးလွှတ်လပ်ခွင့်ဆိုင်ရာကော်မရှင် ၏သတင်းပေးပို့ချက်အရပါကစ္စတန်နိုင်ငံသည်ဘာသာရေးလွှတ် လပ်ခွင့်ကိုဆုံးရှုံးနေရမှုကိုအလေးထားသည့်နိုင်ငံဖြစ်သည်။

ယနေ့ခေတ်သည် အွန်လိုင်းခေတ်ကြီးဖြစ်နေသည်။ ပြီးခဲ့သောဗုဒ္ဓဟူး နေ့ကအထက်လွှတ်တော်မှ အစိုးရပိတ်ပင်ထားသောအကြောင်းအရာများဖြစ်သော အစိုးရ၊ တရားရေးရာနှင့်စစ်တပ်နှင့်ပတ်သက်သည့်မမှန်မကန်သတင်းများထုတ်လွင့်မှု၊ ရေးတင်မူများရှိကပိတ်သိမ်းမည်ဟုလည်းထုတ်ပြန်ခဲ့သည်။ ဤအ ကြောင်းအရာများနှင့်ပတ်သက်၍ ခရစ်ယာန်ဘာသာရေးခေါင်း ဆောင်များအ နေဖြင့်မိမိတို့၏ အစီအစဉ်များ၌မထည့်သွင်းရန်လည်းမေတ္တာရပ်ခံထားသည်။ ဤအွန်လိုင်းအသံလွှင့်ခြင်းအစီအစဉ် မစတင်မီကဘာသာရေးစာစောင်များပုံနှိပ်ဖြန်ချီခဲ့ဖူးသည်။ သို့သော်ယခုအခါ ရုပ်မြင်သံကြားအစီ အစဉ်‌ ဖက်သိုပြန်လည်ဦးလှည့် လာခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ယခု ကဲ့ သို့ ကပ်ရောဂါဆိုးကြီးသင့် ရောက်နေချိန်၌ဤနည်းသည်ပို၍ လက် တွေ့ကျပြီး၊ ဤရောဂါဆိုး ကြီး သည်ကမ္ဘာကြီးကိုထာ၀ရပြုပြင်ပြောင်းလဲလိုက်ပြီဖြစ်သည်။ ပါကစ္စတန်နိုင်ငံ တယ်လီဖုန်းဌာနအာဏာ ပိုင်များ၏စစ်တန်းအရ Lockdown ကြေငြာလိုက်သော မတ်လ (၂၄) ရက်နေ့မှစ၍ဤကာလအတွင်းအင်တာနက်သုံးစွဲသူ ၁၅ရာခိုင်နှုန်းအထိတိုးလာခဲ့သည်ဟုဆိုပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2PhcRhl

Add new comment

8 + 2 =