အာရှသမ္မာတရားအသံလွှင့်ဌာန၊ အာဗီအေမိုဘိုင်းအက်ပ်အသစ်ဖွင့်လစ်ပြီ

အာရှသမ္မာတရားအသံလွှင့်ဌာန၊ အာဗီအေမိုဘိုင်းအက်ပ်အသစ်ဖွင့်လစ်ပြီ

အာရှသမ္မာတရားအသံလွှင့်ဌာန၊ အာဗီအေမိုဘိုင်းအက်ပ်အသစ်ဖွင့်လစ်ပြီ

အာရှသမ္မာတရားအသံလွှင့်ဌာန အာဗီအေ၏ မိုဘိုင်း ဆော့ဖ်ဝဲဖြစ်တဲ့ အာဗီအေမိုဘိုင်းအက်ပ် အသစ် ကို ဤနေ့အောက်တိုဘာ လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှာ ရန်ကုန်ဂိုဏ်း ချုပ်ဆရာတော်ကြီး လည်းဖြစ်၊ အာရှတိုက်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌလည်းဖြစ်သူ ကာဒီနယ် ချားစ် ဘိုက စိန့်မေရီကာသီဒြယ်မှ မစ္ဆားတရားမြတ်ကြီးကို ဉီးဆောင်ကာ ဖွစ်လစ်လိုက်ပြီဖြစ်ပါတယ်။

မစ္ဆားတရားအတွင်း ဩဝါဒတရားတော်မစမှီ ကာဒီနယ်ကြီးမှ ၎င်း၏မိုဘိုင်းဖုန်းထဲမှ အာဗီအေ မိုဘိုင်း အက်ပ် နှင့် လိုဂိုတံဆိပ်ကို ကိုင်ဆောင်ပြသပြီး ဖွင့်လစ်ပေးခဲ့တာပါ။

“အာဗီအေမိုဘိုင်းအက်ပ်ကို ဖွင့်လစ်ပေးနိုင်တဲ့အတွက် ကျွန်ုပ်အထူးဝမ်းမြောက်မိပါတယ်။ ဒါဟာ အာရှနဲ့ကမ္ဘာတလွှားက ဘုရားလူမျိုးတော်အားလုံးတို့အတွက် ရည်ရွယ်ထားတဲ့အရာလေးပါ။ ဆရာတော်ကြီးများ၊ ရဟန်းဘုန်းတော်ကြီးများ၊ ကိုရင်ကြီးများ၊ သီလရှင်များ၊ ဘာသာဝင်များအနေနဲ့၊ ဒီအက်ပလီ ကေးရှင်းလေးကို ဒေါင်းလို့ဒ်လုပ်ပြီး မိမိတို့ရဲ့ ဝိညာဉ်ရေးအတွက် မိတ်ဆွေအဖြစ်  အသုံးပြုကြပါ။ ကျွန်ုပ်တို့ရဲ့ သိုးထိန်းတာဝန်ထမ်းဆောင်နေကြတဲ့ သိုးထိန်းများအနေနဲ့ မိမိတို့သိုးစုကို စောင့်ရှောက်ရာမှာ သတင်းကောင်းဝေငှရာမှာ သိုးထိန်းလုပ်ငန်းအတွက် အထောက်အကူဖြစ်စေမယ့် ဒီမိုဘိုင်းအက်ပ်လေးကို အသုံးပြုကြဘို့ ကျွန်ုပ်တိုက်တွန်းလိုပါတယ်” လို့ ရဟန်းအမတ် ကာဒီနယ်ချားစ်ဘိုက မြွက်ကြားရင်း မိုဘိုင်းအက်ပ်ကို ဖွင့်လစ်ခဲ့ပြီး ကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို ဆက်လက်ဉီးဆောင်ပူဇော်ပေးခဲ့ပါတယ်။

အာဗီအေ မိုဘိုင်းအက်ပ် ဖွင့်ပွဲအခမ်းအနားနဲ့ အစီအစဉ်ကို နိုင်ငံတကာမှ အာဗီအေ မိသားစု များ အွန်လိုင်းမှ အတူတကွ ဆက်လက် ကျင်းပခဲ့ရာ Zoom Account ၉၀ ကျော်နှင့် အဖွဲ့ဝင် ၁၀၀ ကျော်တက်ရောက်ခဲ့ကြပြီး မြန်မာစံတော်ချိန် ၁၂ : ၄၅ နာရီ တွင် အစီအစဉ်အား အဆုံးသတ်ခဲ့ပါတယ်။ 

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Add new comment

11 + 4 =