အာရှလူထုဆက်သွယ်ရေးကဏ္ဍ၏မီးရူးတန်ဆောင်ကြီးသက်တော် (၈၈) တွင်ငြိမ်းသွားခဲ့

အာရှလူထုဆက်သွယ်ရေးကဏ္ဍ၏မီးရူးတန်ဆောင်ကြီးသက်တော် (၈၈) တွင်ငြိမ်းသွားခဲ့

သူ့အမည်ကား ဖာသာရ် Franz-Josef Eilers ဖြစ်ပြီး၊ ဂျာမန်လူမျိုးဖြစ်သည်။ အမိကက်သလစ်သာသနာတော် ကြီး၏လူထုဆက်သွယ်ရေး ၌သူမတူသောထိရောက်ဆက် ကပ်မူကိုပေးနိုင်ခဲ့သည်။ သူသည် (၂၀၂၁၊ ဇန္န၀ါရီလ၊ ၁၃) ရက်နေ့၊ မွန်းလွှဲပိုင်းတွင်သက်တော် (၈၈) နှစ်၊ ဖိလစ်ပိုင်၌ ပျံလွန်သွားခဲ့သည်။ သူသည်လူရိုသေ၊ ရှင်ရိုသေမူကိုခံရ သောခေါင်း ဆောင်လည်းဖြစ်သည်။

သူသည် Society of the Divine Word,SVD (ဘုရားသခင်၏နှုတ်ကပါတ်တော်) ဘုန်းတော်ကြီးအ သင်း ၀င်တစ်ပါးဖြစ် သည်။ သူသည်နှလုံးရောဂါကိုနှစ်ပေါင်းအတော်ကြာခံစားနေခဲ့ရသည်။ သူသည်ကမ္ဘာကက်သ လစ်သာသနာတော်ကြီးကို လည်းကောင်း၊ အထူးသဖြင့်အာရှအတွက်အလွန်အနစ် နာခံပေးဆက်ခဲ့သည်။ သူသည်လူထုဆက်သွယ်ရေးပညာနှင့်ပတ် သက်၍မီးရူးတန်ဆောင်ဖြစ်သကဲ့သို့၊ စာ အုပ်များစွာရေးသားထုတ် ဝေခဲ့သူ၊ ဆရာလည်းဟုတ်သည်။

အာရှဆရာတော်ကြီးများအဖွဲ့ချုပ် (FABC-OSC) ၏ အထွေထွေအတွင်းရေးမှူးအ ဖြစ်လည်း (၁၉၉၅-၂၀၁၀) အထိအမူတော်ထမ်းခဲ့သည်။ ကက်သလစ်သာသနာတော်ကြီး၏ အာရှအသံလွှင့်ဌာနကိုပိုမိုထိရောက်ကျယ်ပြန့်စေရန်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဆက်ကပ်ခဲ့သည်။

အမိသာသနာတော်ကြီးသည် နည်းပညာကိုသာဇောင်းပေးမလုပ်သင့်ဘဲလူ သားတို့၏ လို အပ်လိုအပ်ချက်ကိုလည်းအာရုံထားဆောင်ရွက်သင့်သည်ဟုပြောကြားခဲ့ဖူးသည်။ သူ၏စွမ်းဆောင်ရည်မြင့် မားမူကိုမူ၊ တက်ကြွနေမူ၊ အချိန်တိကျမူ၊ ပျော်ပျော်နေတတ်သူ၊ လူထုဆက်သွယ်မူနည်းပညာကိုအလွန်ချစ်တတ်သူအဖြစ် သူ၏လှုပ်ရှားမူများကိုအစဉ်အမှတ်ရနေမည်ဖြစ်ပါသည်။ သူနှင့်အတူအလုပ်တွဲလုပ်ဖူးသူများသည် သူ၏စိတ်နေသဘော ထား၊ ကြင်နာတတ်မူ၊ ရက်ရောမူ၊ ပျော်ပျော်နေတတ်သောသူ၏ဗီဇ၊ သူ ငယ်ချင်းများအားအလွန်ခင်မင်တတ်သောအကျင့် တို့ထိတွေ့ခံစားလာကြသည်။ သူသည်ဂျာမဏီနိုင်ငံ၊ အာချင်မြို့၏ ကက်သလစ်လူထုဆက်သွယ်ရေးကောင် စီ၏ညွှန်ကြား ရေးမှူးအဖြစ်လည်းကောင်း၊ ပုပ်ရဟန်းမင်းကြီး ၏ လက် အောက်ရှိလူထုဆက်သွယ်ရေးကောင်စီ၌လည်း၎င်းအဖွဲ့၀င်ဖြစ်ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2XFExAB

Add new comment

7 + 7 =