အာရှနဲ့အာဖရိကမှကက်သလစ်ဉီးရေ တိုးလာနေဟုဆို 

အာရှနဲ့အာဖရိကမှကက်သလစ်ဉီးရေ တိုးလာနေဟုဆို 

အာရှနဲ့အာဖရိကမှကက်သလစ်ဉီးရေ တိုးလာနေဟုဆို 

အာရှတိုက်နဲ့အာဖရိကတိုက်တို့မှ ကက်သလစ်ခရစ်ယာန်ဘာသာ၀င်ဉီးရေမှာ ၂၀၁၉ တွင် ​တိုးလာကြောင်းလတ်တလောစစ်တမ်းအရသိရှိရပါတယ်။

၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့လူဉီးရေဟာ ၈၁.၃ သန်းအထိတိုးလာပြီး ကက်သလစ်အသင်းတော်မှာ ၁၅.၄ သန်းတိုးလာ​ကာ ကမ္ဘာလုံးအတိုင်းအတာအရ ကက်သလစ်ဉီးရေ ၁.၃ ဘီလျံ တိုးလာတယ်လို့ဆိုပါတယ်။

လတ်တလောစစ်တမ်းမှာ ၂၀၁၈ နဲ့ ၂၀၁၉ ကို သုံးသပ်တာဖြစ်ပြီး ၂၀၂၀ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုများကြောင့် ဆုံးရှုံးရခြင်များမပါ၀င်ကြောင်း

ယခင်သတင်းများမှာ ဉရောပနဲ့အမေရိကားမှ ကက်သလစ် ဘုန်းတော်ကြီးများ အရေအတွက်ကျဆင်းလာခြင်းတွေကို မီးမောင်းထိုးပြခဲ့ကြပေမယ့် ၂၀၁၉ မှာ တဖြေးဖြေးတိုးလာနေ​သည်ကိုတွေ့ရကြောင်း

ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှ အထူးသဖြင့် ဉရောပ နဲ့ အမေရိကားမှ ကက်သလစ် ရာသက်ပန် ဉီးပဉ္ဇင်းကြီးများလည်း တိုးလာနေတယ်လို့ဆိုပါတယ်။

သို့သော်၂၀၁၉ ခုနှစ်မှာပဲ သစ္စာသုံးပါးခံ အမျိုးသား အမျိုးသမီး သူတော်စင်များ အရေအတွက် ကျဆင်းလာကြောင်း၊ အမျိုးသမီးသူတော်စင် အသင်းများ ၁၁၅၀၀ အထိကျဆင်းလာပေမယ့် အမေရိကားလိုနေရာမှာ လူ၀တ်ကြောင် ဆက်ကပ်အပ်နှံ သာသနာပြုများ ၃၄၂၀၀ အထိတိုးလာကြောင်း

၂၀၁၉ အကုန်မှာ ကက်သလစ် ၁၇.၇၄ ရာခိုင်နှုန်း ကမ္ဘာတ၀ှမ်းအဆင့်တိုးလာကြောင်း

အာဖရိက မှ ကက်သလစ်များကတော့ ၂၀၁၉ မှာ ၈ သန်း အထိတိုးလာကာ နိုင်ံငံ့ လူဉီးရေရဲ့ ၁၉ ရာခိုင်းနှုန်းတိုးလာသလို အာရှတိုက်မှာလည်း ၄.၅ ဘီလျံ၊ လူဉီးရေရဲ့ ၃.၃ ရာခိုင်နှုန်း ရှိလာကာ ၁၄၉.၁ သန်းရှိလာတယ်လို့ဆိုပါတယ်။

အောက်တိုဘာ ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ကာဒီနယ် လူးဝစ်စ် အန်တိုးနီးယို တာ့ဂလယ် က အာရှတိုက်ရဲ့ ကက်သလစ် လူဉီးရေ တ၀က်နီးနီးဟာ ဖိလစ်ပိုင်မှာရှိကြောင်း၊

ဧ၀ံဂေလိသတင်းကောင်းကြေငြာဟောပြောခြင်းဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်ကောင်စီရဲ့ အကြီးအမှူးဖြစ်တဲ့ ကာဒီနယ် တာ့ဂထယ် က "ကျွနု်ပ်တို့ ဒီနှစ်ပိုင်းတွေမှာ သူတော်စင်ဘောင်၀င်တာ၊ ရ
ဟန်းဖြစ်သင်​ကျောင်း၀င်တာ၊ ဆေးကြောခြင်းခံယူတာတွေ အာရှ အဆင့်တိုးလာနေတာကို တွေ့ရတယ်"လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

နံပါတ်အရေအတွက်အားဖြင့်တော့ နည်းပေမဲ့ ရာခိုင်နှုန်းနဲ့ကြည့်မယ်ဆိုရင် တိုးလာတယ် ကျယ်ပြန့်လာတယ် ဘုရားကိုကျွန်ုပ်တို့ကျေးဇူးတင်ကြပါတယ်" လို့ ကာဒီနယ်က ထပ်လောင်းပြောကြားခဲ့တာပါ။

ယခင်မနီလာဂိုဏ်းချုပ်ဆရာတော်ကြီးဖြစ်တဲ့ ကာဒီနယ်တာ့ဂလယ် ဟာ အောက်တိုဘာ ၂၄ မှာကျရောက်မယ့် ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့အတွက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြွက်ကြားခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ဟာ ဖိလစ်ပိုင် ကက်သလစ်သာသနာတော်အတွက် ကက်သလစ်ခရစ်ယာန်ရောက်ရှိခြင်း နှစ် ၅၀၀ပြည့်ကျင်းပနေတဲ့နှစ်လည်းဖြစ်ပါတယ်။

"သာသနာပြုများအနေနဲ့ ဖိလစ်ပိုင်လူမျိုးအများစုဟာ ကမ္ဘာ့နေရာအနှံ့မှာရောက်ရှိနေကြကြောင်း၊ ရဟန်း သီလရှင်တွေ သာလျင်မဟုတ်ပဲ လူဝတ်ကြောင်အနေနဲ့ သခင်ခရစ်တော်ရဲ့ သတင်းကောင်းကို ကမ္ဘာအနှံ့ကြေငြာသက်သေခံဘို့ နည်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြသူများစွာရှိပါတယ်"လို့လည်း ကာဒီနယ်တာ့ဂလယ်က မှတ်ချက်ပြုခဲ့ပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of Shutterstock
https://bit.ly/3ng3i2W

Add new comment

5 + 1 =