အာရှတိုက်၏တခုတည်းသော ကက်သလစ်အသံလွှင့်ဌာန၏ မိုဘိုင်းအက်ပ် အသစ်အောင်မြင်စွာဖွင့်လစ်

အာရှတိုက်၏တခုတည်းသော ကက်သလစ်အသံလွှင့်ဌာန၏ မိုဘိုင်းအက်ပ် အသစ်အောင်မြင်စွာဖွင့်လစ်

အာရှတိုက်၏တခုတည်းသော ကက်သလစ်အသံလွှင့်ဌာန၏ မိုဘိုင်းအက်ပ် အသစ်အောင်မြင်စွာဖွင့်လစ်

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးလည်းဖြစ်၊ အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဉက္ကဌလည်းဖြစ်သူ ကာဒီနယ်ချားစ်မောင်ဘိုမှ အောက်တိုဘာ ၁၁ ရက် တနင်္လာနေ့က အာဗီအေမိုဘိုင်းအက်ပလီကေးရှင်းအသစ်ကို ဉီးဆောင်ဖွင်လစ်ခဲ့ပါတယ်။ အဲ့ဒီနေ့ဟာဆိုရင် အာဗီအေရဲ့ပင်မဒေါက်တိုင် တစ်ဉီးဖြစ်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ၂၃ ဆက်မြောက် ဂျွန် ကိုအောက်မေ့ဖွယ်နေ့လေးလည်းဖြစ်ပါတယ်။

ဆရာတော်ကြီးများ၊ ရဟန်းဘုန်းတော်ကြီးများ၊ ကိုရင်ကြီးများ၊ သီလရှင်များ၊ ဘာသာဝင်များအနေနဲ့၊ ဒီအက်ပလီ ကေးရှင်းလေးကို ဒေါင်းလို့ဒ်လုပ်ပြီး မိမိတို့ရဲ့ ဝိညာဉ်ရေးအတွက် မိတ်ဆွေအဖြစ် အသုံးပြုကြပါ။ ကျွန်ုပ်တို့ရဲ့ သိုးထိန်းတာဝန်ထမ်းဆောင်နေကြတဲ့ သိုးထိန်းများအနေနဲ့ မိမိတို့သိုးစုကို စောင့်ရှောက်ရာမှာ သတင်းကောင်းဝေငှရာမှာ သိုးထိန်းလုပ်ငန်းအတွက် အထောက်အကူဖြစ်စေမယ့် ဒီမိုဘိုင်းအက်ပ်လေးကို အသုံးပြုကြဘို့ ကျွန်ုပ်တိုက်တွန်းလိုပါတယ်” လို့ ရဟန်းအမတ် ကာဒီနယ်ချားစ်ဘိုက မြွက်ကြားရင်း မိုဘိုင်းအက်ပ်ကို ဖွင့်လစ်ခဲ့ပါတယ်။

အာရှသမ္မာတရားအသံလွှင့်ဌာန အာဗီအေဟာ ဆိုရင် မီဒီယာနည်းလမ်းအသွယ်သွယ်ကနေ ၁၉၆၉ ခုနှစ်ကစပြီး အာရှတိုက်ဆရာတော်ကြီးများက ကြီးမှူးပြီးစတင်တည်ထောင်ခဲ့တာပါ။ ၁၉၅၈ ခုနှစ် ပုပ်ရဟန်းမင်းကြီး ၂၃ ဆက်မြောက် ဂျွန် လက်ထက်မှာ အာရှတိုက်နဲ့ အာရှတိုက်အလွန်မှ အာရှသားများနဲ့ ဘာသာ၊ရိုးရာယဉ်ကျေးမှု၊ နွမ်းပါးသူများနဲ့ ဆွေးနွေးဖလှယ်ချင်းအားဖြင့် သတင်းကောင်းဟောကြားမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အာရှတိုက်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရဲ့ ပင်မ သာသနာပြုလုပ်ငန်းအဖြစ် စတင်ခဲ့တာဖြစ်ပါတယ်လို့ ကာဒီနယ်ချားစ်က ပြန်ပြောင်းသတိယစကား မြွက်ကြားခဲ့ပါတယ်။

ဆက်သွယ်ရေးဟာ ကျယ်ပြန့်လှတာဖြစ်တာမို့ ကျွန်ုပ်တို့ဟာ သတင်းကောင်းကြေငြာဘို့ ဆိုရင် ဖြစ်နိုင်ခြေအရှိဆုံးနည်းလမ်းတွေကို အမြဲရှာဖွေနေကြရမှာဖြစ်ကြောင်း ဆိုရင်း မစ္ဆားတရာအပြီးပြုလုပ်ခဲ့တဲ့ အာဗီအေမိသားစု အွန်လိုင်းတွေ့ဆုံပွဲမှာလည်း ဒီမိုဘိုင်းအက်ပ်ဟာ ယနေ့ခေတ် စိန့်ခေါ်ချက်ရဲ့ အဖြေနဲ့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။

မိုဘိုင်းအက်ပ်ဖွင့်ပွဲအတွက် ၎င်းရဲ့ ဝမ်းမြောက်မှုကိုဖော်ပြရင်း ဆိုတာက ဒီအက်ပ်လေးဟာ အာရှနဲ့ အာရှအလွန်မှ ဘုရားလူမျိုးတော်အားလုံးတို့အတွက် ရည်စူးတာဖြစ်ပြီး သခင်ခရစ်တော်ရဲ့ မေတ္တာရောင်ခြည်အောက်က လူတွေရဲ့နှလုံးသားတွေကိုထိတွေ့ဘို့နဲ့ သတင်းကောင်းကို ကြေငြာဘို့ အသုံးတော်ခံ အက်ပ်လေးဖြစ်ဘို့မျှော်လင့်ပါတယ်လို့ ကာဒီနယ်ချားစ်က မြွက်ကြားခဲ့တာပါ။

ဆရာတော်ကြီးများ၊ ရဟန်းဘုန်းတော်ကြီးများ၊ ကိုရင်ကြီးများ၊ သီလရှင်များ၊ ဘာသာဝင်များအနေနဲ့၊ ဒီအက်ပလီ ကေးရှင်းလေးကို ဒေါင်းလို့ဒ်လုပ်ပြီး မိမိတို့ရဲ့ ဝိညာဉ်ရေးအတွက် မိတ်ဆွေအဖြစ် အသုံးပြုကြပါ။ ကျွန်ုပ်တို့ရဲ့ သိုးထိန်းတာဝန်ထမ်းဆောင်နေကြတဲ့ သိုးထိန်းများအနေနဲ့ မိမိတို့သိုးစုကို စောင့်ရှောက်ရာမှာ သတင်းကောင်းဝေငှရာမှာ သိုးထိန်းလုပ်ငန်းအတွက် အထောက်အကူဖြစ်စေမယ့် ဒီမိုဘိုင်းအက်ပ်လေးကို အသုံးပြုကြဘို့ ကျွန်ုပ်တိုက်တွန်းလိုပါတယ်” လို့ မိုဘိုင်းဖုန်းကိုကိုင်ဆောင်ကာ အာဗီအေ လိုဂိုတံဆိပ် နဲ့ အက်ပ်ကို ဖွင့်လစ်ရင်း၎င်းမှတိုက်တွန်းနှိုးဆော်ကြောင်း ဆိုပါတယ်။

အာရှတိုက်နဲ့ အာရှတိုက်အလွန်မှ အာရှသားများနဲ့ ဘာသာ၊ရိုးရာယဉ်ကျေးမှု၊ နွမ်းပါးသူများနဲ့ ဆွေးနွေးဖလှယ်ချင်းအားဖြင့် သတင်းကောင်းဟောကြားမယ်ဆိုတဲ့ အာရှတိုက်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရဲ့ သာသနာပြုလုပ်ငန်းမှာ အာဗီအေ ဟာ ဝေငှပါဝင်လာခဲ့တာဖြစ်ပါတယ်။

ကက်သလစ်မီဒီယာကောင်စီ၊ ဂျာမနီမှ ဒါရိုက်တာ မစ္စတာမိုက်ကယ်အွန်လန် ကလည်း အာဗီအေမိုဘိုင်းအက်ပ်အသစ်ကို အာဗီအေရဲ့ "သမိုင်းဝင်မှတ်ကျောက်" တစ်ခုအဖြစ် တင်စားခေါ်ဆိုခဲ့ပြီး အသုံးပြုသူများရဲ့ လိုအပ်ချက်နဲ့ အသုံးပြုမှုအတိုင်း ပုံဖော်ပေးသွားမယ့် တမူထူးတဲ့ အာဗီအေ အက်ပ် ဖြစ်ကြောင်းမှတ်ချက်ပြုခဲ့ပါတယ်။

အာဗီအေ ကဲ့သို့သော အာရှတိုက်လုံးဆိုင်ရာ လုပ်ဆောင်မှုများသိပ်များများစားစား မရှိလှသေးတာကြောင့် အာဗီအေအက်ပ် ဟာ အွန်လိုင်းဖလှယ်ခြင်းတွေအတွက် ကနဉီး စတင်စွန့်စားမှုဖြစ်ကြောင်း ၊ နိုင်ငံရပ်ခြားရောက် ပြောင်းရွှေ့နေထိုင်သူများအတွက်၊ ဒီဂျစ်တယ်ကွန်ယက်အားဖြင့် မိမိတို့ ရဲ့ တိုင်းပြည်၊ မြို့ရွာအခြေအနေတွေက ဖြစ်ပျက်မှုတွေကို ပြန်လည်ချိပ်ဆက်မိစေမယ့် လင့်ခ် တစ်ခုဖြစ်တယ်လို့လည်း မိုက်ကယ်က သုံးသပ်ပြခဲ့တာပါ။

အာရှတိုက်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဖြစ်သူ ဖိလစ်ပိုင်မှ ဆရာတော်ကြီး ရောဘတ်တို မလားရီ ကလည်း "အာရှတလွှားကလူများအတွက် သခင်ခရစ်တော်၏သတင်းကောင်း သယ်ဆောင်ဘို့နဲ ဝေမျှဘို့ဆိုတဲ့ အာဗီအေရဲ့ရည်မှန်းချက်ကို ဒီမိုဘိုင်းအက်ပ် အသစ်လေးက ထပ်ဖြည့်ကူညီပေးနိုင်မယ်လို့ကျွန်ုပ်မျှော်လင့်မိပါတယ်" လို့ဆိုပါတယ်။

"အာရှနဲ့ကမ္ဘာတလွှားက လူတွေကို ခရစ်တော်ရဲ့ ဧဝံဂေလိသတင်းကောင်း သယ်ဆောင်ဘို့ဆိုတဲ့ အာဗီအေရဲ့ရည်မှန်းချက်ကို လုံးဝထောက်ပံ့ကူညီပေးမဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ ဒီမိုဘိုင်းအက်ပ် အသစ်ဟာ အမြဲပြောင်းလဲတိုးတက်နေတဲ့ လူထုဆက်သွယ်ရေးရဲ့ စိန်ခေါ်ချက်တွေကို အဖြေပေးနိုင်မယ့် ကျွန်တော်တို့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ဖော်ပြပေးတဲ့အရာလည်းဖြစ်တယ်" လို့ အာရှတိုက်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ လူထုဆက်သွယ်ရေးဌာနရဲ့ အတွင်းရေးမှူးဖြစ်တဲ့ Father George Plathottam, SDB ပြောကြားခဲ့ပါတယ်။

အာဗီအေဖိလစ်ပိုင်ရုံးချုပ်ရဲ့ မန်နေဂျာဖြစ်တဲ့ Father Victor Sadaya, CMF ကတော့ ဒါဟာသမိုင်းဝင် အွန်လိုင်း တွေ့ဆုံမှုတခုဖြစ်ပါတယ်။ ဘုရားရှင်ရဲ့နုတ်ကပတ်တော်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းညွှန်မှုအောက်မှာ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးထဲ ဆက်လက်ကြိုးပမ်းအားထုတ်ကြဘို့ ခွန်အားဖြစ်စေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဖွင့်ပွဲတွင်ပါဝင်ခဲ့ကြတဲ့ အာရှတိုက်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ လူထုဆက်သွယ်ရေးဌာနရဲ့ ဉက္ကဌလာအိုနဲ့ကမ္ဘောဒီးယားရဲ့ ဆရာတော်ကြီး Bishop Oliver Michael ၊ အာဗီအေ အဂ်ါလီအစီအစဉ်ရဲ့ ဉက္ကဌဆရာတော်ကြီး Bishop Shyamol Bose ၊ Ulaanbaatar, Mongolia ရဲ့ ဆရာတော်ကြီး Bishop Giorgio Marengo တို့က အာဗီအေ မိုဘိုင်းအက်ပ် အသစ် ရရှိခြင်းအတွက် ၎င်းတို့ရဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းကို ဖော်ထုတ်ပြောကြားခဲ့ကြတာပါ။

"အာဗီအေဟာ ကမ္ဘာတလွှားက အာရှသားတွေဆီ ခရစ်တော်ရဲ့ သတင်းကောင်းဝေငှဘို့ ဆိုတဲ့ သူမရဲ့ ရည်မှန်းချက်ကို ပထမ ရေဒီယိုလှိုင်းတို အစီအစဉ်အားဖြင့်နဲ့ အခုတခါ အွန်လိုင်း အသံလွှင့်ခြင်းအစီအစဉ်များနဲ့ ဆက်လက်ထိန်းသိမ်းလာခဲ့ပါတယ်။ အမြဲပြောင်းလဲလာနေတဲ့ အချိန်အခါ ထဲမှာပဲ အဆိုပါရည်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းဘို့အတွက် ဒီအာဗီအေ မိုဘိုင်းအက်ပ် အသစ်လေးက အများထဲက ချဲန်နယ် တစ်ခုဖြစ်ပါတယ်" လို့လည်း အာဗီအေရဲ့ ဘာသာစကား အားလုံးနဲ့ သက်ဆိုင်တဲ့ အစီအစဉ်ဒါရိုက်တာဖြစ်သူ Father Bernard Dashi Tang က ဆိုပါတယ်။

အာဗီအေမိုဘိုင်းအက်ပ် ကို မိမိတို့ဖုန်းထဲမှာဖွင့်ပြ ကိုင်ဆောင်ပြီး ဖွင့်ပွဲတက်ရောက်လာကြသူများဟာ ဒီဂျစ်တယ်ဓာတ်ပုံ ၊ အွန်လိုင်းအဖွဲ့လိုက်ဓာတ်ပုံကို ရိုက်ကူးမှတ်တမ်းတင်ခဲ့ကြပါသေးတယ်။

အာဗီအေမိုဘိုင်းအက်ပ် ဖန်တီးရှင် ကက်သလစ်ဆက်သွယ်ရေး အဖွဲ့မှ မစ္စတာရှီဘူး Shibu Devasia ကလည်း မိုဘိုင်းအက်ပ် အသစ် အသုံးပြုသူများဟာ မိမိတို့နှစ်သက်ရာ ဘာသာစကားများကို ရွေးချယ်ပြီး အစီအစဉ်တွေကို နားဆင်၊ ကြည့်ရှုနိုင်ကြမှာဖြစ်ကြောင်းဆိုပါတယ်။

အာဗီအေ ဟာ (ဘင်္ဂါလီ ၊ ဖလမ်းချင်း ၊ ဟားခါးချင်း ၊ တီးတိန်ချင်း၊ ဟင်ဒီ၊ မုန်၊ ဂျိန်းဖော့ကချင်၊ လီဆူးကချင်၊ ရဝမ်ကချင်၊ စကောကရင်၊ ပိုးကရင်၊ ချိုချင်း၊ ခေမာ၊ မန်ဒရင်းတရုတ်၊ မြန်မာ၊ စင်ဟာလ ၊ တာမီလ် ၊ တယ်လီဂု ၊ အူသ်ဒူး ၊ ဗီယက်နမ် ၊ ဇိုချင်း) စတဲ့ အာရှ ဘာသာစကား (၂၁) မျိုးနဲ့ ထုတ်လွှင့်ပေးနေပါတယ်။

အာဗီအေ အစီအစဉ်များဒါရိုက်တာ၏ အတွင်းရေးမှူး Ms. Arlene A. Donarber က ဖေ့စ်ဘုခ် သုံးသပ်ချက်အရဆိုရင် အာဗီအေဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ အထိ စစ်တမ်းအရ လိုက်လံကြည့်ရှုသူ ဖော်လိုဝါ ပေါင်း ၈၈၉,၀၉၃ ရှိကြောင်းပြီး အသုံးပြုသူ ၇၁ ရာခိုင်နှုန်း ဟာ မိမိတို့ရဲ့ လက်ကိုင်ဖုန်း (သို့) စမတ်မိုဘိုင်းဖုန်းများမှတဆင့် ကြည့်ရှုကြသူများဖြစ်တယ်လို့ ရှင်းလင်းပြောကြားခဲ့တာပါ။

အာရှသမ္မာတရားအသံလွှင့်ဌာန၊ အာရှခရစ်ယာန်ဒေသနာတော်အသံ ဟာဆိုရင် နေ့စဉ်ထောက်ရှုချက်တွေ၊ ခွန်အားပေး စာစုတွေ၊ သန့်ရှင်းသောကျမ်း နဲ့ စာပေများလေ့လားခြင်း
စံပြုဂုဏ်ယူထိုက်သူများအကြောင်း၊ မစ္ဆားတရားတိုက်ရိုက်ထုတ်လွှင့်ခြင်းများ သဒ္ဒါကြည် ညိုခြင်းထား ဆုတောင်းမေတ္တာများ အကြောင်းတွေကို တနေရာထဲမှာ တစုတစည်းတည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။

မိုဘိုင်းအက်ပ် ဖွင့်ပွဲမစ္ဆားတရားမှာ လူ ၃၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြပြီး အွန်လိုင်းစုဝေး ပွဲမှာတော့ ၁၀၀ နီးပါး ပါဝင်ခဲ့ကြပါတယ်။

မိုဘိုင်းအက်ပလီကေးရှင်းအသစ်ကို အန်ဒရွိူက်ဖုန်းအသုံးပြုသူများအတွက် Google Playstore မှာ Apple အသုံးပြုသူများအတွက် App Store တို့မှာ ဒေါင်းလို့ဒ် ရယူနိုင်ကြပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3AD3P3F

Add new comment

8 + 12 =