အာရှတစ်လွှားမှကက်သလစ်သာသနာ၏ခေါင်းဆောင်များ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးအတွက်တောင်းဆိုသံများ

အာရှတစ်လွှားမှကက်သလစ်သာသနာ၏ခေါင်းဆောင်များ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးအတွက်တောင်းဆိုသံများ

          ပြီးခဲ့သောလက စစ်တပ်မှမတရားအာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသောပြည်သူများကို သေဆုံးသည်အထိလက်နက်များ ဖြင့်ပြစ်ခတ်ခြင်း၊ ရိုက်နက်ဖမ်းဆီးခြင်းများကိုလူမဆန်စွာကိုင်တွယ်ဖြေရှင်းလာသည်မူကြောင့် အာရှတစ်လွှားမှ ကက်သလစ်လစ်သာသနာ၏ ခေါင်းဆောင်များ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးအတွက်တောင်းဆိုလာကြသည်။

          ဟု’ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးသည်ဖြစ်နိုင်သည်။ ငြိမ်းချမ်းရေးသည်လိုအပ်သည်’ ဟုအာရှတိုက်မှကာဒီနယ် (၁၂) ပါးက လက်မှတ်ရေးထိုးတောင်းဆိုသည့်ကြေငြာချက်လည်းထွက်ပေါ်လာခဲ့သည်။ ထိုကြေငြာချက်သည် မတ်လ (၁၉) ရက်နေ့ကလက်မှတ်ရေးထိုးထားခဲ့ သော်လည်း မတ်လ (၂၃) ရက်နေ့မှသာ မတရားအာဏာသိမ်းစစ်တပ်၊ နိုင်ငံရေးသမားများ၊ ဆန္ဒပြပြည်သူများနှင့်ဘာသာရေးခေါင်းဆောင်များအား တရား၀င်ပန်ကြားခဲ့သည်။ ‘မြန်မာနိုင်ငံ၌ ယခုကဲ့သို့ဖြစ်ပျက်နေခြင်းကိုမြင်ရ၊ ကြားရသောကြောင့် အလွန်စိတ်မကောင်းဖြစ်ရသကဲ့သို့၊ စိတ်အ နှောက်အယှက်လည်းဖြစ်ရကြောင်း၊ အဖြစ်အပျက်၌ဒေါသမီးတောက်နေခြင်း၊ အဖျက်အမှောက်များလွန်းခြင်း၊ သွေးထွက်သံယိုမူများလွန်းခြင်း၊ ငြိမ်းချမ်းရေးကိုလိုလားသောပြည်သူများဖက်၌ မတရားဖိနှိပ်မူ၊ နာကျင်ခံစားမူများပြားလွန်းခြင်း၊ ငြိမ်းချမ်းရေးကို စည်းလုံးခြင်း၊ သဟဇာတရှိရှိရ ယူမှသာလျှင်လွှတ်လပ်မူကိုဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်းရှိတာ၀န်ရှိသူများအားလုံးကို မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးကိုကိုအ မြန်ဆုံးပြန်လည်တည်ဆောက်ကြရန်အလေးအနက်ထားတောင်းဆိုကြောင်း၊ ငြိမ်းချမ်းရေးသည်တွေ့ဆုံဆွေးနွေးခြင်းမှအဖြေကိုရရှိလာမည်ဖြစ် ကြောင်း၊ ဤနည်းလမ်းသည်ရှေ့ဆက်သွားရန်လည်းဖြစ်ကြောင်း၊ ရန်ကုန်မြို့၌ ငြိမ်းချမ်းရေးအတွက်ဒူးထောက်အသနားခံနေသောမြင်ကွင်းသည် ကမ္ဘာ့လူထု၏အာရုံထဲ၌ မသက်မသာဖြစ်ကျန်ခံစားရကြောင်း၊  စစ္စတာရ် Ann Rose Nu Tawng ၏မြန်မာ့လုံခြုံရေးတပ်များအားအသနားခံ တောင်းဆိုနေသည့်ဗွီဒီယိုနှင့်ဓာတ်ပုံများသည်လူမူကွန်ရက်၌တမဟုတ်ခြင်းပျံ့နှံ့ သွားခဲ့ကြောင်း၊ မြန်မာနိုင်ငံသားများသည် ကျွန်ုပ်တို့သိသလောက် ငြိမ်းချမ်းရေဂကိုချစ်သောအေးဆေးသည့်လူမျိုးဖြစ်ကြောင်း၊ စည်ပင်၀ပြောမူကိုသာလိုအားကြောင်း၊ ဥပဒေများကိုလည်းလိုက်နာသူများ၊ အာဏာ ပိုင်များနှင့်လည်းလက်တွဲလုပ်ဆောင်တတ်သောလူမျိုးဖြစ်ကြောင်း၊ လက်ရှိ၌သဟဇာတ်ကိုလိုက်ရှာသည်မှန်သော်လည်း အကြမ်းဖက်မူများဖြင့်အ ဆုံးသတ်နေရကြောင်းပြောကြားထားပါသည်။

          ထို့နောက်အာရှဆရာတော်ကြီးများက ရန်ကုန်ဂိုဏ်းချုပ်သာသနာ၏ကာဒီနယ်ချားလ်ဘိုအားလည်း ‘မည်သို့ပင်ဆိုစေ အာရှတစ်လွှားမှ ကာဒီနယ်များသည် မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်အတူရှိနေကြောင်း၊ သင်တို့၏နာကျင်ခံစားမူဒုက္ခအ၀၀ကိုလည်း မျှယူခံစားလျှက်ရှိကြောင်း၊ သင့်နိုင်ငံသားများကိုဦးဆောင်၍ မြန်မာနိုင်ငံ၏မတည်မငြိမ်ဖြစ်နေသောအခြေအနေအမြန်ဆုံးပြန်လည်တည်ငြိမ်လာရန်၊ ပဋိပက္ခများအမြန်ဆုံးရပ် တန့်သွားရန်လုပ်ဆောင်ရာ၌ ကျွန်ုပ်တို့အားလုံးလည်းသင်နှင့်အတူဆုတောင်းခြင်းဖြင့်ပါ၀င်နေကြောင်း၊ ဤသို့ဖြင့်ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင် သောအကောင်းဆုံးလမ်းစဉ်ကိုလည်းတွေ့ရှိနိုင်ရန်၊ အကြမ်းဖက်ခြင်းသည် ငြိမ်းချမ်းရေးကိုအရယူသောနည်းလမ်းလုံး၀မဖြစ်ရ။ အကြမ်းဖက်ခြင်း သည်နည်းလမ်းမဟုတ်။ အကြမ်းဖက်ခြင်းသည်နာကျင်မူ၊ ‌ေ၀ဒနာများကိုသာပွားစေသည်။ ပိုမီုအကြမ်းဖက်ခြင်းကိုသာတိုးစေသည်။ အကြမ်း ဖက်ခြင်းနှင့်အတူအပျက်အဆီးများလည်းပါလာမည်ဖြစ်သည်။              

        အာရှာကာဒီနယ်များက မြန်မာနိုင်ငံအတွင်းရှိဘာသာရေးခေါင်းဆောင်များကိုလည်း ‘လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏နိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ ကျွန်ုပ်တို့နှင့်အတူငြိမ်းချမ်းရေးအတွက်ဆု‌တောင်းရာ၌လည်းကောင်း၊ ယခုငြိမ်းချမ်းရေးအတွက်တောင်းခံရာ၌လည်း ကောင်း၊ ထို့အတူငြိမ်းချမ်းရေးကို၀ါယမစိုက်ထုတ်လုပ်ဆောင်ရာ၌လည်းကောင်း ကျွန်ုပ်တို့နှင့်အတူပါ၀င်ပေးကြပါမေတ္တာရပ်ခံထားပါသည်။

            ဤကြေငြာချက်ကိုလက်မှတ်ရေးထိုးခဲ့ကြသောကာဒီနာယ်များမှာ သီရိလက်ာ၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဟောင် ကောင်နှင့်ဆီရိုမာလာဘာ၀ိနည်းကိုကျင့်သုံးသောကက်သလစ်ခရစ်ယာန်များ၏ဆရာတော်၊ ဘဂ်လား‌ဒေ့ရှ်၊ ဆီရိုမာလန်ကာရာ၀ိနည်းကို ကျင့်သုံးသောကက်သလစ်ခရစ်ယာန်များ၏ဆရာတော်၊ ကန်ဘောဒီးယားတို့ဖြစ်ကြသည်။ 

Joe Torres for LiCAS.news and RVA News

Add new comment

3 + 7 =