အာရှဆရာတော်များအဖွဲ့၏အစည်းအဝေးကြီးပထမနေ့

အာရှဆရာတော်များအဖွဲ့၏အစည်းအဝေးကြီးပထမနေ့

- အာရှကိုရူစားခြင်းခေါင်းစဉ်အောက်၌သီရိလင်္ကာ၊ ဘင်္ဂလာဒေ့ရှ်၊ ပါကိစ္စတန်၊ ဘရူနိုင်း၊ နေပေလ်နှင့် အိန္ဒိယနိုင်ငံ၊ အရှေ့တိုင်းဝိနည်းကိုကျင့်သုံးသောအရှေ့တိုင်းကက်သလစ်များဖြစ်သော Syro-Malabar, Syro-Malankara and Latin Rites တို့၏တင်ပြချက်များကိုကြားနာခဲ့ကြသည်။

နိုင်ငံအသီးသီးမှအစီရင်ခံတင်ပြရာ၌ မိမိတို့နိုင်ငံအတွင်းသာသနာတော်ကြီးနှင့်ဘာသာတူအဖွဲ့အစည်းများတွေ့ကြုံရင်ဆိုင်နေရသောစိန်ခေါ်ချက်များ၊ စိုးရိမ်ဖွယ်ရာများ၊ သာသနာ၏ လုပ်ငန်းစဉ်များအကြောင်းကိုရင်တွင်းမှခံစားတင်ပြသွားခဲ့ကြသည်။ ဖေးမခြင်း၊ ကူညီယှိုင်းပင်းခြင်း၊ နားလည်ပေးခြင်းဖြင့်အချင်းချင်းကူညီကာရှေ့ဆက်ကြရန်မှာဆရာတော်ကြီးများအဖွဲ့အစည်း၏ရည်ရွယ်အတိုင်လုပ်ဆောင်ရန် အားပေးခဲ့ကြသည်။

Aloysius John of Caritas Internationalis, မှအာရှတစ်ခွင်၌၎င်းတို့၏လူမှုကယ်ဆယ်ရေးလုပ်ငန်းများနှင့်စပ်လျင်း၍လမ်းညွှန်ချက်များ၊ ရည်ရွယ်ချက်များအကြောင်း၊ ကပ်ရောဂါဆိုးအပြီး၌အဖွဲ့အစည်း၏ရည်ရွယ်ချက်အတိုင်းလုပ်ဆောင်ရာ၌ကြုံတွေ့ရသောအခက်အခဲများ၊ စိန်ခေါ်ချက်များအ‌ကြောင်း၊ ၎င်းတို့ အဖွဲ့အစည်းအနေ ဖြင့်ကွန်ရက်မှသော်လည်းကောင်းသာသနာတော်ကြီး၏အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နိုင်ကြောင်း ရှင်းပြခဲ့သည်။

အစောပိုင်းရက်က Cardinal Gracias က FABC အဖွဲ့ဝင်များကိုဆရာတော်ကြီးများနှင့်မိတ်ဆက်ပေးခဲ့သည်။

ပထမနေ့ကိုနံနက်ဆုတောင်းမေတ္တာ၊ မစ္ဆားတရားပူဇော်ခြင်းဖြင့်စတင်ခဲ့သည်။ မစ္ဆာတရားကို Cardinal Orlando Quevedo ကဦးဆေင်ပူဇော်ပြီး၊ ကိုးဗစ်ကြောင့်အသက်ဆုံးရှုံးခဲ့သူများအတွက်လည်းဆုတောင်းပေးခဲ့သည်။ ပထမနေ့ကို အဖွဲ့လိုက်ဆွေးနွေးခြင်းဖြင့်အဆုံးသတ်ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3VzSBsn

Add new comment

2 + 2 =