အာရှဆရာတော်များအစည်းအ‌ဝေးသည် ဆီးနော့အတွက်ပြင်ဆင်ခြင်းတစ်ခုဖြစ်ဟူဆို

အာရှဆရာတော်များ၏အစည်းအ‌ဝေးသည် ဆီးနော့အတွက်ပြင်ဆင်ခြင်းတစ်ခုဖြစ်ဟူဆို

အာရှဆရာတော်ကြီးများအဖွဲ့ချုပ်၏လက်ထောက်အတွင်းရေးမှူးဖာသာရ် William LaRousse သည် မကြာမီခင်ကရောမ၌ ဆီးနော့အတွက်ပြင်ဆင်သူများ၏အစည်းအ‌ဝေးကိုတက်ရောက်ခဲ့သည်။ နှစ်ရက်ကြာမြင့်သောအစည်းအ‌ဝေးကြီးပြီးဆုံးသွား၍ ဗာတီသတင်းဌာန၏မေးမြန်းမှုကိုဖြေဆိုရာတွင် အာရှဆရာတော်များ၏အစည်းအ‌ဝေးသည် ကမ္ဘာနှင့်ချီ၍ကျင်းပမည့် ဆီးနော့အတွက်ကြိုတင်ပြင်ဆင်ခြင်းဖြစ်ခဲ့ကြောင်းပြောကြားခဲ့သည်။

Enthusiasm for the synod
ဆီးနော့အတွက်စိတ်အားထက်သန်နေကြ

အာရှဆရာတော်ကြီးများအဖွဲ့ချုပ်၏အစည်းအ‌ဝေးမှ တက်ကြွစွာပါ၀င်ခဲ့ကြပြီး ဆီနော့အတွက်ပြင်ဆင်ခဲ့ကြကြောင်း၊ အစည်းအ‌ဝေးတက်ရောက်သူအတော်များများသည် တက်ရောက်နိုင်ရန်အလွန်စိတ်ထက်သန်နေကြကြောင်း၊ အကောင်းဆုံးဖြစ်နိုင်ရန်အတွက်လည်း အမြော်အမြင်ကြီးစွာ ဆရာတော်ကြီးများအဖွဲ့အချုပ်အသီးသီးမှလည်းလုပ်ဆောင်နေကြမည်ဟုမျှော်လင့်ကြောင်းပြောကြားခဲ့သည်။

Regional conference a “launchpad” for the synod
ဒေသအလိုက်အစည်းအ‌ေ၀းများသည် ဆီးနော့အတွက်တွန်းအားဖြစ်

အာရှဆရာတော်ကြီးများအဖွဲ့ချုပ်၏အစည်းအ‌ဝေးကို (၂၀၂၀) ၌ကျင်းပရန်လျာ ထားခဲ့သော်လည်း (၂၀၂၂ အောက်တိုဘာလ) မှသာကျင်းပနိုင်ခဲ့သည်။ ထို့ကြောင့် ဆီနော့ အတွက်ပြင်ဆင်သောပထမအပိုင်းနှင့်တိုက်ဆိုက်သွားခဲ့သည်။ ဒုတိယပိုင်းမစတင်မှီပထမအပိုင်းကိုစတင်ရန်အချိန်ရခဲ့သောကြောင့် ထိုအချိန်သည် ဘုရားသခင်၏ကောင်းကြီးတော်အမှန်ဖြစ်ခဲ့သည်။ ထိုသို့ကျင်းပနိုင်ခဲ့သည့်အတွက် သာသနာနှင့်အာရှတိုက်အား ဆီနော့အတွက် ဒုတိယအပိုင်းပြင်ဆင်ရန်အခြေအနေဖန်တီးနိုင်ခဲ့သည်။

ဆီနော့အတွက်ဒေသတာ၀န်ခံတစ်ဦးက သူ့အနေဖြင့်ဆီနော့အတွက် သာသနာ (၃၇) မှကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍လိုအပ်သည့်အချက်အလက်များကိုစုဆောင်းထားပြီဖြစ်ကြောင်းပြောကြားလာသည်ကိုထောက်၍သူ တို့သည် နိုင်ငံအလျှောက်အဆင့်ထက်တိုက်ကြီးအဆင့်ထိတွေ့ဆုံပြင်ဆင်ရန်အသင့်ရှိနေကြောင်းသိခဲ့ရသည်။ ထို့ကြောင့်အလွန်အလားအလာကောင်းပြီး၊ အားရစရာကောင်းသောသတင်းလည်းဖြစ်သည်ဟုဖြေကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3VN4wmf

Add new comment

1 + 3 =