အာရှဆရာတော်များမှမိမိတို့၏ဘာသာတူများအားကိုဗစ် (၁၉) ကပ်ရောဂါအကင်းဝေးရန်မေ (၁၄) ရက်နေ့၌၀ါရှောင်၊ ဆုတောင်းရန်ပန်ကြားထား

အာရှဆရာတော်များမှမိမိတို့၏ဘာသာတူများအားကိုဗစ် (၁၉) ကပ်ရောဂါအကင်းဝေးရန်မေ (၁၄) ရက်နေ့၌၀ါရှောင်၊ ဆုတောင်းရန်ပန်ကြားထား

အာရှဆရာတော်များမှမိမိတို့၏ဘာသာတူများအားကိုဗစ် (၁၉) ကပ်ရောဂါအကင်းဝေးရန်မေ (၁၄) ရက်နေ့၌၀ါရှောင်၊ ဆုတောင်းရန်ပန်ကြားထား

လက်ရှိအချိန်ကိုအကျိုးရှိစွာ၊ ရက်ရောစွာ၊ မျှော်လင့်ချက်ဖြင့်ဖြတ်သန်းကုန်ဆုံးရန်အားပေးပါ သည်။ တစ်ဦးမှတစ်ဦးကိုဂရုစိုက်ကြပါစို့။ ဘုရားသခင်ကိုယုံကြည်သောသူများအားလုံးပါ၀င်သောဘာ သာပေါင်းစုံ၏ခေါင်းဆောင်များမှမိမိတို့ဘာသာ၀င်များအားကိုဗစ် (၁၉) ရောဂါဆိုး ကြီးအမြန်ဆုံးကင်း ပျောက်ရန်၀ါရှောင်ဆုတောင်းသောလှုပ်ရှားမူ၌ကျွန်ုပ်လည်းပါ၀င်မည်ဟုမြန်မာနိုင်ငံ၊ ရန်ကုန်ဂိုဏ်း ချုပ်သာသနာပိုင်ကာဒီ နယ်ချားလ်ဘိုက မေလ (၁၀) ရက်နေ့ကပြောကြားခဲ့သည်။ သူသည်အာရှ အက်ဖ်အေဘီစီအဖွဲ့၏ဥက္ကဌလည်းဖြစ်သည်။ ဤအစီအစဉ်ကိုလူသား ခြင်းဆိုင်ရာညီအစ်ကိုများကော်မ တီ၏တောင်းဆိုမူကိုသဘောတူလက်ခံ၍မေလ (၁၄) ရက်နေ့ကိုဆုတောင်း၊ ၀ါရှောင်ရာနေ့အဖြစ် သတ်မှတ် ကြေငြာခဲ့သည်။

ရဟန်းမင်းကြီး၏အထောက်အပံ့

မေလ (၃) ရက်နေ့ကရဟန်းမင်းကြီးသည်ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ၏ဆုံးဖြတ်ချက် ကိုလက်ခံခဲ့သည်။ ထိုဘာသာရေး ခေါင်းဆောင်များမှာဂျူး၊ ခရစ် ယာန်နှင့်မွတ်စလင်ခေါင်းဆောင်များ ပါ၀င်သည်။ ရည်ရွယ်ချက်မှာကမ္ဘာကြီးအတွင်းကြေအေးခြင်း နှင့်ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက်ဖြစ်သည်။

ဆုတောင်းခြင်းသည် စင်္ကြာ၀ဋာတစ်ခုလုံးအတွက်တန်ဖိုးရှိသောအမူဖြစ်သည်။ ထို့ကြောင့်ရဟန်းမင်း ကြီးအနေဖြင့်ကမ္ဘာ့ဘာသာ ကြီးများ၏ခေါင်းဆောင်များတင်ပြလာသည်ကိုလက်ခံခဲ့ကြောင်း၊ အဘယ် ကြောင့်ဆိုသော်ကမ္ဘာ့ဘာသာပေါင်းစုံ၏ဘာသာ ၀င်များစုပေါင်း၍ ၀ါရှောင်ဆုတောင်းခြင်း၊ ကောင်းမူများပြုလုပ်၍မိမိတို့၏ဘုရားထံသို့ကမ္ဘာလောကသားတို့အားသနားရန်၊ အထူးသဖြင့်ကိုဗစ် (၁၉) ကပ်ရော ဂါဆိုးကြီးအမြန်ဆုံးလွှတ်ကင်းရန်အသနားခံတောင်းလျှောက်ခြင်းဖြစ်သည်။

ရှည်ကြာနေဦးမည့်ကိုဗစ် (၁၉) ၏ဘေးထွက်ဆိုးကျိုးများ

ကိုဗစ် (၁၉) ရောဂါဆိုးကြီး၏ရိုက်ခတ်ဒဏ်ကိုအထူးသဖြင့်ချို့တဲ့နွမ်းပါးသူများအလူးအလဲခံနေ ရသည်ကိုကြည့်၍ကာဒီနယ်ချားစ်ဘိုကကိုဗစ် (၁၉) ၏ဆိုးကျိုးကိုကမ္ဘာစစ်မီးနှင့်ယှဉ်ပြခဲ့သည်။ ဤ ရောဂါသည်ကာကွယ်ကုသနိုင်ပြီဖြစ်သော်လည်းသူ၏ဆိုးမွေများ သည်ကျွန်ုပ် တို့နှင့်အတူဆယ်စုနှစ် ကြာအောင်စွဲထင်ကျန်ရစ်နေဦးမည်ဖြစ်သည်။ အကယ်၍အစိုးရအနေဖြင့်စိန်ခေါ်မူကိုနည်းလမ်းမှန်ကန် စွာကိုင်တွယ် ဖြေရှင်းမှုမပြုပါကပြည်သူများ၏ယုံကြည်မူကိုဆုံးရှုံးလိမ့်မည်။ ကျွန်ုပ်တို့ကြုံတွေ့ရသောအဆိုးဆုံးကပ်ဆိုးကြီးကားယုံကြည်မူကိုအလွှဲသုံးစား ခြင်းဖြစ်သည်။ ဤဗိုင်းရပ်စ်လောက်မည်သည့်ပိုးမျှကမ္ဘာကြီးအားဤဆိုးရွားစွာမဖျက်ဆီးနိုင်ပေ။

အရောက်သွားခြင်း

ကိုဗစ် (၁၉) ရောဂါကပ်ဆိုးကြီးကြောင့်ကျွန်ုပ်တို့အားတစ်ဦးနှင့်တစ်ဦးဂရိုစိုက်တတ်အောင်၊ ကူ ညီတတ်အောင်၊ အားပေးတတ်အောင်၊ စိတ်တူကိုယ်တူဖြင့်မိမိတို့၏ အကူ အညီလိုအပ်သူ၊ မိမိတို့ထက် အခြေ အနေဆိုးရွားသူများကိုကူညီရန်အခြေအနေကိုဖန်တီးပေးလာသည်။ ထို့အတူအတူတကွဆု တောင်း၍ ကျွန်ုပ်တို့၏ကမ္ဘာကြီးအဘယ်သို့ဖြစ်နေသည်ကိုနားလည်လာစေ သည်။ အာရှဆရာတော်ကြီး များအဖွဲ့ချုပ်ကအာရှသားများအားကိုဗစ် (၁၉) အကြပ်အတည်းကာလ၌ မိမိထက်အခြေအနေနိမ့်ကျ ဆိုးရွားနေသူ၊ မိမိ၏အကူအညီလိုအပ်သူများအားကူညီရန်တိုက်တွန်းနိုးဆော်ထားပါသည်။ အကူအညီ လိုအပ်သူများမိမိထံရောက်လာသည်အထိစောင့်မနေပါနှင့်။ အဖြစ်အခြေအနေကိုလက်မခံဘဲမငြင်းဆန် ပါနှင့်။ ကျွန်ုပ်တို့သည်ပန်၀န်းကျင်၏လိုအပ်ချက်ကိုဦးအောင်သိနေရမည်။ ဦးအောင်လှုပ်ရှားရမည်ဖြစ် သည်။ အနာဂါတ်၌ပုံဖော်လိုသည်ကိုယခုအခွင့်ကောင်းယူ၍စည်းချက်ကျနစွာသော်လည်းကောင်း၊ သဟဇာတကျကျဖြင့်သော်လည်းကောင်းတည်ဆောက်ရမည်။ ကမ္ဘာကြီးကိုပြောင်းလဲပစ်ရန်စိတ်ကူး ပြီး၊ ပြင်ဆင်ထားရန်လိုသည်။ ပြောင်းလဲရန်မှာအတူတကွလုပ်ဆောင် ခြင်းဖြင့်ယုံကြည်မူတည်ဆောက် ရန်လိုပါသည်။ ထိုယုံကြည်မူ၊ ထိုအပြောင်းအလဲသည်ချက်ချင်းရောက်မလာဘဲ၊ ဆယ်စုနှစ်ကြာမှဖြစ် လာမည်ဖြစ်သည်။ ကာဒီနယ်ချားလ်ဘိုက ယခုအချိန်သည်ကမ္ဘာကြီးအား ဘုရားသခင် ၏ကောင်းမြတ် ခြင်း၊ သနားခြင်းနှင့်ချစ်ခြင်းကိုသယ်ဆောင်ပေးရန်အကောင်းဆုံးအချိန်ဖြစ်သည်ဟုပြောကြားခဲ့ပါ သည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/35VIuoj

Add new comment

12 + 0 =