အာရှဆရာတော်ကြီးများအဖွဲ့၏အစည်းအ​ဝေးကြီးအား ကိုဗစ် (၁၉) ကြောင့်ရွေ့ဆိုင်းရ

အာရှဆရာတော်ကြီးများအဖွဲ့၏အစည်းအ​ဝေးကြီးအား ကိုဗစ် (၁၉) ကြောင့်ရွေ့ဆိုင်းရ

အာရှဆရာတော်ကြီးများအဖွဲ့၏အစည်းအ​ဝေးကြီးအား ကိုဗစ် (၁၉) ကြောင့်ရွေ့ဆိုင်းရ

အာရှဆရာတော်ကြီးများအဖွဲ့ကို FABC ဟုအတိုကောက်ခေါ်ပါသည်။ ယခုနှစ်အစည်းအဝေးကြီးကိုလာမည့်နို၀င်ဘာလ (၃ မှ ၂၀) ရက်နေ့အထိထိုင်းနိုင်ငံ၊ Baan Phu Waan တွင်ကျင်းပရန်လျာ ထားခဲ့သည်ကိုရွေ့ဆိုင်းလိုက်ပြီး၊ ကျင်းပမည့်နေ့ကိုထုတ်ဖော်ကြေငြာ ခြင်းမရှိသေးပေ။ ထို့အတူအဖွဲ့၏ အဓိကတာ၀န်ခံများ၏အစည်းအဝေးကိုလာမည့်ဇွန်လတွင်ကျင်းပရန်လျာထားသော်လည်းအခြေအ နေကြောင့် ရွေ့ဆိုင်းခဲ့ရပြန်သည်။

ယခုနှစ်၏သတင်းစကားကို FABC ၏ဥက္ကဌဖြစ်သော မြန်မာနိုင်ငံ၊ ရန်ကုန်မှကာဒီနယ်ချားလ်စ်မောင်ဘိုနှင့်အိန္ဒိယနိုင်ငံ၊ Bombay မှကာဒီနယ် Oswald Gracis တို့မှ လက်မှတ်ရေးထိုးခဲ့သည်။ FABC အဖွဲ့၀င်နိုင်ငံအများစုသည် lockdown အခြေအနေ၌ ပါ၀င်နေပါသည်။ ထို့ကြောင့်သမိုင်း တွင်ရစ်မည့်အမှောင်လွှမ်းသောနေ့ ခေတ်မှီကမ္ဘာကြီးအတွက်၄င်းတို့အနေဖြင့်အလွန်ခံစားရပါကြောင်း၊ ဤအခြေအနေမျိုး၌ဘုရားသခင်ကိုအားကိုးရမည်ကိုပိုသိလာပြီး၊ ကျွန်ုပ်တို့ ၏ယုံကြည်ခြင်းသည်လည်း အားပြည့်မောက်လာရပါသည်။ ဤအမှောင်လွှမ်းသောအခြေအနေမှများမကြာမီအားလုံးလွတ်မြောက် လာကြတော့ မည်။ ထိုသို့လွတ်မြောက်လာခြင်းနှင့်အတူဘာသာရေးနိုးကြားမူလည်းပိုမိုနက်ရှိုင်းလာမည် ဟုလည်းမျှော်လင့်ပါကြောင်း၊ ကျန်းမာရေးအရေး ပေါ်အခြေအနေများထွက်ပေါ်လာခဲ့သော်လည်း၊ FABC ၏အထွေထွေအစီအစဉ်အတွက် ဒေသအစည်းအ​ေဝေးများပြုလုပ်ထားခဲ့ပြီးဖြစ်နေပါ သည်။

အဆိုးထဲမှအကောင်းကားအစည်းအဝေးအတွက်အဖွဲ့၀င်များခရီးသွားရန်အဆင်မပြေသော် လည်းဗွီဒီယိုလိုင်းများဖြင့်ချိပ်ဆက်နိုင် ကြသည်။ ဆွေးနွေးမူ၊ သုံးသပ်မူများကိုလည်းပြုလုပ်နိုင်ခဲ့သည်။ အခြေအနေသည်တိကျစွာပြောဆိုရန်ခက်ခဲနေပါသည်။ မည်သို့ပင်ဖြစ်စေအခြေ အနေသည်ပုံမှန်ဖြစ် သွားသောအခါအစီအစဉ်များကိုကြိုတင်ရေးဆွဲထားနိုင်သည်ဟုအကောင်းဖက်မှခံယူကြပါစို့ဟုအားပေး တိုက်တွန်းထားပါ သည်။

ဤအဖွဲ့ထဲတွင်ဆရာတော်ကြီးများအဖွဲ့ချုပ် (၁၉) ခုနှင့်တွဲဖက်အဖွဲ့၀င် (၈) ပါးတို့ဖြင့်ဖွဲ့စည်း ထားသည်။ ဤအဖွဲ့၀င်များမှာအာရှ တောင်ပိုင်း၊ အာရှအရှေ့တောင်ပိုင်း၊ အရှေ့အာရှနှင့်အာရှအလယ် ပိုင်းတို့ဖြစ်ပြီး၊ အဓိကရည်ရွယ်ချက်မှာတစ်လုံးတစ်၀တည်းဖြစ် ရေးနှင့်သာသနာ့အရေး၊ တိုက်ကြီးအ တွင်းမှလူမူရေးရာများ၌သာသနာပြုအချင်း ချင်းတာ၀န်မျှယူကူထမ်းရန်ဖြစ်သည်။

ဤအဖွဲ့အစည်းကြီးကို (၁၉၇၀၊ နို၀င်ဘာလ၊ ၂၈) ရက်၊ ရဟန်း မင်းကြီးပေါလ် (၆) ကဖိလစ်ပိုင် နိုင်ငံ၊ မနီလာမြို့ သို့တမန်တော်ခရီး ကြွရောက်စဉ်အာရှမှကက်သလစ်ဆရာတော်ကြီး (၁၈၀) ပါးတွေ့ ဆုံစဉ်တည်ထောင်ခဲ့သောကြောင့်ယခုနှစ်သည်နှစ် (၅၀) ပြည့်ပြီဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်ကလည်း (၂၀၁၉၊ နို၀င်ဘာလ) ထိုင်းနိုင်ငံသို့ကြွရောက်စဉ် FABC ဆရာ တော်ကြီးများနှင့်ဘန်ကောက်တွင်တွေ့ ဆုံပြီး၊ ဤအဖွဲ့၏နှစ် (၅၀) ပြည့်နှစ်သည်သာသနာပြုများအစ ပြုခဲ့သောနယ်မြေဒေသ၊ ဘုရားဖူးနေရာများသို့ပြန်လည်သွားရောက်လည် ပတ် သင့်သည်။ အဘယ်ကြောင့်ဆိုသော်၄င်းတို့၏ခြေရာလက်ရာများချန်ထားရစ်ခဲ့ပြီး၊ ဆက်လက်ထိန်းသိမ်းရန်လည်းလို ကြောင်း၊ parrhesia ကို လည်းကြိုဆို၍ဖွံ့ဖြိုးအောင်လုပ်ဆောင်သင့်ကြောင်း၊ သို့မှသာသာသနာတော် ကြီးနှင့်အာရှလူမူအသိုင်းအ၀န်းသည်ဆန်းသစ်ပြီး၊ ဧဝံဂေလိအ ကျိုးကျေးဇူးများကိုလည်းဝေမျှနိုင်မည် ဖြစ်ကြောင်းအားပေးတိုက်တွန်းခဲ့ပါသည်။

ဘာသာပြန် ဖာသာရ် ကလဲမင့်အားတယ်

https://bit.ly/2WuH4Ne

Add new comment

9 + 6 =