အာရှခရစ်ယာန်ပေါင်းစုံအဖွဲ့၏ နှစ်စဉ်ခရစ်ယာန်ပေါင်းစုံလူငယ်များအားခေါင်းဆောင်မှုသင် တန်းပေး

အာရှခရစ်ယာန်ပေါင်းစုံအဖွဲ့၏ နှစ်စဉ်ခရစ်ယာန်ပေါင်းစုံလူငယ်များအားခေါင်းဆောင်မှုသင် တန်းပေး

ခရစ်ယာန်ပေါင်းစုံအဖွဲ့ (AEI)၊ အာရှခရစ်ယာန်အဖွဲ့၏ နှစ်စဉ်ခရစ်ယာန်ခေါင်းဆောင်များ အရည်အချင်းမြှင့်သင်တန်းကို စက်တင်ဘာလ (၁၉ မှ အောက်တိုဘာလ ၁၄) အထိကျင်းပမည်ဖြစ် သည်။ သင်တန်း၏ဆောင်ပုဒ်မှာ ‘God of Hope, Sustain Your Creation in Harmony’ (မျှော်လင့်ရ သောဘုရား၊ ကိုယ်တော်၏ဖန်ဆင်းခြင်းကိုအဓွန့်ရှည်ပြီး၊ သဟဇာတကျစေရန်ထိန်းသိမ်းတော်မူပါ’ ဟု ဖြစ်သည်။

ကိုးဗစ် (၁၉) ကပ်ရောဂါကြောင့် (၂၀၂၀ နှင့် ၂၀၂၁) အစီအစဉ်ကိုအွန်လိုင်းမှသာကျင်းပနိုင်ခဲ့ သည်။ ယခုနှစ်မှ ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ Payap တက္ကသိုလ်၌ လူကိုယ်တိုင်တက်ရောက်ကျင်းပနိုင်သည်။ အာရှနိုင်ငံအသီးသီးမှ (၂၄) ဦးတက်ရောက်လျှက်ရှိသည်။

ဤအစီအစဉ်ကို (၂၀၁၆) မှစတင်ခဲ့ပြီး၊ သာသနာပြောင်းလဲတိုးတက်စေရန်နှင့်အာရှမှ ခရစ်ယာန် ပေါင်းစုံ၏ခေါင်းဆောင်များအား အဘယ်သို့အချင်းချင်းပိုမိုစည်းလုံးအောင်လုပ်ဆောင်သင့်သည်များကို ပို့ချပေးသောလမ်းကြောင်းတစ်ခုဖြစ်သည်။ ဦးဆောင်မှုကိုမူနိုင်ငံတကာမှအသိ အမှတ်ပြုထားသောအဖွဲ့ အစည်းများကဆောင်ရွက်သည်။ တစ်လခန့်ကြာမြင့်သော ဤသင်တန်း၏ရည်ရွယ်ချက်မှာ ခရစ်ယာန် ခေါင်းဆောင်များအရည်အချင်းပြည့်မှီရန်၊ ဖန်ဆင်းခြင်းကိုထိန်းသိမ်းသော မျှော်လင့်ရမည့်ဘုရားအ ကြောင်းကိုနက်ရှိုင်းစွာသိရန်၊ တက်ကြွမှု၊ အစွမ်းသတ္တိ၊ ဤအသင်းအဖွဲ့မှချမှတ်သည်များကိုလက်တွေ့ ဖော်ဆောင်ရန်၊ သို့မှသာ ဘုရားသခင်၏ဖန်ဆင်းခြင်းနှင့်သဟဇာတဖြစ်သောအသက်တာကိုရှင်သန်စေ ရန်ဖြစ်သည်။ AEI–2022 အဖွဲ့ထဲ၌ ဘာသာရေး၊ လူမှုရေးမှကျွမ်းကျင်ပညာရှင်များပါသည်။ ၄င်းအဖွဲ့ကို (၁၉၅၇) ခုနှစ်က တည်ထောင်ခဲ့သည်။

CCA သည် ပထမဦးဆုံးသော ကမ္ဘာ့ခရစ်ယာန်ပေါင်းစုံအဖွဲ့ကြီး ဖြစ်သည်။ ၄င်းသည် သာသနာလုပ်ငန်းများ၊ အာရှရှိခရစ်ယာန်များအချင်းချင်းပိုမိုစည်းလုံးအောင်မည်သို့ လုပ်ဆောင်မည့်နည်းလမ်းများကိုဖော်ထုတ်လျှက်ရှိသည်။ ၄င်းသည် ကမ္ဘာ့ခရစ်ယာန်ကောင်စီနှင့်ချိပ် ဆက်ထားသည်။ (၂၀၁၇) က CCA သည် တည်ထောင်ခြင်း (၇၅) နှစ်ဂျူဗလီကိုလည်းကျင်းပါခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3STzl78

Add new comment

4 + 2 =