အာရှကက်သလစ်သာသနာတော်၏ ကိုဗစ် ၁၉ ကာလ အီစတာကျင်းပပုံ

အာရှကက်သလစ်သာသနာတော်၏ ကိုဗစ် ၁၉ ကာလ အီစတာကျင်းပပုံ

အာရှကက်သလစ်သာသနာတော်၏ ကိုဗစ် ၁၉ ကာလ အီစတာကျင်းပပုံ

ကိုရိနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်းနည်းတူ အာရှနိုင်ငံများမှာလည်း အိမ်တွင်းအောင်းနေကြရတဲ့ Lockdown အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။
ဒါကြောင့် အာရှတိုက် ရှိ ကက်သလစ် သာသနာ အသီးသီးမှာလည်း အီစတာဝါကျွတ်ပွဲတော်ဟာ အွန်လိုင်း Live streaming နဲ့ တီဗီ အစီအစဉ်မှတဆင့်သာ ထုတ်လွှင့်ပြီးဘာသာဝင်များကို အိမ်မှ ပါဝင် ဆုတောင်းဝတ်ပြုစေခဲ့တာပါ။
အာရှတိုက်အတွက် ကက်သလစ် တိုင်းပြည်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်က ဆရာတော်ကြီးများဟာ အခုလိုအချိန်မှာ အများအတွက် ဆက်ကပိသူများအတွက် အထူးကျေးဇူးတင် အသိအမှတ်ပြုခဲ့ကြပါတယ်။
အဲန်ဂျဲလက်စ် မြို့က Holy Rosary ဘုရားကျောင်းမှာတော့ ဘာသာ၀င်များကင်းမဲ့နေတဲ့ ဘုရားကျောင်းထိုင်ခုံများမှာ မိသားစု များရဲ့ ဓာတ်ပုံများကို အီစတာ ပွဲတော် ပါ၀င်တဲ့ အသွင် ကပ်ထားခဲ့ကြောင်းနဲ့ ၄င်းဓာတ်ပုံများကို ဘာသာ၀င်များက ကျောင်းထိုင်ဘုန်းတော်ကြီးထံ အီးမေးလ် နဲ့ ပို့ခဲ့ကြခြင်းဖြစ်ပါကြောင်း ဗာတီကန်သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

https://bit.ly/2REHPS9

 

Photo Credit: AFP

Add new comment

2 + 9 =