အာရှကက်သလစ်ဆရာတော်များ၏ ညီလာခံအစည်းအ ဝေးကြီးဒုတိယနေ့

အာရှကက်သလစ်ဆရာတော်များ၏ ညီလာခံအစည်းအ ဝေးကြီးဒုတိယနေ့

အာရှကက်သလစ်ဆရာတော်ကြီးများ၏ ညီလာခံ ဒုတိယနေ့၌လည်း အာရှတစ်ခွင်ရူစားခြင်းကိုဆက်လက် ပြုလုပ်ခဲ့သည်။

ဒုတိယ်နေ့သည် အောက်တိုဘာလ (၁၄) ရက်နေ့ဖြစ်သည်။ ထိုနေ့၌ ကမ္ဘောဒီးယား၊ လော၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ အရှေ့တီမော၊ ကိုးရီးယား၊ မလေးရှားနှင့်စင်ကာပူနိုင်ငံတို့မှအသီးသီး အစီရင်ခံစာတင်ပြသွားခဲ့သည်။

နိုင်ငံအသီးသီး၏ကိုယ်စားလှယ်များတင်ပြချက်၌ ဘုံလူမျိုးစုဖွဲ့စည်းနိုင် ရေးအကြောင်းနှင့်တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူညီမှုများကိုဖော်ထုတ်ကြရန်၊ ထို့နောက်အတူတကွလက်တွဲ လုပ်ဆောင်ပြီးရှေ့ဆက်ကြရန်ဖြစ်သည်။

ဂိုဏ်းချုပ်ဆရာတော် Gintaras Linas Grusas က CCEE ၏ကိုယ်စား ဥရောပတစ်ခွင်နှင့်စပ် လျလျင်း၍ ရှေ့ဆက်ခရီးနင်ရန် ၄င်း၏ မျှော်လင့် ချက်များ၊ လက်တွေ့လုပ်ဆောင်ရန်လိုအပ်ချက်များကို ယျေဘူယျအမြင်ကိုတင်ပြသွားသည်။

ဒုတိယအပိုင်းကိုလည်း အဖွဲ့သစ်များပြန်ဖွဲ့၍ တင်ပြသွားချက်များအပေါ် အဖွဲ့လိုက်ပြန်လည်ဆွေးနွေးခြင်း၊ ထောက်ရူခြင်းများပြုလုပ်၍ အဆုံးသတ်ခဲ့သည်။ တစ်နေ့တာကို မစ္ဆားတရားပူဇော်ခြင်းဖြစ်အစပြုခဲ့ကာ ထိုမစ္ဆားတရားကို ကာဒီနယ် Baselios Cardinal Cleemis, Malankara ကဦးဆောင်ပူဇော်ခဲ့သည်။

အစီအစဉ်ကို ကာဒီနယ် Cardinal Gracias ၏ညနေဆုတောင်း မေတ္တာဖြင့်အဆုံးသတ်ခဲ့ကြသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3T1GBxY

Add new comment

8 + 2 =