အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် တတိယနေ့ ‘အာရှတစ်ခွင်ရှုစားခြင်း’

အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် တတိယနေ့ ‘အာရှတစ်ခွင်ရှုစားခြင်း’

အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ တတိယနေ့ကို အောက်တိုဘာလ (၁၅) ရက် နေ့ကကျင်းပခဲ့သည်။

အစီအစဉ်ကိုကာဒီနယ် Joseph Coutts မှဦးဆောင်မစ္ဆားတရားပူဇော်ဖွင့်လှစ်ပေးခဲ့ သည်။ အချင်းချင်းနားထောင်းပေးခြင်းလောက် ကောင်း ကျိုးပေးသည့်အမှုမရှိကြောင်း၊ ကျေးဇူးတင် တတ်ရန်၊ မျှော်လင့်ချက်ထားရှိရန်၊ သန့်ရှင်းခြင်းသို့ခေါ်ဆောင်ရာတွင်နှလုံးသားအတွင်းမှလိုက်ကြရန် အားပေးခဲ့သည်။

ဘန်ကောက်ဆရာတော် ကာဒီနယ် Francis Xavier Kriengsak Kovithavanij မှတတိယနေ့၏ အစီအစဉ်ကိုဦးဆောင်ပေးခဲ့သည်။ ဘန်ကောက်ကာဒီနယ်သည် မစ္ဆားတရာအတွင်းမှကာဒီနယ် ၏ဩ ၀ါဒကို ပြန်လည်ထောက်ရှုပြီး ဧ၀ံဂေလိတရားကိုစကားလုံးနှင့်အသက်တာဖြင့်ကျွန်ုပ်တို့၏နေ့စဉ်အ သက်တာ၌ ဟောကြားရန်အရေးကြီးကြောင်း၊ ဧ၀ံဂေလိတရားကို ကျွန်ုပ်တို့၏နေ့စဉ်အသက်တာသို့ ယူဆောင်လာရမည်ဖြစ်ကြောင်း၊ ယေဇူးသခင်သည် ကျွန်ုပ်တို့အထဲ၌ရှိကြောင်းကိုသတိရပြီး ဤအစီအစဉ်သို့တက်ရောက်ကြမည့်သူများကိုလှိုက်လှဲစွာဖိတ်ခေါ်ကြိုဆိုခဲ့သည်။

နံနက်ဆုတောင်းမေတ္တာကိုမှု ပါကစ္စတန်မှ စိန့်ပေါလ်သမီးများစစ္စတာရ်အသင်းက ဗွီဒီယိုဖြင့် သီချင်းနှင့်ဆင်ခြင်စရာများဖြင့်ဦးဆောင်ခဲ့သည်။

တတိယနေ့အစီရင်ခံစာများကို ဂျပန်၊ ထိုင်၀မ်၊ ဗီယက်နမ်၊ ကက်ဇာစတန်၊ ကစ်ဂျစ္စတန်၊ မွန်ဂိုး လီးယား၊ မြန်မာ၊ ဟောင်ကောင်နိုင်ငံမှတင်သွင်းခဲ့သည်။

နိုင်ငံအသီးသီးကတင်ပြသွားသောအကြောင်း အရာ၏နောက်ခံသမိုင်းကြောင်းများကိုလည်း ကောင်း၊ နိုင်ငံရှိဘာသာတူတို့၏အောင်မြင်မှု၊ စိန်ခေါ်ချက် များ၊ နားလည်အောင်ကြိုးစားရင်း နားထောင်ပေးလျှက်ရှိကြောင်းတင်ပြသွားသည်။ ထို့နောက် အဖွဲ့သစ် များထပ်မံဖွဲ့၍ ဆွေးနွေးမှုများကိုပြုလုပ်ခဲ့သည်။

USCCB ၏ဥက္ကဌဖြစ်သော Most Reverend Oscar Azarcón Solis ကလည်း အာရှကက်သလစ် ဆရာတော်ကြီးများ၏ကြိုးစားအားထုတ်မှုအပေါ်သုံးသပ်ပြီး အကျိုးရှိသောအစည်းအ​ေ၀း ဖြစ်ရန်ဆန္ဒပြုသည်။ သူက အမေရိကန်ပြည်ထောင်စု၏ ယျေဘူယျကက်သလစ်သာသနာ၏အခြေအနေနှင့်စပ် လျင်း၍‌ေ၀မျှခဲ့သည်။

USCCB အနေဖြင့်လည်းအာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့နှင့်ပေါင်း စည်းနေမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးအားကိုယ်စားပြုတက်ရောက်လာသူများအနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များ၌အောင်မြင်စေရန်လည်းသူကဆန္ဒပြုခဲ့သည်။

ကက်သလစ်ကယ်ဆယ်ရေးအဖွဲ့၏အဖွဲ့၀င်များ၊ တာ၀န်ရှိသူများကလည်း အဖွဲ့၏လုပ်ဆောင် ချက်၊ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့်လက်ရှိကြေမုံ၌အဖွဲ့အစည်းအနေဖြင့်အဘယ်သို့လိုအပ်နေ ကြောင်း၊ အစီအဝေး တက်ရောက်လာသောကိုယ်စားလှယ်များအနေဖြင့် မိမိတို့နိုင်ငံသို့ပြန်သွားသော အခါ နိုင်ငံ၏လက်ရှိလိုအပ်ချက်များကိုကူညီနိုင်ရန် တိကျပြတ်သားသောလုပ် ဆောင် ချက်များကိုဖော် ဆောင်ကြရန်တိုက်တွန်းခဲ့သည်။

ဖာသာရ် Clarence Devadass ကလည်းနိုင်ငံအသီးသီး၏ကိုယ်စားလှယ်များတင်ပြခဲ့မှုအပေါ် ပြန်လည်သုံးသပ်ချက်ကိုပေးခဲ့သည်။

ထိုသို့တင်ပြရာတွင် အချက် (၄) ခွဲ၍တင်ပြထားသည်။

(၁) ပျော် စရာ၊ (၂) စိုးရိမ်စရာ၊ (၃) သာသနာကအဘယ်သို့တုန့်ပြန်လာခဲ့သနည်း၊ (၄) အာရှကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်မှ အပြောင်းအလဲကိုအဘယ်သို့လုပ်ဆောင်ပေးနိုင်သနည််ဆိုသည့်အချက်ဖြစ်ပါ သည်။ တတိယနေ့လည်းဖြစ်ပြီး နောက်ဆုံးနေ့လည်းဖြစ်သောအစီအစဉ်ကို ကာဒီနယ် Kriengsak မှ ညနေဆုတောင်းမေတ္တာဖြင့်ပိတ်သိမ်းခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3VIUZgz

Add new comment

10 + 8 =