အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဉက္ကဌမှ အာဗီအေ မိုဘိုင်းအက်ပလီကေးရှင်းအသစ်အား ဖွင့်လစ်ပေးမည်

အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဉက္ကဌမှ အာဗီအေ မိုဘိုင်းအက်ပလီကေးရှင်းအသစ်အား ဖွင့်လစ်ပေးမည်

အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဉက္ကဌမှ အာဗီအေ မိုဘိုင်းအက်ပလီကေးရှင်းအသစ်အား ဖွင့်လစ်ပေးမည်

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးလည်းဖြစ်၊ အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဉက္ကဌလည်းဖြစ်သူ ကာဒီနယ်ချားစ်မောင်ဘိုမှ လာမယ့်အောက်တိုဘာ ၁၂ ရက် တနင်္လာနေ့မှာ ရန်ကုန်စိန့်မေရီကာသီဒြယ်ကျောင်းတော်ကြီးကနေပြီးတော့ အာဗီအေမိုဘိုင်းအက်ပလီကေးရှင်းအသစ်ကို ဉီးဆောင်ဖွင်လစ်ပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီနေ့ဟာဆိုရင် အာဗီအေရဲ့ပင်မဒေါက်တိုင် တစ်ဉီးဖြစ်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ၂၃ ဆက်မြောက် ဂျွန် ကိုအောက်မေ့ဖွယ်နေ့လေးလည်းဖြစ်ပါတယ်။

အာရှသမ္မာတရားအသံလွှင့်ဌာန အာဗီအေဟာ ဆိုရင် မီဒီယာနည်းလမ်းအသွယ်သွယ်ကနေ ၁၉၆၉ ခုနှစ်ကစပြီး အာရှတိုက်ဆရာတော်ကြီးများက ကြီးမှူးပြီးစတင်တည်ထောင်ခဲ့တာပါ။ အာရှတိုက်နဲ့ အာရှတိုက်အလွန်မှ အာရှသားများနဲ့ ဘာသာ၊ရိုးရာယဉ်ကျေးမှု၊  နွမ်းပါးသူများနဲ့ ဆွေးနွေးဖလှယ်ချင်းအားဖြင့် သတင်းကောင်းဟောကြားမယ်ဆိုတဲ့ အာရှတိုက်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရဲ့ သာသနာပြုလုပ်ငန်းမှာ အာဗီအေ ဟာ ဝေငှပါဝင်လာခဲ့တာဖြစ်ပါတယ်။

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားစ်မောင်ဘို မှ အောက်တိုဘာ ၁၁ ရက်နေ့ မစ္ဆားတရားအတွင်း အာဗီအေ မိုဘိုင်းအက်ပ် ဖွင့်ပွဲဉီးဆောင်ခြင်းအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ မစ္ဆားတရားအပြီးမှာ ကာဒီနယ်မှ မင်္ဂလာ သတင်းစကားမြွက်ကြားပေးသွားမှာပါ။

အာရှဆရာတော်ကြီးများအဖွဲ့ချုပ်၊ လူထုဆက်သွယ်ရေးတာဝန်ခံဆရာတော်ကြီးမှလည်း ဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားမှာဖြစ်သလို အဖွဲ့ဝင်ဆရာတော်ကြီးများနဲ့ ဘုန်းတော်ကြီးအချို့အပြင်၊  ကက်သလစ်မီဒီယာကောင်စီ ဂျာမနီ၏ ဉက္ကဌ မိုက်ကယ် တို့မှလည်း အွန်လိုင်းမှပါဝင်ကာ အမှာစကားပြောကြားပေးကြမှာဖြစ်ပါတယ်။

ဒီမိုဘိုင်းအက်ပ် ဖွင့်ပွဲအစီအစဉ်လေးဟာ အွန်လိုင်းကနေပြုလုပ်တာဖြစ်လို့ ဒီအစီအစဉ်မှာပါဝင်တက်ရောက်သူအားလုံးဟာ ဒေါင်းလို့ဒ်လုပ်ထားတဲ့ အာဗီအေ မိုင်ဘိုင်းအက်ပလီကေးရှင်း အသစ်နဲ့ ဖုန်းကိုကိုင်ဆောင်တဲ့ ပုံတေကို အွန်လိုင်းကနေ ရိုက်ကူးမှတ်တမ်းတင်သွားမှာပါ။

အာဗီအေမိုဘိုင်းအက်ပ် ဖန်တီးရှင် ကက်သလစ်ဆက်သွယ်ရေး အဖွဲ့မှ မစ္စတာရှီဘူး ကလည်း မိုဘိုင်းအက်ပ် နဲ့ ပတ်သက်ပြီးရှင်းလင်းပြောကြားမှာဖြစ်ပါတယ်။

အာရှသမ္မာတရားအသံလွှင့်ဌာန၊ အာရှခရစ်ယာန်ဒေသနာတော်အသံ ဟာ နေ့စဉ်ထောက်ရှုချက်တွေ၊ ခွန်အားပေး စာစုတွေ၊ သန့်ရှင်းသောကျမ်း နဲ့ စာပေများလေ့လားခြင်း၊ စံပြုဂုဏ်ယူထိုက်သူများအကြောင်း၊ မစ္ဆားတရားတိုက်ရိုက်ထုတ်လွှင့်ခြင်းများ ၊ သဒ္ဒါကြည်ညိုခြင်းထား ဆုတောင်းမေတ္တာများ အကြောင်းတွေကို တနေရာထဲမှာ တစ်စုတစ်စည်းတည်း တင်ဆက်ပေးနေတာပါ။

၁၉၉၅ ခုနှစ်က အာဗီအေရဲ့ ငွေစင်ဂျူဗလီအတွက် ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့တော်ကို ကြွရောက်ခဲ့တဲ့ ယခင် ပုပ်ရဟန်းမင်းကြီးဒုတိယမြောက်ယောဟန်ပေါလူး၊ ယခု ကြီးမြတ်သော ရဟန္တာဂျွန်ပေါလ် မှတ်ချက်ပြုခဲ့သည့် အာဗီအေအတွက် အထင်ကရ မှတ်သားဖွယ် စကားတော်ဖြစ်တဲ့ "အာရှဘာသာစကားအသီးသီးနဲ့ သတင်းကောင်းကိုဝေမျှနေတဲ့ အာဗီအေဟာ အမှန်တကယ် အာရှခရစ်ယာန်ဒေသနာတော်အသံဖြစ်တယ်" ဆိုတဲ့ စကားကို အောက်မေ့သတိယကာ "အာရှခရစ်ယာန်ဒေသနာတော်အသံ အဖြစ် အာရှကက်သလစ်အသင်းတော်မှာ ပိုမိုအသက်ဝင်နေစေဘို့ ဒီဂျစ်တယ် အသံလွှင့်ခြင်းအားဖြင့် အာဗီအေဟာ ဆက်ကပ်နေပါတယ်" လို့ အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ လူထုဆက်သွယ်ရေးရုံးတော်ရဲ့ အဖွဲ့ဝင် Father Plathottam က ပြောကြားခဲ့ပါတယ်။

အာဗီအေဖိလစ်ပိုင်ရုံးချုပ်ရဲ့ မန်နေဂျာဖြစ်တဲ့ Father Victor Sadaya, CMF ကလည်း "အာဗီအေရဲ့သာသနာပြုတာဝန်ဟာ ကမ္ဘာတလွှားက အာရှသားတွေဆီကို ဘာသာစကား ၂၁ မျိုးအားဖြင့် သခင်ခရစ်တော်ရဲ့သတင်းကောင်းကို ဝေမျှခြင်းဖြစ်တယ်" လို့ဆိုပါတယ်။

တဖန် "ယခုမိုဘိုင်းအက်ပ်အသစ် ကို အသုံးပြုသူတွေဟာ မိမိတို့ကြိုက်တဲ့ ဘာသာစကားကို ရွေးချယ်နားဆင်နိုင်ကြတော့မှာပါ ။ အာဗီအေ ဟာ (ဘင်္ဂါလီ ၊ ဖလမ်းချင်း ၊ ဟားခါးချင်း ၊ တီးတိန်ချင်း၊ ဟင်ဒီ၊ မုန်၊ ဂျိန်းဖော့ကချင်၊ လီဆူးကချင်၊ ရဝမ်ကချင်၊ စကောကရင်၊ ပိုးကရင်၊ ချိုချင်း၊ ခေမာ၊ မန်ဒရင်းတရုတ်၊ မြန်မာ၊ စင်ဟာလ ၊ တာမီလ် ၊ တယ်လီဂု ၊ အူသ်ဒူး ၊ ဗီယက်နမ် ၊ ဇိုချင်း) စတဲ့ အာရှ ဘာသာစကား (၂၁) မျိုးနဲ့ ထုတ်လွှင့်ပေးနေပါတယ် လို့" အာဗီအေ ဘာသာစကားအသီးသီးရဲ့ တာဝန်ခံ ဒါရိုက်တာဘုန်းတော်ကြီးဖြစ်တဲ့ Father Bernard Dashi Tang က ပြောကြားခဲ့ပါတယ်။

"အသိ ၊ သတိ ရှိကာ ခွန်အားယူရင်း ယုံကြည်ခြင်းကို မျှဝေနိုင်မယ့် အက်ပ် လေးတခုဖြစ်ပါတယ်" လို့ အာဗီအေရဲ့ အယ်ဒီတာ Father Feroz Fernandes, SFX ကလည်းဆိုပါတယ်။

မိုဘိုင်းအက်ပလီကေးရှင်းအသစ်ကို အန်ဒရွိူက်ဖုန်းအသုံးပြုသူများအတွက် Google Play Store မှာ Apple အသုံးပြုသူများအတွက် App Store တို့မှာ ရယူနိုင်ကြပါတယ်။

အာဗီအေ အစီအစဉ်များဒါရိုက်တာ၏ အတွင်းရေးမှူး Ms. Arlene A. Donarber က အာဗီအေ မိသားစုဝင်ဖြစ်ကြဘို့ အာဗီအေနဲ့ ချိပ်ဆက်ပြီး သတင်;ကောင်းကို နာယူကြဘို့ ဖိတ်ခေါ်ထားပါတယ်။ ဖွင့်ပွဲမှာတော့ မိုဘိုင်းအက်ပ် နဲ့ ပက်သက်တဲ့အချက်တွေကို သူမကပဲ ရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပြီး  အာဗီအေမိုဘိုင်းအက်ပလီကေးရှင်းဖွင့်ပွဲ မစ္ဆားကို ရန်ကုန်စိန့်မေရီကာသီဒြယ်ကျောင်းတော်ကြီးကနေ တိုက်ရိုက်ထုတ် လွှင့်ပေးသွားမှာဖြစ်ပါတယ်။ 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

 

Add new comment

12 + 1 =