အာရှကက်သလစ်ဆရာတော်ကြီးများမှအာရှလူထုထံပန်ကြားချက်

အာရှကက်သလစ်ဆရာတော်ကြီးများမှအာရှလူထုထံပန်ကြားချက်

အာရှတိုက်မှ ကက်သလစ်သာသနာတော်ကြီး၏သိုးထိန်းများဖြစ်ကြသော ကျွန်ုပ်တို့အနေဖြင့် ဤပျော်ရွှင်စရာ၊ မျှော်လင့်ခြင်းနှင့်တပ်တူ ရှိနေကြောင်း အာရှတိုက်သားများအား သတင်းစကားပါးပါသည်။

အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ အစည်း အဝေးကြီးအားဖြင့် အာရှအားဘုရားသခင်ကောင်းကြီးထူးသွန်းလောင်းခြင်းအတွက်ကျေးဇူးတင်ပါသည်။ ဤအဖွဲ့အစည်း၏အဖွဲ့၀င်ထဲ၌ ဆရာတော် (၁၇) ပါး၊ အရှေ့ တိုင်း ၀ိနည်းကက်သလစ်သာသနာမှဆရာတော် (၂) ပါးတို့ပါ၀င်ခဲ့ကြသည်။ အစည်းအ ဝေး ကြီး၏ဆောင်ပုဒ်မှာ ‘အာရှလူထုများအတူတကွ လျှောက်လှမ်းစို့’ ဟူ၍ဖြစ်သည်။ ဤဆောင်ပုဒ်သည် လွန်ခဲ့သော နှစ်ပေါင်း (၅၀) ကပင်အတူလျှောက်လှမ်းခဲ့ကြောင်း ဤဆောင်ပုဒ်ဖြင့်ပြန်လည်အ တည်ပြုပါကြောင်း၊ ထို့အတူ ပို၍အသက်၀င်လာစေရန်၊ လျှောက်လှမ်းအသစ်များကိုလည်းဖောက်လျှောက်ရမည်ဖြစ်သည်ဟုဆိုသည်။

ကျွန်ုပ်တို့အားလှိုက်လှဲနွေးထွေးစွာကြိုဆိုပြီး၊ အစည်းအ ဝေး ကြီးသို့လည်း ယဉ်ကျေးမှု၀န်ကြီးအားကြွရောက်စေသည့်အတွက် ထိုင်း တော်၀င်အစိုးရအားကျေးဇူးတင်ပါကြောင်း၊ ထိုင်းနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အားလည်းကျေးဇူးအထူးတင်ကြောင်း၊ အထူးသ ဖြင့် ဤထူးကဲသောနှစ် (၅၀) ပြည့်ရွှေရတုမဂ်လာနှစ်အား အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ပြုသော မြို့တော်ဘန်ကောက် ၏ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်အားကျေးဇူးတင်ကြောင်း၊ ဗာတီကန်၏ကိုယ်စားလှယ်မှစ၍အခြားသောကမ္ဘာ့တိုက်ကြီးများမှကိုယ်စားလှယ်များလည်း ဤအစည်းအ‌ ေ၀းကြီး၌ပါ၀င်ခြင်းအတွက်လည်းကျေးဇူးတင်ပါကြောင်း၊ ဤအစည်းအဝေးကြီး၌အကျိုးရှိသောဆုတောင်းခြင်းကိုပြုနိုင်ခြင်း၊ နားထောင် ခြင်း၊ ဆန်းစစ်ခြင်း၊ အချင်းချင်းအားပေးသည့်အသီးအပွင့်များကိုရရှိစေခဲ့ကြောင်း၊ ကိုးဗစ် (၁၉) ကြောင့်ထိခိုက်နာကျင်ခံစားခဲ့ရသောဒဏ်ကို ကု စားသောအချိန်လည်းဖြစ်ကြောင်း၊

ကျွန်ုပ်တို့၏တင်ပြဆွေးနွေးချက်များအားဖြင့် အာရှတိုက်၏ လိုအပ်ချက်များ၊ လစ်လပ်နေမှုများကိုထင်ဟပ်ပေါ်လွင်စေခဲ့ကြောင်း၊ အာရှ တိုက်၏ အခြေ အနေများကိုပြန်လည်သုံးသပ်ပြီးနောက် အတူတကွရှေ့ဆက်လျှောက်လှမ်းရန်အတွက် အသိ၊ မျှော်လင့်ချက်၊ သတ္တိရရှိလာသကဲ့ သို့ အာရှ၏ကောင်းကျိုးအတွက် ဆုံးဖြတ်ချက်များကိုလည်းချမှတ်နိုင်ကြောင်း၊ ကမ္ဘာ့တိုက်ကြီးအသီးသီးမှ မတူညီသောစိန်ခေါ်မှုများ၏အကူအ ညီနှင့်တရားမျှတခြင်းကိုတောင်းဆိုနေမှုကိုလည်းကြုံရကြောင်း၊

- ချို့တဲ့နွမ်းပါးသူတို့၏ဒုက္ခ၊ အခွင့်အရေးဆုံးရှုံးမှု၊ အပယ်ခံများဂုဏ်သိက္ခာရှိစွာရှင်သန်ရေး၊

- ဒုက္ခသည်များ၊ ရွှေ့ပြောင်းများ၊ နေရပ်စွန့်ခွာထွက်ပြေးရသူများ၊ ဌာနေတိုင်းရင်းသားများ၏ စိုးရိမ်မှုများ၊ ဂုဏ်သိက္ခာရှိပြီး၊ လုံခြုံသော နေရာရရှိရေး၊

- ဖြုန်းတီးခံနေရသော သဘာ ၀တရား၏ငိုညည်းသံ၊ ရာသီဥတုပြောင်းလဲခြင်း၊ ကမ္ဘာကြီးပူနွေးလာမှု၊ လုံလောက်သောဂရုစိုက်မှုပေးရန် တောင်းဆိုမှု၊

- သာသနာတော်ကြီးအတွင်း ၌လည်းကောင်း၊ လူမှုအသိုင်း အဝိုင်း၌လည်းကောင်း လူငယ်များအဓိပ္ပါယ်ရှိရှိဖြင့် မိမိတို့၏ အတွေးအမြင်များ ကိုဖော်ထုတ်နိုင်ရန်၊

- သာသအတွင်း၌ အမျိုး သမီးများအားလည်းနွေးထွေးစွာပွေ့ပိုက်နေရာပေးရေး၊ ၄င်းတို့၏ဂုဏ်သိက္ခာကိုလေးစားခြင်း၊ လူမှန်နေရာမှန်စွာ သုံးရန်၊

- မိသားစုများသည် ပို၍ တည်ငြိမ်ပြီး၊ အားလုံးထံမှအထောက်အပံ့ရရေးကိုရှာဖွေနေသည်။

- ထို့အတူအောက်ပါအခြေ အနေများကိုလည်းအထူးစိုးရိမ်ကြောင်း၊

- နာကျင်ခံစားနေရသောအချို့သာသနာများ၏‌ေ၀ဒနာကို သက်တောင့်သက်သာဖြစ်အောင် စာနာစိတ်၊ မျှကူခံထမ်းပေးရန်၊

- အစွန်းရောက်တို့၏အသံများကျယ်လောင်စွာထွက်ပေါ်လာမှုကို အမြှော်အမြင်ကြီးစွာဖြင့်တုန့်ပြန်ပေးရန်၊

- လူ့အသက်ကိုအထူးလေး စားကာကွယ်တတ်ခြင်းသည် လူမှုအသိုင်းအဝိုင်းအတွင်း၌ လုပ်ဆောင်ရန်၊

- ကျွန်ုပ်တို့၏တိုက်ကြီးအတွင်း အကြမ်းဖက်မှု၊ ပဋိပက္ခများတိုးပွားလာနေမှုသည် တွေ့ ဆုံဆွေးနွေးရေးကို‌တောင်းဆိုနေကြောင်း၊

- လူမှုအသိုင်းအဝိုင်းသည် နည်းပညာ၏စိန်ခေါ်ပြောင်းလဲမှုကိုရင်ဆိုင်နေရသည်။ ဤနည်းပညာ၏စိန်ခေါ်ချက်သည် အကျိုးလည်းရှိ သကဲ့သို့ ဆိုးကျိုးများကိုလည်းရှိသည်။

ဆုတောင်းခြင်းနှင့်လက်တွဲလုပ် ဆောင်ခြင်းအားကိုပြု၍ချစ်ခြင်း၊ စာနာခြင်း၊ တရားမျှတခြင်း၊ ခွင့်လွှတ်ခြင်း၌ ဤစိန်ချက်များကိုတုန့် ပြန်လိုပါသည်။ ငြိမ်းချမ်းခြင်းနှင့်ပြန်လည်ကြေအေးသင့်မြတ်ခြင်းသည် တစ်ခုတည်းသောရှေ့ဆက်ရန်နည်းလမ်းဖြစ်သည်ဟုယုံကြည်ပါ သည်။ အချင်းချင်းနားထောင်ခြင်းနှင့်တရားတော်နှင့်ညီသောဆန်းစစ်မှုကိုအခြေခံသည့်နည်းလမ်းသစ်များဖြင့်တမန်တော်လုပ်ငန်း များကိုဖော်ဆောင်ရန် အမြင်များကိုရရှိခဲ့ကြသည်။

ဧ၀ံဂေလိတရားတော်နှင့်ရဟန်း မင်းကြီးဖရန်စစ်၏သွန်သင်မှုများကိုအခြေခံ၍

- ကျွန်ုပ်တို့သည် သွားရောက်ရန်ခက်ခဲသည့်နေရာများသို့အရောက်သွားမည်ဟုအဓိဌာန်ပြုသည်။ ကျွန်ုပ်တို့သည်အကူအညီလိုအပ်ဆုံးသူများထံသို့ ၀မ်းမြောက်၀မ်းသာသွား ရောက်အစေခံရန်ခေါ်တော်မူခြင်းခံရသည်။

- ကျွန်ုပ်တို့သည် တမန်တော်လုပ်ငန်းနှင့်သဘာ၀ပတ်၀န်းကျင်ကိုအပြုသဘောဆောင်သည့်ပြုပြင်ပြောင်းလဲရေးဖြစ်သည့် ‘ကမ္ဘာမြေကြီး ၏ငိုကြွေးသံနှင့်ချို့တဲ့နွမ်းပါးသူတို့၏ငိုကြွေးသံကိုနားစွင့်တုန့်ပြန်ရန်ခေါ်တော်မူခြင်းခံရသည်။

- ကျွန်ုပ်တို့သည် အချင်းချင်း ၏လိုအပ်ချက်များကိုဖြည့်စွက်ခြင်းနှင့်သဟဇာတရှိစေရန် ခေတ်ကာလ၊ အသင်းအဖွဲ့ ၏ လိုအပ်ချက်ကို စိတ်ရင်းကောင်းဖြင့်ဆွေးနွေးတင်ပြချက်ကို နားစွင့်တတ်ရန်ခေါ်တော်မူခြင်းခံရသည်။

- ကျွန်ုပ်တို့သည် သက်၀င်ယုံကြည်မှုမတူ၊ ထုံးတမ်းမတူ၊ ယဉ်ကျေးမှုမတူသော နီးစပ်သူညီအစ်ကိုမောင်နှမများနှင့်ငြိမ်းချမ်းရေးနှင့် သင့်မြတ်ခြင်းယဉ်ကျေးမှုကိုတိုးမြင့်လုပ် ဆောင်ရမည်။

- ကျွန်ုပ်တို့သည် ဘာသာရေးအသိုင်းဝိုင်းအတွင်း၌သာသဟ ဇာတရှိရန်ကြိုးစားရုံမကဘဲ နိုင်ငံ၏အစိုးရနှင့်လည်းကောင်း၊ အစိုးရမဟုတ် သည့်အဖွဲ့အစည်းများနှင့်လည်းကောင်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်းကောင်း ချိပ်ဆက်၍ လူ့အခွင့်အရေး၊ ဆင်းရဲမွဲတေမှုပ ပျောက်ရေး၊ လူကုန်ကူးမှု၊ ကမ္ဘာမြေကြီးအား စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့်အခြားသောဘုံလုပ်ငန်းများကိုလုပ်ဆောင်မည်ဟုအဓိဌာန် ပြုပါသည်။

- ကျွန်ုပ်တို့အချင်းချင်းကိုနားထောင်ခြင်းသည် ဘုရား သခင်၏အသံတော်ကိုနားထောင်ခြင်းဖြစ်သောကြောင့် အချင်း ချင်းကိုနားထောင် တတ်သောယဉ်ကျေးမှုကိုလည်းတိုးမြင့်လုပ်ဆောင်ရန်လိုသည်။

- ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌လည်းကောင်း၊ ကျွန်ုပ်တို့၏ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးမိသားစုများနှင့်အဖွဲ့အစည်းများအား အဖော် ပြုရာ၌လည်းကောင်း၊ အထူးသဖြင့်ခက်ခဲနေသောအခြေအနေ၌ရှိနေသောသူများအား ကူညီနိုင်ရန်မှာ ကျွန်ုပ်တို့ကိုယ်တိုင်ဦးစွာပြုပြုပုံ သွင်းပြီးပြောင်းလဲမည်ဟုရည် ရွယ်ပါသည်။

- ဤအဓိဌာန်နှင့်ဆုံးဖြတ် ချက်သစ်များကို အတူတကွဖော်ဆောင်လျှောက်လှမ်းခြင်းဖြင့် ကမ္ဘာကြီးအားရက်ရောသောဆက်ကပ်ခြင်းဖြင့် အသုံးတော်ခံလျှက်ရှိသည်။ ထို့အတူ ကက်သလစ်သာသနာတော်ကြီးသည် အာရှတိုက်ကြီးကို ပိုမိုကောင်းမွန်သောတိုက်ကြီးဖြစ် လာစေ ရန်ကြိုးစားလုပ်ဆောင်ပံ့ပိုးပေးလျှက်ရှိသည်ကိုလည်းအာမခံလျှက်ရှိသည်ကိုအသိပေးနိုင်သည်။ သင်တို့အားလုံးအတွက် ကျွန်ုပ်တို့ဆု တောင်းပေးမည်ဟုကတိပြုသကဲ့သို့ သင်တို့လည်း ကျွန်ုပ်တို့အားလုံးအတွက်ဆုတောင်းပေးကြပါ။ လူသားအကျိုးနှင့်ဖန်ဆင်းခြင်းအားလုံးအတွက် အတူတကွခရီးဆက်ကြပါစို့ ..........

 

 

ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်၊ (အောက်တိုဘာ ၃၀၊ ၂၀၂၂)

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3t1kfBq

Add new comment

1 + 2 =