အာရှကက်သလစ်ဆရာတော်ကြီးများနှင့် အာရှတစ်ခွင်စကား၀ိုင်း

အာရှကက်သလစ်ဆရာတော်ကြီးများနှင့်ဖြစ်ကြောင်းကုန်စဉ်အာရှတစ်ခွင်စကား၀ိုင်း

(၁၆ အောက်တိုလာ ၂၀၂၂)

အာရှဆရာတော်ကြီးများအဖွဲ့ချုပ်၏ အထွေထွေအစည်းအ‌ေ၀း ကြီး သည် တနင်္ဂနွေနေ့၌ကျရောက်ခဲ့သည်။ ထိုနေ့ကိုနံနက်ဆုတောင်းမေတ္တာ နှင့်မစ္ဆားတရားကို Baan Phu Waan ရှိစိန့်မိုက်ကယ်ခန်းမ၌ပူဇော်၍အစပြုခဲ့ကြသည်။

မစ္ဆားတရားကိုမူ စင်ကာပူကာဒီနယ် William Goh မှဦးဆောင်၍တင်လှူပူဇော်ခဲ့သည်။ ကာဒီနယ်၏ဩ၀ါဒ၌ ထိုနေ့ဖတ်ရှုသောကျမ်းစာ များကိုအခြေခံ၍ ရှေ့ဆက်ရမည့်စည်းမျဉ်းစည်းကမ်းများနှင့်လမ်းစဉ်များအကြောင်းကိုဟောကြားခဲ့ သည်။ သာသနာကြီးအတွက် (သိုးများအတွက်) ရဲရင့်ပြတ်သားစွာရပ်တည်ရမည်မှာ သိုးထိန်းတို့၏၀တ္တရားပင်ဖြစ်ကြောင်း၊ သိုးထိန်းတို့၏အပိုင်းဖြစ်သော ဆန်းစစ်ပေးရမှု၊ သန့်ရှင်းသော၀ိညာဉ်တော်၏လမ်းညွှန်ပေးမှုကိုလုံး၀ဥသုန်ခံယူ၍လုပ်ဆောင်ရမည်ဖြစ်သည်ဟုဆိုသည်။

သက်သေခံသူများဖြစ်ရန်၊ မိမိတို့၏ဟိရိဩတ္တပ္ပစိတ်ကိုနာခံလုပ်ဆောင်တတ်ရန်၊ ပြောဆိုသကဲ့သို့လက်တွေ့လုပ်ဆောင်ရန်အချိန်ကျရောက်လာ သောအခါ၌လည်း တည်ကြည်စွာလုပ်ဆောင်ရန်၊ ဤသို့ရဲရင့်ပြတ်သားစွာလုပ်ဆောင်နိုင်ရန်၊ သာသ နာ့အမှုတော်ဆောင်များနှင့်ဘာသာတူများအတူ တကွရှေ့ဆက်ခရီးနှင်နိုင်ရန်မှာ ဆုတောင်းခြင်းသည် အလွန်အရေးကြီးကြောင်းအသားပေးဟောကြားသွားခဲ့သည်။

ထို့နောက် အစည်းအ‌ေ၀းကြီးသို့တက်ရောက်လာကြသော ကိုယ်စားလှယ်များက ‘စကား ၀ိုင်း’ အစီအစဉ်သို့တက်ရောက်ခဲ့သည်။ ထိုစကား၀ိုင်း၌ အာရှနိုင်ငံ (၁၃) ခုမှဖိတ်ကြားထားသော ဆွေးနွေးမည့်သူ (၁၆) ဦးပါ၀င်ခဲ့သည်။ ၄င်းတို့သည် ဘ၀အတွေ့အကြုံနှင့်ဖြတ်သန်းမှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ကြသူများဖြစ်ကြသည်။ ထို့ကြောင့် ၄င်းတို့ကျော်ဖြတ်ခဲ့သော အမှန်တရားကြေမုံရိပ်များကို ထင်ဟပ်ပေါ်လွင်စေမည့် ဆွေးနွေးချက်များကိုကြားရမည်ဖြစ်သည်။

ဆွေးနွေးမည့်သူများအနက် သာမ န်ဘာသာတူများ၊ အမျိုးသားအမျိုးသမီးဘာသာရေးခေါင်း ဆောင်များ၊ ဘာသာတွဲလက်ထပ်ထားကြသော အိမ်ထောင်သည်များ၊ မိသားစု၊ မိသားစုကိုမိခင် (သို့) ဖခင်တစ်ဦးတည်းရပ်တည်ရုန်းကန်နေသောသူ များ၊ နိုင်ငံရေးသမားများ၊ သက်ကြီးရွယ်အို၊ အခြားအပိုင်း၌ထူးချွန်ကျွမ်းကျင်သူ၊ အမျိုးသမီးများ၊ ဌာနေ တိုင်းရင်းသားများ၊ သဘာ၀ပတ်၀န်းကျင်ပျက်စီးမှုကြောင့် အခက်ကြုံနေရမှုကိုကိုယ်တွေ့ကြုံရသူများ၊ အကြမ်းဖက်သူတို့၏တိုက်ခိုက်မှုအလွန်အခြေအနေအကြောင်းနှင့်စီးပွားရေးဆက်စပ်ပုံစသောအပိုင်းများ မှကိုယ်တွေ့ကြုံတွေ့ခဲ့သူများ၊ လုပ်ဆောင်နေသူများ၏ဆွေးနွေးတင်ပြချက်များကိုနားဆင်ခဲ့ကြသည်။

ဤအစီအစဉ်ကို ဆရာတော် Allwyn D'silva ၏အဖွင့်မိန့်ခွန်းဖြင့်ဖွင့်လှစ်ခဲ့သည်။ သူ၏အဖွင့် မိန့်ခွန်း၌ ထို ‘စကား၀ိုင်း’ သို့တက်ရောက်လာကြသူအားလုံးအား ‘who can I be a neighbour to’ (ကျွန်ုပ်အဘယ်သူ၏နီးစပ်သူဖြစ်နိုင်ပါသနည်း) ဟူသောမေးခွန်းကိုဆင်ခြင်ရန်မေးမြန်းခဲ့ပြီး၊ နားစွင့် ထောင်ကြရန်ပန်ကြားခဲ့သည်။

စကား၀ိုင်းအားဦးဆောင်ဆွေးနွေးခဲ့သောသူများသည် တက်ရောက်လာ ကြသောသူများအား အဖိုးမဖြတ်နိုင်သောအတွေးအမြင်များ၊ မျှော် လင့်ချက်အတွက်ဖြစ်နိုင်ချေရှိသော သ တင်းစကားများစွာကိုချန်လှန်ပေးထားခဲ့သည်။ ကာဒီနယ် Oswald Gracias ကပါ၀င်ဆွေးနွေးပေးခဲ့ကြ သောသူတစ်ဦးစီအားကျေးဇူးတင်ကြောင်းပြောကြား၍ စကားဝိုင်းအစီအစဉ်ကိုအဆုံးသတ်ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy Dominus Est

https://bit.ly/3CGinm2

Add new comment

5 + 2 =