အာမေးနီးယန်းအကျည်းသားတစ်ဦးမှရဟန်းမင်းကြီးဖရန်စစ်ထံပေးစာ

အာမေးနီးယန်းအကျည်းသားတစ်ဦးမှရဟန်းမင်းကြီးဖရန်စစ်ထံပေးစာ

ရဟန်းမင်းကြီးဖရန်စစ်သည် အာမေးနီးယန်းအကျဉ်းသားတစ်ဦးထံမှလွန်စိတ်ထိခိုက်ခံစားရသောအိတ်ဖွင့်ပေးစာတစ်စေင်ကိုလက်ခံရရှိခဲ့သည်။ အဆိုပါအကျဉ်းသားမှ Gevorg Sujyan ဖြစ်ပြီး သူသည်စစ်အကျဉ်းသားတစ်ဦးဖြစ်သည်။ ယခုကဲ့သို့အိတ်ဖွင့်ပေးစားရေးသားပေးပို့ရခြင်းမှာ Azerbaijan ၌မတရာဖမ်းဆီခံထားရခြင်းမှလွတ်မြောက်စေရေးကူညီပေးရန်ဖြစ်သည်။ Azerbaijan စစ်တပ်မှသူနှင့်အတူအခြားကယ်ဆယ်ရေး၀န်ထမ်းတစ်ဦးဖြစ်သည့် Davit Davtyan တို့အားဖမ်းဆီးခံထားသည်။ ၄င်းတို့သည် (၂၀၂၀) Artsakh စစ်ပွဲရပ်တန့်ရေးသဘောတူစာချုပ်ချုပ်ဆိုပြီးနောက်မှဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ Azerbaijan စစ် တပ်သည် စစ်ရပ်စဲရေးသဘောတူညီချက်ကိုမလိုက်နာဘဲ စစ်ပွဲအတွင်းဖမ်းဆီးရမိသော ရန်သူတပ်သားများအားဖမ်းဆီးပြီး မတရားညဉ်းပမ်းနှိပ်စက်မှုများကိုပြုလုပ်လျှက်ရှိသည်။

Gevorg Sujyan သည် (၂၀၂၁) ခုနှစ်က ပြည်ပရောက်အာမေးနီးယန်များအားကူညီစောင့် ရှောက်ရေးလူမှုအဖွဲ့အစည်းတစ်ခုကိုတည်ထောင်၍ အာမေးနီးယန်းတို့အားကူညီခဲ့သည်။ ထိုသို့လုပ်ဆောင် သည်ကို Azerbaijan ဆောင်းပါးတစ်ပုဒ်၌မူ သူလျှိုဟုစွပ်စွဲပြီး မတရားပြစ်မှုအပေါ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၄င်းတို့သည် (၁၅) နှစ်ပြစ်ဒဏ်ချမှတ်ခံထားရသူများဖြစ်သည်။ Azerbaijan တရားရုံး၏အမှုအပေါ်ကိုင်တွယ်မှုသည်တရားမျှတမှုလည်းမရှိ။ လူ့အခွင့်အရေးကိုလည်းလိုက်နာခြင်းမရှိခဲ့ပေ။ သူ့အနေဖြင့်လူသတ်မှုကိုကျူးလွန်သူလည်းမဟုတ်။ လိမ်လည်လှည့်ဖြားခဲ့ခြင်းလည်းမရှိ။ မည်သည့်ပြစ်မှုမျှမရှိဘဲ ရာဇ၀တ်မှုကိုကျူး လွန်သူတစ်ဦးကဲ့သို့ပြစ်ဒဏ်ချမှတ်ခံရကြောင်း၊ အသက်ရှင်သန်နိုင်မည့်မျှော်လင့်ချက်မရှိသည့်အခြေအနေသို့ရောက်ရှိနေကြောင်း၊ လွန်စွာစိတ်ပျက်လက်ပျက်ဖြစ်နေရကြောင်းဖြင့်အိတ်ဖွင့်ပေးစာ၌ဖော်ပြထားသည်။

Azerbaijan အစိုးရ၏ အာမေးနီးယန်းစစ်အကျဉ်းသားများအပေါ်နှိပ်စက်ညှဉ်းပမ်းသည့်ရာဇ၀တ်မှုသည် ကမ္ဘာသို့ပင်ပေါက်ကြားသိရှိထားကြသည်။ ၄င်းတို့၏ညှဉ်းပမ်းနှိပ်စက်သည့်ပုံစံမှာ လျှပ်စစ်ဖြင့်တို့ခြင်း၊ ရိုက်နက်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလှီးဖြတ်ခြင်း၊ အစာရေစာနှင့်ရေများကိုဖြတ်တောက်ခြင်း စသည့်နည်းလမ်းများကိုသုံးသည်။ ယခုကဲ့သို့ဖမ်းဆီးခံထားရသော အာမေးနီးယန်းစစ်အကျဉ်း သားများစွာရှိသော်လည်း မည်သည့်နေရာ၊ မည်သို့ဖမ်းဆီးထားရှိသည်ကိုမသိရကြောင်း ထည့်သွင်းဖော်ပြထားသည်။

အာမေးနီးယန်းနိုင်ငံတက္ကသိုလ်၏လူမှုကွန်မှ Azerbaijan နိုင်ငံတွင်အကျဉ်းကျခံနေရသော အာမေးနီးယန်းနိုင်ငံသားတို့၏အကျဉ်းထောင်အတွင်းမှအခြေအနေမည်မျှဆိုးရွားနေကြောင်း၊ ချက်ချင်းလွတ်မြောက်အောင်လုပ်ဆောင်ရန်လိုကြောင်း၊ ဂျယ်နီဗာကြေညာချက်အတိုင်းလိုက်နာလုပ်ဆောင်ရန်လိုအပ်ကြောင်းကိုကမ္ဘာသိအောင်ဖောက်ချခဲ့သည်။ သို့သော် Azerbaijan အစိုးရအနေဖြင့် ၄င်းတို့အနေဖြင့် အ ကျဉ်းသားများကိုနိုင်ငံတကာ၏စံညွှန်းနှင့်အညီထိန်းသိမ်းထားကြောင်းပြောဆို၍ ပြန်လည်လွတ်ပေးရန်ကိုငြင်းခဲ့သည်။

နိုင်ငံကြားတင်းမာနေခဲ့သည်မှာ (၁၉၁၅) တူရကီတို့မှအာမေးနီးယန်းတို့အား ပထမအကြိမ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်အချိန်မှစလာခဲ့သည့်သမိုင်းနှင့်ချီသောတင်းမာမှုဖြစ်သည်။ မကြာမီက လူမျိုးတုံး သတ်ဖြတ်ရန်ရည်ရွယ်၍ Azerbaijan နှင့်တူရကီတို့မှ Artsakh အား၀င်ရောက်တိုက်ခိုက်မှုသည်အဆိုပါတင်း မာမှုကိုပို၍ဆိုးရွားသွားစေသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/3g8Uv
 

Add new comment

6 + 10 =