အာဗီအေ ဘာသာရပ် အသီးသီးမှ တာဝန်ခံများ Zoom ဖြင့် အွန်လိုင်းအစည်းအဝေး ပြုလုပ်

အာဗီအေ ဘာသာရပ် အသီးသီးမှ တာဝန်ခံများ Zoom ဖြင့် အွန်လိုင်းအစည်းအဝေး ပြုလုပ်

အာဗီအေ ဘာသာရပ် အသီးသီးမှ တာဝန်ခံများ Zoom ဖြင့် အွန်လိုင်းအစည်းအဝေး ပြုလုပ်

အာဗီအေ အာရှသမ္မာတရားအသံလွှင့်ဌာန ချုပ် ဖိလစ်ပိုင်ရုံးမှ ကြီမူးကာ Zoom Video conferencing ဖြင့် အွန်လိုင်း အစည်းအဝေး ကို ဧပြီလ ၁၇ ရက် မြန်မာ စံတော်ချိန် မွန်းလွဲ ၁:၃၀ နာရီ မှ ၃:၀၀ နာရီ အထိ ကျင်းပခဲ့ရာ အာရှနိုင်ငံအသီးသီး ရှိ အာဗီအေ ဘာသာရပ် ၁၇ ခု မှ တာ၀န်ခံများနှင့်အတူ ဖိလစ်ပိုင်ရုံးမှ တာ၀န်ရှိ အကြီးအကဲများ ဖြစ်သည့်ဖိလစ်ပိုင်ရုံးချုပ် မန်နေဂျာ Rev. Fr.Victor Sadaya,CMF, Rev.Fr.Bernard Dashi Tang (Program Director), Ms.Arlene Arungayan Donarber (Audience Research), Mr.Christopher Ariola (ISD), တို့နှင့်အတူ စုစုပေါင်း ၂၁ ဉီးပါ၀င်တက်ရောက်ခဲ့ကြပါသည်။

ကမ္ဘာတဝှမ်းဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ၏ အကျိုး ဆက် အဖြစ် အရာအားလုံး ရပ်တန့် နေသကဲ့သို့ ဖြစ်ရကာ၊ ကျောင်းများ၊ ရုံးများ၊ အလုပ်ရုံများ အစစအရာရာ ပိတ်ထားရပြီး ပုံမှန်လည်ပတ်နိုင်ခြင်းမရှိတော့ပေမယ့် ဒီဂျစ်တယ်တိုးတက်ခေတ်မှာ အွန်လိုင်း အသုံးပြုချိတ်ဆက်နိုင်ကြခြင်းသည်လည်း ဘုရားပေးကျေးဇူးတော်တပါးဖြစ်ပါတယ်။

ရပ်တန့်နေကြရတဲ့ စက်ရုံ အလုပ်ရုံများရှိသလို မဖြစ်မနေ ဆက်လက်လုပ်ကိုင်နေကြရသည့်ဌာနများ သတင်းတိုက်များလည်းရှိရာ အာရှတိုက်အတွက် တခုတည်းသော ကက်သလစ်အသံလွှင့်ဌာန ဖြစ်သည့် အာဗီအေအသံလွှင့်ဌာနသည်လည်း ၊ အခြားသော ပြင်ပ မီဒီယာများနည်းတူ ရပ်တန့်၍မရဖြစ်ရပါသည်။

သတင်းမီဒီယာများသည် တိုင်းသူပြည်သားများအတွက် သတင်းအချက် အလက်များ အချိန်နှင့်တပြေးညီရရှိစေရန် ကြိုးပမ်လုပ်ဆောင်နေကြရတဲ့ နောက်ထပ်ရှေ့တန်းဆက်သွယ်ရေး တိုက်စစ်မှူးများဖြစ်ကြရာ၊ အာဗီအေသည်လည်း အတူတူပင်ဖြစ်ပြီး ယခုချိန်၌ ပိုမိုဆက်ကပ်လုပ်ဆောင်ကြရချိန်ဖြစ်ပါတယ်။

အတူတကွဘာသာရေးဝတ်ပြုခြင်းတွေ ရပ်ဆိုင်းထားရတဲ့ကာလမှာ ဘာသာ၀င်များနှင့် ဓမ္မမိတ်ဆွေ အားလုံးအတွက် ခွန်အားဖြစ်စေမည့်အစီအစဉ်များ ဆက်လက်ထုတ်လွှင့်နိုင်ရန် အတွက် ကျွန်ုပ်တို့ရဲ့ထုတ်လွှင့်မှုတွေကို ဆက်လက်လုပ်ဆောင် ပြီး အကျိုးပြုကြရမှာဖြစ်တယ်လို့ ဖိလစ်ပိုင်ရုံးချုပ် မန်နေဂျာ Rev. Fr.Victor Sadaya,CMF မှ တာဝန်ခံများကို အွန်လိုင်း Zoom meeting မှာ သတိပေး ပြောကြားခဲ့ပါတယ်။

အထက်ပါအွန်လိုင်းအစည်းအဝေးတွင် ကိုဗစ် ၁၉ နှင့် ပတ်သက်ပြီး မိမိတို့တိုင်းပြည် အခြေအနေ၊ ထုတ်လွှင့်မှုအခြေအနေများ၊ ထုတ်လွှင့်သူများ၏ ကျန်းမာရေးနှင့် Work from Home အခြေအနေကို၄င်း၊ ရုံးတွင်းနေထိုင် လုပ်ကိုင်ခြင်းများသော်လည်းကောင်း၊ ကိုဗစ် ၁၉ အထူးအစီအစဉ် ထုတ်လွှင့်မှုများ စသည်တို့ကို တဉီးခြင်းဆီ တနိုင်ငံဆီမှ ဝေငှ​​ဖလှယ်ခဲ့ကြပြီး၊ ယခု Coordinator meeting ကဲ့သို့ နိုင်ငံအလိုက် ဘာသာရပ်အသီးသီး အလိုက်ကို အွန်လိုင်း meeting များဖြင့်သာ လောလောဆယ် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း၊ ကာလ အတန်ကြာ ပိတ်ဆို့မှုများရှိနေအုံးမှာဖြစ်တဲ့အတွက် Work from home သို့မဟုတ် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ကြမည်ကို ဂျာမနီနိုင်ငံ မှ တာဝန်ခံများက လေ့လာနေကြပါတယ်လို့ ဆွေးနွေးခဲ့ကြခြင်းကို ကျမ စစ္စတာရ်လူစီယားသန္တာအောင် မှ သတင်းရယူထားပါတယ်ရှင်။

 

By Sr.Lucia Thandar Aung, SJA

Add new comment

9 + 3 =