အာဗီအေ တရုတ်သောတရှင်များမှ ကိုဗစ်ကြောင့် ဒုက္ခရောက်နေကြရသည့်မိသားစုများအတွက် အာဗီအေ ဖိလစ်ပိုင်ဌာနချုပ်သို့ အကူအညီများပေးပို့

အာဗီအေ တရုတ်သောတရှင်များမှ ကိုဗစ်ကြောင့် ဒုက္ခရောက်နေကြရသည့်မိသားစုများအတွက် အာဗီအေ ဖိလစ်ပိုင်ဌာနချုပ်သို့ အကူအညီများပေးပို့

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်တွင်းမှာနေကြရပြီး ဒုက္ခရောက်နေကြရသည့် ဖိလစ်ပိုင် မိသားစု များအတွက် ဖိလစ်ပိုင် အခြေစိုက် အာဗီအေအသံလွှင့် ဌာနချုပ်သို့  တရုတ်သောတရှင်များမှ အကူအညီများပေးပို့ခဲ့ပါသည်။
အာဗီအေ တရုတ် မန်ဒရင်း ဘာသာအသံလွှင့်အစီအစဉ်သို့ပို့ဆောင်ခဲ့သည့် အစားအသောက်ထုတ်များအား ဖိလစ်ပိုင်နိုင်ငံ ကေဇုံမြို့ ပယားတာစ့် ရပ်ကွက်သို့ ဝေငှပေးခဲ့ပါသည်။

ဧပြီလ ပထမ အပတ်ထိ တရုတ်သောတရှင်များမှ ပေးပို့သော အလျှူငွေမှာ အမေရိကန်ဒေါ်လာ ၈၅၀၀၀ ခန့်ဖြစ်ကြောင်းနှင့် ဒေါ်လာ ၄၅၀၀၀ ကို ဆန်အိတ်များဝယ်ခဲ့ကြောင်း ကျန်အလျှူငွေများ ကို ဂရုဏာရေးအဖွဲ့အစည်းများ သို့လွှဲပြောင်းပေးခဲ့ကြောင်း ကို အာဗီအေ တရုတ် အသံလွှင့်တာ၀န်ခံ Fr.Joseph Leo က ပြောကြားခဲ့ပါသည်။

ဂရုဏာရေး အစီအစဉ်ကို ၂၀၁၅ ခုနှစ်ကထဲက စတင်တည်ထောင်ခဲ့ကြောင်းနှင့် ဆင်းရဲသည့်မိသားစု များအား ကူညီရန်ဖြစ်သည်ဟု ယခင် အာဗီအေ တရုတ် တာ၀န်ခံ ဘုန်းတော်ကြီး Fr. John Mi Shen က ပြောကြားခဲ့ပါသည်။
အာဗီအေ ရုံးချုပ် မန်နေဂျာ ဘုန်းတော်ကြီး Fr.Victor Sadaya,CMF မှ လည်း ဆင်းရဲသားများအတွက် ကြိုးပမ်းမှုကို အားပေးဂုဏ်ပြုခဲ့ကြောင်း

အထက်ပါ အကူအညီများမှာ တရုတ်ပြည်မကြီး၊ Wenzhou ကက်သလစ်သာသနာ၊ Guangzhou သောတရှင်များ၊ Tianjin, Fuzhou နဲ့ တခြားသော တရုတ်ပြည်နယ်အသီးသီးမှ
အာဗီအေ တရုတ်သောတရှင်များ နှင့် ကက်သလစ် ဘာသာဝင်များမှ ကူညီပေးပို့ခြင်းဖြစ်ကြောင်း ကို အာဗီအေ ဖိလစ်ပိုင် ဌာန ချုပ်မှ သတင်းရရှိပါသည်။

 

By Sr.Lucia Thandar Aung, SJA

စစ္စတာရ်လူစီယားသန္တာအောင်

https://bit.ly/3egHhvn

Add new comment

2 + 1 =