အာဖရိကသည် ‘ငြိမ်းချမ်းရေးကိုလိုအပ်နေ’ ဟု ပုပ်ဖရန်စစ်မိန့်ကြား

အာဖရိကသည် ‘ငြိမ်းချမ်းရေးကိုလိုအပ်နေ’ ဟု ပုပ်ဖရန်စစ်မိန့်ကြား

အာဖရိကသည် ‘ငြိမ်းချမ်းရေးကိုလိုအပ်နေ’ ဟု ပုပ်ဖရန်စစ်မိန့်ကြား

         အာဖရိကသည် ‘အကြမ်းဖက်မှုမဟုတ်။ ငြိမ်းချမ်းရေး’ လိုအပ်ကြောင်း၊ လူအစုလိုက်အပြုန်လိုက် အသတ်ခံရ သောအခင်း၌ပါသွားသောသူတို့၏မိသားစု၀င်များနှင့်ထပ်တူ၀မ်းနည်းရပြီး၊ နီးကပ်စွာရှိနေကာဆုတောင်းပေးမည်ဖြစ် ကြောင်း ရဟန်းမင်းကြီးကအာဖရိကအနောက်ဖက် မြို့ငယ်တစ်မြို့ဖြစ်သော Burkina Faso ၌ဖြစ်ပျက်ခဲ့သည့်အခင်းနှင့် ပတ်သက်၍ စနေနေ့ကမိန့်ကြားခဲ့သည်။ ထိုအခင်းသည် သောကြာနေ့နှင့်စနေနေ့များက ဖြစ်ပွားခဲ့သည်။

            ပုပ်ရဟန်းမင်းကြီးသည် တနင်္ဂနွေနေ့က စိန့်ပီတာရင်ပြင်၌ အန်ဂျေလူးမေတ္တာအတူတကွရွတ်ဆိုပူဇော်ရန်ရောက်ရှိ နေသောဘုရားဖူးများအား အထက်ကအတိုင်းမိန့်ကြားခဲ့သည်။ ထိုအခင်း၌ ကလေးများအပါအ၀င် လူပေါင်း (၁၃၂) ဦး အသက်ဆုံးရှုံးခဲ့ပြီး၊ ထိုမြို့လေးအတွက် ယခုနှစ်များအတွင်း အဆိုးဆုံးသောဖြစ်ရပ်ဖြစ်သည်။ အစိုးရက (၇၂) နှစ်နာရီ  ကြာ ပူးဆွေး၀မ်းနည်းခြင်းအချိန်အဖြစ်ကြေညာခဲ့သည်။ ဒဏ်ရာရသူပေါင်း (၄၀) ဦးရှိသည်ဟုဆိုသည်။ စစ်သွေးကြွများ သည် နိုင်ဂျီးရီးယားနိုင်ငံနှင့်နယ်နိမိတ်ထိစပ်နေသော Solhan ရွာအား ညတွင်းခင်း၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ လူ များကိုလည်းသတ်၊ အိမ်များ၊ စျေးများကိုလည်းမီးတင်ရှို့သွားခဲ့ကြသည်။ ယခုတိုက်ခိုက်မူသည် အာဖရိကနိုင်ငံ၏ Sahel မွတ်စလင်နိုင်ငံထူ တောင်လိုသော al Qaeda အဖွဲ့များနှင့်အချိပ်အဆက်ရှိသည်။ ဤအဖွဲ့သည် ကုလလုံခြုံရေးအဖွဲ့စခန်း ချထားသည့်တိုင်၀င်ရောက်ပစ်ခတ်သွားခဲ့ကြသည်။ ဤအဖွဲ့သည် ယခုနှစ်စမှစ၍ အထူးသဖြင့် Burkina Faso၊ Mali  နှင့် Niger ဒေသများ၌ပြန်လည်ဦးမော့လှုပ်ရှားလာခြင်းဖြစ်သည်။ 

အကြမ်းဖက်လုပ်ရပ်များကြောင့် နှစ်နှစ်အတွင်း နေရပ်စွန့် ခွာသူဦးရေပေါင်း (၁.၁၄) သန်းကျော်ရှိခဲ့သည်။ ထို့အတူ အိမ်နီးချင်းနိုင်ငံဖြစ်သော မာလီနိုင်ငံမှလည်း ဆင်းရဲနွမ်းပါးမူ၊ မိုးခေါင်ရေရှားမူပြသာနာကြောင့် နေရပ်စွန့်ခွာကာ လာရောက်ခိုလှုံနေသည့်ဒုက္ခသည် (၂၀၀၀၀) ခန့်ရှိသည်။

           ပုပ်ရဟန်းမင်းကြီးသည် ထိုသို့မိန့်ကြားနေစဉ်၌ပင် ‘မြန်မာနိုင်ငံနှင့်သန့်ရှင်းသောဌာန’ အတွက် ‘တစ်မိနစ်ခန့်ငြိမ်’ ၍ဆုတောင်းပေးရန်တိုက်တွန်းခဲ့သည်။ ဤလှုပ်ရှားမှုကို အပြည်ပြည်ဆိုင်ရာ ကက်သလစ်အဖွဲ့အစည်းများကဦးဆောင် ၍ ‘သန့်ရှင်းသောဌာနနှင့်မြန်မာနိုင်ငံအတွက်တစ်မိနစ်ငြိမ်’ လှုပ်ရှားမှုကိုဇွန်လ (၈) ရက်နေ့၊ အင်္ဂါ နေ့၌ကျင်းပသွားမည် ဖြစ်ကြောင်းနှင့်လူတိုင်းပါ၀င်ရန်ဖိတ်ခေါ်ကြောင်း၊ ဘာသာ၊ လူမျိုးမတူသော်လည်း မိမိတို့၏သက်၀င်ယုံကြည်သည့်အ တိုင်းပါ၀င်၍ဆုတောင်းလှုပ်ရှားနိုင်ကြောင်းမိန့်ကြားရင်း ‘သန့်ရှင်းသောဌာနနှင့်မြန်မာနိုင်ငံငြိမ်းချမ်းရေး’ အတွက်ထုတ် ဖော်တောင်းဆိုခဲ့သည်။                      

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of  (AFP or licensors)

https://bit.ly/3ckGKcw

Add new comment

6 + 11 =