Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အာဖဂန်နစ္စတန် မှ ခရစ်ယာန်များထွက်ပြေးတိမ်းရှောင်နေရ
အာဖဂန်နစ္စတန် မှ ခရစ်ယာန်များထွက်ပြေးတိမ်းရှောင်နေရ
အာဖဂန်နစ္စတန်၏မြို့တော် ကာဘုလ် မှရောမသို့ထွက်ပြေးလာသောခရစ်ယာန်တစ်ဦးအား အီတလီလူမှု ကူညီရေးအသင်းမှ လူသားချင်းစာနာသောအကူအညီများပေးအပ်ခဲ့သည်။ အာဖဂန်နစ္စတန်နို်င်ငံသည် ပြီးခဲ့သော ဩဂုတ်လ (၂၁) ရက်နေ့က တာလီဘန်သူပုန်တို့၏လက်တွင်းသို့ မြန်ဆန်စွာကျရောက်သွားခဲ့သည်။ သို့သော်နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံအတွင်း၌လူနည်းစုဟုပင်မဆိုနိုင်သော ခရစ်ယာန်များအတွက်မှာမူ လုံး၀မလုံခြုံတော့ ပေ။ တာလီဘန်သူပုန်တို့သည် အနောက်နိုင်ငံဆန့်ကျင်ရေးနှင့်မွတ်စလင်နိုင်ငံထူထောင်ရေးကို ဇောင်းပေးလုပ် ဆောင်နေသည်။ ထို့ကြောင့် နိုင်ငံအတွင်း အမျိုးသမီးပုံများဖြင့် စီးပွားရေးကြေြငာရှိသမျှကိုလိုက်ဖျက်ကြသည်။ စီး ပွားရေးလုပ်ငန်းများကိုပင်၀င်ရောက်စွပ်ဖက်ပါက ၄င်းတို့သက်၀င်ယုံကြည်သောဘာသာမဟုတ်သည့် ဘာသာရေးအ ယူ၀ါဒနှင့်သက်၀င်ယုံကြည်သူများကိုမူ ပို၍ပင်ခွင့်ပြုလွတ်ထားမည်မဟုတ်ပေ။ ထိုအခြေအနေကြောင့် ကလေးငယ် (၈) ဦးပါသော အာဖဂန်နစ္စတန်မှမိသားစုတစ်စုသည် မြို့တော်ကာဘုလ်မှ အီတလီနိုင်ငံ၊ ရောမမြို့သို့ကံကောင်း ထောက်မ၍ ဘေးကင်းလုံခြုံစွာရှောင်တိမ်းရောက်ရှိလာနိုင်ခဲ့သည်။
အာဖဂန်နစ္စတန်မှ (၁၉၉၀) ခုနှစ်ကထွက်ပြေးလွှတ်မြောက်လာခဲ့သူ စာရေးသူလည်းဖြစ်သော Ali Ehsani မှ ၄င်းတို့အဘယ် သို့ ထွက်ပြေးလွှတ်မြောက်ခဲ့သည်ကိုပြောပြရာတွင် ၄င်းတို့သည် တစ်နေရာမှတစ်နေရာသို့ ခို အောင်းပြောင်းရွေ့နေ ခဲ့ရကြောင်း၊ နိုင်ငံကိုထွက်ခွာလိုသော်လည်း အဘယ်သူမျှကူညီမည့်သူမရှိကြောင်း၊ လူမှုကူညီ ရေးအသင်းကူညီနိုင် မည်ဟုမျှော်လင့်သောကြောင့် ၄င်းတို့၏အကူအညီကိုတောင်းခံခဲ့သည်ဟုဆိုပါသည်။ သူသည် မိဘနှင့်ညီအစ်ကိုများ အသတ်ခံရသည်ကိုကိုယ်တိုင်မြင်တွေ့လိုက်ရပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ပြေး လာခဲ့သောခရစ်ယာန်တစ်ဦးဖြစ်သည်။ ကာဘုလ်မှထွက်ပြေးလွှတ်မြောက်လာခဲ့သော မိသားစုအရေးသည် ကိုယ်ရေး ကိုယ်တာဖြစ်သော်လည်း ဤအကြောင်းကိုကြားရသောအခါ သူ၏ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့်အဖြစ်ကိုပြန်လည် သ တိရစေကြောင်းပြောခဲ့သည်။ ယခုထွက်ပြေးလာသော မိသားစုနှင့် Ehsani သည်လအတန်ကြာကပင် အဆက်အ သွယ်ရှိခဲ့ကြောင်း၊ မိသား စုသည် ဖခင်နှင့်မတွေ့ရတော့သည်မှာ (၂) ရက်ရှိပြီဖြစ်သည်။ သူတို့ကိုရှာတွေ့သွားမည်ကို လွန်စွာစိုးရိမ်နေခဲ့သည်။
အဖွဲ့အစည်းက လူသားချင်းစာနာသောကူညီမှုကိုပေးခဲ့သည်။
Ehsani သည် လူမှုစာနာသောအသင်း၏အကူအညီဖြင့် ကာဘုလ်မှထွက်ခွာလာနိုင်ခဲ့သော မိသားစုနှင့်အ ဆက်အသွယ်ရခဲ့သည်။ မည်သူမည်၀ါဖြစ်သည်ကိုမူ ၄င်းတို့၏လုံခြုံရေးအတွက်ထုတ်ဖော်ပြောခြင်းမပြုပေ။ ကာဒီ နယ်ရောဘတ်ဆားရာ၏အထူးခွင့်ပြုချက်လက်မှတ်ဖြင့် တွေ့ဆုံ၍လိုအပ်သောအကူအညီများကိုပေးခဲ့သည်။ လူမှုကူ ညီရေးအသင်းက အီတလီသို့ရောက်ရှိလာသော ဒုက္ခသည်များအားကူညီရန် သဘောတူထားသည်။ အကြီးမားဆုံးအ ခက်အခဲမှာ ကာဘုလ်မှအီတလီသို့ထွက်ခွာလိုသောမိသားစုများ၏သယ်ယူပို့ဆောင်ရေးပင်ဖြစ်သည်။ အကူအညီရရှိ ရန် မျှော်လင့်ချက်လုံး၀မဲ့နေချိန်၌ အီတလီစစ်တပ်မှသယ်ယူပို့ဆောင်ရေးကိုတာ၀န်ယူကူညီပေးခဲ့သည်။ Ehsani ၏ ချိတ်ဆက်ပေးမူဖြင့် အီတလီနိုင်ငံသားများအားကယ်ထုတ်ပေးရန်ရောက်ရှိလာသော လေယာဉ်ဖြင့် အဆိုပါမိသားစု သည်လိုက်ပါလာခွင့်ရခဲ့သည်။ အီတလီလူထုနှင့်စစ်တပ်အာဏာပိုင်များကိုကျေးဇူးတင်ပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် ဤမျှခက်ခဲရှုပ်ထွေးသောကိစ္စကို လူပေါင်းမည်မျှအလုပ်ရှုပ်ခဲ့ကြမည်ကိုစဉ်းစားမိကြောင်း၊ အပြောကျယ် သောသမုဒ္ဒရာထဲမှရေများသည် ရေစက်များစွာစုမိရာမှဖြစ်လာသကဲ့သို့ဖြစ်ကြောင်းဖြင့် လူမှုကူညီရေးအသင်း၏ဥက္ကဌ ဖြစ်သူ Daniele Nembrini ကပြောကြားခဲ့သည်။
ဘာသာရေးလွတ်လပ်စွာကိုးကွယ်ယုံကြည်မူနှင့်ပတ်သက်၍အနာဂါတ်
ပြီးခဲ့သော သီတင်းပတ်က ဂျာမဏီအခြေဆိုက် အမ္ဘာပေါ်ရှိသာသနာအသီးသီး၌လိုအပ်သည်များကို ငွေကြေး အကူအညီပေး နေသောကက်သလစ်ရံပုံငွေကူညီရေးအသင်း၏ဥက္ကဌဖြစ်သော Thomas Heine-Geldern က အကယ် ၍အစ္စလာမ်ဘာသာရေးဥပဒေဖြစ်သော Sharia ဥပဒေကိုပြန်လည်အသက်သွင်းလာလိမ့်မည်ဟုမျှော်လင့်ကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။ ထင်သည့်အတိုင်းပင်ဖြစ်လာပါသည်။ အဘယ်ကြောင့်ဆိုသော် တာလီဘန်တို့၏ အစွန်းရောက်အစ္စလာမ်ဘာသာရေးဥပဒေသည် ဘာသာရေး၌သဘောထားပျော့ပြောင်းသော ဆွစ်နီမွတ်စလင်များ အတွက်ပင်ရတက်မအေးဖွယ်ဖြစ်လာနေသည်။ ထို့ကြောင့် ရှီဟိုက်မွတ်စလင် (မွတ်စလင်အခြားတစ်ဖွဲ့)၊ ခရစ်ယာန် များနှင့်အခြားသောလူနည်းစုဘာသာရေးအဖွဲ့အစည်းများအတွက်မှာမူ အလွန်ကြီးမားသော ဘာသာရေးစိန်ခေါ် ချက်၊ ဖိနှိပ်မှုများနှင့်ကြုံရန်အလွန်သေချာနေသည်။ ဤအခြေအနေသည် လူ၏အခြေခံအခွင့်အရေးတစ်ခုဖြစ်သော ဘာသာရေးကိုလွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည့်အခွင့်အရေးအတွက် နောက်ပြန်ဆုတ်သောအနုတ်လက္ခဏာပင်ဖြစ် နေသည်ဟုပြောကြားခဲ့သည်။ လတ်တလော၌ အီတလီနိုင်ငံမှ လူမှုကူညီရေးအသင်းသည် ခရစ်ယာန်မိသားစုတစ်စု အား မသေချာမရေရာသောအနာဂါတ်မှ ကူညီကယ်တင်ပေးနိုင်ခဲ့သော်လည်း ဤရင်နစ်ဖွယ်အခြေအနေမျိုးနှင့်ကြုံ နေရသောမိသားစုများစွာ ကာဘုလ်၌ရှိနေသေးကြောင်း Ehsani ကရှင်းပြခဲ့သည်။
Ref:Aleteia.org
https://bit.ly/3ktUyEG
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #rvanwes
Add new comment