Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အာဖဂန်နစ္စတန်အတွက်ဆုတောင်း၊ ၀ါရှောင်ခြင်းပြုရန်ရဟန်းမင်းကြီးနှိုးဆော်
အာဖဂန်နစ္စတန်အတွက်ဆုတောင်း၊ ၀ါရှောင်ခြင်းပြုရန်ရဟန်းမင်းကြီးနှိုးဆော်
အာဖဂန်နစ္စတန်၏မြို့တော် ကာဘုလ်လေဆိပ် ဗုံးဖောက်ခွဲခံလိုက်ပြီးနောက် အာဖဂန်နစ္စတန်၌အကြမ်းဖက်မှုများ ရပ်တန့်သွားစေရေး ဘုရားဖူးများ၏အထူးဆုတောင်းခြင်း၊ ၀ါရှောင်ခြင်းကို ရဟန်းမင်းကြီးဖရန်စစ်က ယမန်နေ့ (ဩဂုတ်လ ၂၉) တနင်္ဂနွေနေ့ မွန်းတည့် အန်ဂျေလူးဆုတောင်းခြင်းပြုစဉ် စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသော ဘုရားဖူးများအားပန် ကြားလိုက်သည်။ ကာဘုလ်လေဆိပ်သည် ပြီးခဲ့သော ဩဂုတ်လ (၂၆) ရက်နေ့က တိုက်ခိုက်ခံလိုက်ရသည်။ ရဟန်းမင်းကြီး သည် အာဖဂန်နစ္စတန်၏အခြေအနေကို စိုးရိမ်ကြီးစွာဖြင့်စောင့်ကြည့်နေသည်။ အာဖဂန်ပြည်သူများနှင့်ထပ် တူခံစားနေရ သည်။ ထိုဗုံးဖောက်တိုက်ခိုက်မှုကြောင့်လူများစွာသေကြေခဲ့ရသည်။ တာ၀န်ရှိသူများအားလည်း အမြန်ဆုံးအကူအညီပေးကြ ရန်နှင့်တွေ့ဆုံဆွေးနွေးရန်၊ စာနာစိတ်များဖြင့်ငြိမ်းချမ်းရေးကိုတည်ဆောက်ကာ ညီအစ်ကိုချင်းများအတူယှဉ်တွဲနေထိုင်နိုင်ရန် နှင့်တိုင်းပြည်အနာဂါတ်အတွက်မျှော်လင့်ချက်ကို ပေးနိုင်ရန်ကြိုးစားကြရန်တိုက်တွန်းခဲ့သည်။
Prayer and fasting engage us
ဆုတောင်းခြင်းနှင့်၀ါရှောင်ခြင်းကိုပြုလုပ်ကြပါ။
ယခုခဲ့သို့သော သမိုင်းဖြစ်ရပ်မျိုး၌ ကျွန်ုပ်တို့သည် မိမိတို့နှင့်မဆိုင်သကဲ့သို့နေ၍မရ။ ဤအခြေအနေသည် ခရစ်ယာန် ဖြစ်သောကျွန်ုပ်တို့အား တစ်စုံတစ်ရာပြုလုပ်ရန်တောင်းဆိုနေပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ရဟန်းမင်းကြီးအနေဖြင့်မဆီမဆိုင်သကဲ့သို့မျက်နှာလွှဲနေ၍မဖြစ်။ အရေးကြီးသောအခြေအနေဖြစ်နေသည်။ ထို့ကြောင့် ဘုရားဖူးများအားလည်း ဆုတောင်း ရန်၊ ၀ါရှောင်ရန်၊ ဆပ်ဖြေခြင်းအ မှုကိုပြုကြရန်၊ လက်ရှိအခြေအနေသည် ဤသို့ပြုလုပ်ရမည့်အနေအထားဖြစ်နေသည်။ ရဟန်းမင်းကြီးအနေဖြင့် အကူအညီလိုအပ်သူများ၊ အထူးသဖြင့်အမျိုးသမီးများနှင့်ကလေးများအား ၄င်းတို့တတ် နိုင်သ လောက်ကူညီခဲ့ကြသောသူများကိုလည်းကျေးဇူးတင်ကြောင်းထည့်သွင်းမိန့်ကြားခဲ့သည်။
ပြီးခဲ့သော ဩဂုတ်လ (၁၅) ရက်နေ့ကလည်း အာဖဂန်နစ္စတန်နိုင်ငံ၏အရေးနှင့်ပတ်သက်၍ အလွန်စိုးရိမ်နေကြောင်း ကိုလည်းရဟန်းမင်းကြီးသည် ထုတ်ဖော်ပြောကြားပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်၀ှမ်း၌ တပ်စွဲထားခဲ့သော အမေရိကန်စစ်တပ်များစတင်ရုတ်သိမ်းလိုက်သည်နှင့်တာလီဘန်သူပုန်များလည်း နိုင်ငံသိမ်းတိုက်ပွဲကိုစတင်လာခဲ့သည်။ ရဟန်းမင်းကြီးက သူနှင့်အတူ ငြိမ်းချမ်းစွာ ဘုရားထံဆုတောင်းကြရန်နှင့်လက်နက်ကြီးငယ်၏ပစ်ခတ်သံများတိတ်ဆိတ်ချုပ်ငြိမ်း သွားစေရန်၊ စားပွဲ၀ိုင်း၌ထိုင်၍ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးအဖြေရှာကြရန်တောင်းဆိုလိုက်သည်။
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Add new comment