အာပတ်ဖြေနားထောင်ပေးသူသည် ကမ္ဘာကြီး၌ ခရစ္စတူးသခင်ရှိနေကြောင်းကိုညွှန်ပြနေသည် ဟု အပြစ်ဒဏ်ဆပ်ဖြေခြင်းဆိုင်ရာရုံးတော်တာ၀န်ခံ ကာဒီနယ် Mauro Piacenza ပြောကြား

အာပတ်ဖြေနားထောင်ပေးသူသည် ကမ္ဘာကြီး၌ ခရစ္စတူးသခင်ရှိနေကြောင်းကိုညွှန်ပြနေသည် ဟု အပြစ်ဒဏ်ဆပ်ဖြေခြင်းဆိုင်ရာရုံးတော်တာ၀န်ခံ ကာဒီနယ် Mauro Piacenza ပြောကြား

အာပတ်ဖြေနားထောင်ပေးသူသည် ကမ္ဘာကြီး၌ ခရစ္စတူးသခင်ရှိနေကြောင်းကိုညွှန်ပြနေသည် ဟု အပြစ်ဒဏ်ဆပ်ဖြေခြင်းဆိုင်ရာရုံးတော်တာ၀န်ခံ ကာဒီနယ် Mauro Piacenza ပြောကြား

 

ကာဒီနယ် Mauro Piacenza သည် အပြစ်ဒဏ်ဆပ်ဖြေခြင်းဆိုင်ရာရုံးတော်၏တာ၀န်ရှိသူဖြစ်ပြီး၊ (၂၀၂၁) ဒီ ဇင်ဘာလ၌ အာပတ်ထိုင်ဖြေပေးကြမည့် ရဟန်းမင်းကြီး၏ ဘာစီးလီကားများ နှင့်အပြစ် ဖြေနား ထောင် ကြမည့် ဘုန်း တော်ကြီးများထံသို့ စာတစ်စောင်ရေး သားပေးပို့ခဲ့သည်။ အမိမယ်တော်အား အပြစ် မဲ့ သန္ဓေယူတော်မူသောပွဲနေ့က ထွန်းညှိလိုက်သောမီးသည် ခရစ္စမတ် အထိဆက် လက်ထွန်း လင်းသွား မည်ဖြစ်သည်။ ထို့အတူ ပြင်ဆင်ခဲ့သော အာဒ် ၀င်တူးကာလ၏၀ိညာဉ်ရေးအသီးအပွင့်များကို ပြန်လည် ထောက် ရှု ဆင်ခြင်၍ ဆန်းသစ်ရမည်ဖြစ်သည်။ ထို့အတူ လူသားတိုင်း အတွက် မလွယ်ကူ သောခရီး ကို ပြုခဲ့ကြသည်။  

            ၄င်းအပြင် နှစ်နှစ်တာ သမိုင်းအဖြစ်အပျက်များကိုပြန်လည်သုံးသပ်ကြည့်လိုက်ပြီးနောက် အာ ပတ် ဖြေနား ခြင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြတ်သားစွာရေးဆွဲနိုင်ခဲ့ပါသည်။ ဤနေ ရာ၌ စက္က ရ မင်တူး၏အမှတ် သင်္ကေတ နှင့် ၄င်း၏ကုသပေးနိုင်စွမ်း သည့်အစွမ်း ကိုမီးမောင်း ထိုးပြ ထား သည်။    

 

အာပတ်ဖြေနားထောင်ပေးသူသည် ကမ္ဘာကြီး၌ ခရစ္စတူးသခင်ရှိနေကြောင်းကိုညွှန်ပြနေသည်။

         ကာဒီနယ်က    ယခုနှစ်အာဒ်၀င်တူးကာလ၌ အာပတ်ဖြေနားထောင်ပေးကြမည့် ရဟန်းတော်များ အားလုံးကို အာပတ်ဖြေခြင်းစက္က ရမင်တူးကို ‘ထူးခြားသောကောင်းကြီးတော်’ အဖြစ်ရှုမြင်ကြရန်၊ ဆေး ကြောခြင်း ဆရာယော ဟန်အဖြစ်မိမိတို့ကိုယ်ကိုထပ်တူပြု၍ ကမ္ဘာ ကြီးအား ‘ဘုရားသခင်၏ သိုးငယ် တော်ကို  ကြည့်ကြလော့’ ဟုပြန်လည် ညွှန်ပြပေးကြရန်နှိုးဆော်ထားသည်။ ဤသဘောပင် အာပတ် ဖြေပေး ကြမည့်ရဟန်းတော်များသည် မိမိတို့၏၀တ္တရား ကိုသစ္စာရှိစွာဖြည့်ဆည်းခြင်းဖြင့် ယေဇူး သခင် သည် လောကကြီး၌ ‘သနားတတ်သော၊ ချစ် တတ်သော၊ တရားမျှတ သော၊ အမှန်တရား၊ ကျေးဇူးတော်၊ နှစ်သိမ့်မှုနှင့်သိမ်မွေ့မှုအဖြစ် ဆက်လက်ရှိနေကြောင်းကိုညွှန်းပြနေသည်။  ထို့ အတူ ယေဇူးသခင်သည် လက်ရှိ၌ ဖြစ်ပွားနေသော ပြဿနာပေါင်းထောင်းခြောက်ထောင်များကြား၌ တစ်ဦးတည်း သော ကယ် တင်ရှင်ဖြစ် သည်ကိုလည်းညွှန်ပြရန်လိုအပ်သည်။  

 

ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်မစိမ်းပါ။

            ခရစ္စယာန်တို့၏ယုံကြည်ခြင်းသည် မိမိမသိ၊ မရင်းနှီးသောဘုရား (သို့) မိမိလက် လှမ်းမမှီ သော ဘုရားကိုယုံကြည်ခေါ်တရန်မသွန် သင်ပေ။ ဘုရားသခင်သည် သူကိုယ်တိုင် မည်သူဖြစ်သည်ကို ကျွန်ုပ်တို့ အား အလင်း ပေးဖွင့်ပြ ပေးရန်အတွက် လူ့အဖြစ်ကိုခံယူသည်။ သို့မှ သာ လူသားတို့၏ခံစားချက်၊ အသက် တာကို တွေ့ကြုံရုန်းကန်ရင်း ကယ် တင်ရန် အမိသာသနာတော်ကြီး၏နက်နဲသောအသက်တာ၊ စက္ကရ မင်တူးနှင့် ဆိုင်သောအမှတ်အသားနှင့်၊ အပြုအမူ များအားဖြင့်ဆက်လက်တည်ရှိနေသည်။ ယေဇူး သခင် ၏ ကယ်တင်ခြင်းလုပ်ငန်းစဉ်၌ ကျေးဇူးတော်နှင့်ကောင်းမြတ် ခြင်းဒွန်တွဲပါနေသည်။  ဤ ကောင်း ကြီး တော်သည် အခြားသောဘာသာရေး (သို့) ယဉ်ကျေးမှုအစဉ်အလာ ၌ လည်းပါသည်။ ဤအခြေအနေမှာ ယေဇူးသခင်သည် လောကကြီး၏ တစ်ပါးတည်းသောကယ်တင်ရှင်ဖြစ်သည်ကိုပြသနေသည်။ အကယ်၍ နာဇရက် မြို့သားယေဇူးသည် တစ်ပါးတည်းသောကယ်တင်ရှင်မဟုတ်ပါက အထက်ကဆိုခဲ့သော အခြေ အနေများ ၌ ကယ်တင်ခြင်း ကောင်း ကြီးများမရှိနိုင်။  ထို့ကြောင့် အပြစ်ဖြေလွှတ်ခြင်းအမှုတော်၌ ထို၀ိ ရောဓိ ဆန်သောကယ်တင်ခြင်းသတင်းကိုကြေညာရသည်။ အဘယ် ကြောင့်ဆိုသော် အမှန်နှင့် တရားမျှ တခြင်းကို ဆာငတ် ကြောင်းကိုဖော်ပြသည်။ ထိုအခါ လွတ်လပ်မှုနှင့်လွှတ်မြောက်ခြင်းကိုဆာငတ်သော စိတ်သည် လူတို့၏စိတ်ထဲ၌ ကြီး ထွားဖွံ့ဖြိုးလာမည်ဖြစ်သည်။             

            အာပတ်ဖြေပေးသောရဟန်းတော်သည် ယေဇူးသခင်လောက၌ရှိနေသည်ကို ပြသနေသကဲ့သို့ ကိုယ်တိုင်လည်း ထပ်တူကျအောင်ဖြည့် ဆည်းရမည်။ သန့်ရှင်းသော ရဟန်သိက္ခာ တင်ခြင်းစက္ကရမင် တူးကို ခံယူခဲ့ခြင်း၏အဓိကအ‌ ကြောင်းတရားလည်းဖြစ်သည်။ ယေဇူးသခင်၏ အမှုတော်ကို သာသနာ အတွင်း၌ ဆက်လက်အဓွန့်ရှည်ရန်လုပ်ဆောင် ရမည်။ ထိုအမှုတော်ကား တရားမျှ တခြင်းနှင့် အမှန် တရား ၌ လူသား တို့အားဘုရားသခင်နှင့်ပြန်လည်သင့်မြတ်စေရန် ဖြစ်သည်။ ဤအမှု တော်များ ကြောင့် ပင်လျှင် ရဟန်းတော်များသည် သနားကြင်နာတတ် သည်ဟုသတ်မှတ်ခံရခြင်း ဖြစ်သည်။ အဘယ် ကြောင့် ဆိုသော် မကောင်းမှု၏ကြီးစိုးလွှမ်းမိုးနေမှုကိုအစဉ်ခံနေရလျှင် ကမ္ဘာကြီးအားကူညီ ကယ်တင် ရန်မှာ မကောင်းမှုကိုချေမှုန်းရန်သာဖြစ်သည်။ ဤသို့ခြေမှုန်းရန်မှာ အခြားနည်းထက် အာပတ် ဖြေခြင်း စက္ကရမင် တူးကိုမကြခဏ ကျင်းပပေးခြင်းဖြင့်ဖြစ်သည်။   

 

 ချစ်ခြင်းတော်လှန်ရေး

 

            ဤတန်ဖိုးကြီးလှသော အမှုတော်ဆောင်နှင့်အတူ အခါအားလျှော်စွာ လောကီ အတွေးများ ၏တိုက်ခိုက်လွှမ်း မိုးမှုများကြောင့် စံတန်ဖိုးများလျော့ကျပြီး၊ အလေးထားမှုလည်းအားနည်းသွားရသည်။ မလိုအပ်ဟုပင်ပြောဆိုတိုက် ခိုက်မှုများပြုလုပ်လာသည်။

            အာပတ်ဖြေနားထောင်ပေးနေသောရဟန်းတော်သည် မိမိအနေဖြင့် အလွန်စစ်မှန်သော တော် လှန် ရေး၌ပါ၀င် နေကြောင်းကိုနားလည်ပြီးဖြစ်သည်။ ထိုတော်လှန်ရေးကား သနားခြင်း နှင့်ကောင်း မြတ် ခြင်း၊ အမှန်တရားနှင့်တရား မျှတခြင်းနှင့်ဆိုင်သောတော်လှန်ရေးဖြစ်သည်။ တစ်နည်းဆိုသော် ‘ချစ်ခြင်း’ ၏တော်လှန်ရေးဖြစ်သည်။ အဆိုပါ တော်လှန်ရေးကို ဘုရားသခင်ကိုယ်တော်တိုင်သည် ချစ်ခြင်း မေတ္တာဖြစ်သည်ကို ဖော်ပြခဲ့သော ယေဇူးခရစ္စတူးကိုယ် တိုင်စတင်ခဲ့သည်။ 

            ဤချစ်ခြင်းတော်လှန်ရေးနှင့်ချစ်ခြင်းဖြစ်သော ယေဇူးသခင်၌ တစ်ဦးစီ၏ အသက်တာ ပြောင်း လဲ ရန်မှာ  ဖြစ် နိုင်ချေရှိသော ဘာသာရေး၊ လူမှုရေးနည်း လမ်းအသွယ် သွယ်ဖြင့် ကြိုးစား ရန်လိုသည်။ ဤ ပြောင်းလဲခြင်းသည် ရဟန်း တိုင်း၏ပြောင်းလဲခြင်းလည်းဖြစ်သည်။ ထို့ကြောင့် အာပတ် ဖြေပေး ကြ မည့် ရဟန်‌တော်များအား ကာဒီနယ်က ဤ စက္ကရမင်တူးကို စိတ်အား ထက်သန်စွာ ဆန်း သစ်၍ ကျွန်ုပ် တို့၏ ညီအစ်ကိုမောင်နှမများအား ဖခင်ကောင်းတစ်ဦးပမာ ဂရုတစိုက် ထိုင်ဖြေ ပေးကြ ရန်၊ ဤ အမှုတော်ကိုဆောင်ရွက်ခြင်းဖြင့် ‘နှစ်သိမ့်ခြင်း’ ၏အခြားအမည်တစ်ခုဖြစ်သော ‘သနား ခြင်း’ ကိုကျင်း ပပေးရရောက်ကြောင်း၊ ရဟန်းတော်များ၏စိတ်အားထက်သန်စွာ အာပတ်ထိုင်ဖြေပေးမူ၊ အ လေး ထားကျင်းပမူများသည် ဘာသာတူတို့ကို အာပတ်လာဖြေချင်အောင် အားပေးရာရောက်ကြောင်း၊ အာ ပတ် ဖြေခြင်းစက္ကရာမင်တူးကြောင့် ဘုရားသခင်၏ကောင်းကြီးထူးကိုခံစားရကာ အသက်တာ ပြောင်းလဲ သွားနိုင်ကြောင်း၊ ဘာသာတူများသည် အာပတ်ဖြေရန်ရောက်လာသောအခါ ထိုင်ခုံသည် လစ်လပ်မနေစေသင့်ကြောင်းပြောကြားခဲ့ပြီး၊ ကာဒီနယ်သည် သူ၏ဩ၀ါဒကို ခရစ္စမတ်၌ အာပတ် ကောင်းမွန် စွာဖြေဆိုနိုင်ပြီး၊ ခရစ္စမတ်ကောင်းကြီးခံစာရစေရန် နှင့်အာပတ် ဖြေနားထောင် ကြမည့် ရဟန်း တော်များအားလည်း နက်နဲပြီး၊ သဘာ၀ထက်လွန်ကဲသော ခရစ္စတူးနှင့်သာ သနာတော် ကိုအလုပ် အကျွေး ပြုရင်း ၀ိညာဉ်များအားကယ်တင်ပြီး၊ အသိုင်းအ၀ိုင်းကိုစင်ကြယ်အောင်ဆေးကြော ပေးနိုင် ကြပါစေဟုဆုမွန်ကောင်းတောင်းနှုတ်ဆက်ထားသည်။         

 

RVA  ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/30lZJkj

Add new comment

8 + 5 =