အာဒ်၀င်တူးကို စုံလင်သော အာပတ်ဖြေခြင်းဖြင့်အစပြုသင့်သော အချက် (၆) ချက်

အာဒ်၀င်တူးကို စုံလင်သော အာပတ်ဖြေခြင်းဖြင့်အစပြုသင့်သော အချက် (၆) ချက်

အာဒ်၀င်တူးကို စုံလင်သော အာပတ်ဖြေခြင်းဖြင့်အစပြုသင့်သော အချက် (၆) ချက်

 

၁။ နှစ်သစ်ကို သစ်လွင်စွာအစပြုပါ။

 

            အာဒ်၀င်တူးကာလသည် အမိသာသနာတော်ကြီး၏ တစ်နှစ်တာ၀တ်ပြုခြင်းကိုအစပြုသော ၀ိညာဉ်ရေး အတွက် အရေးကြီး သည့် အချိန်ကာလတစ်ခုဖြစ်သည်။ အာဒ်၀င်တူးကာလ ပထမပတ် တနင်္ဂနွေနေ့ မှစ၍ တစ်နှစ်တာ ၀တ်ပြုခြင်း ကိုကိုစတင်ရွေ့လျားလည် ပတ်ပါတော့သည်။ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) က ‘အာဒ်၀င် တူးကာလ ပထမပတ် တနင်္ဂနွေနေ့ နှင့်အတူ အမိသာသနာတော် သည် တစ်နှစ်တာ၀တ်ပြုခြင်းကိုအစပြုလိုက်သကဲ့ သို့ ယုံကြည်ခြင်း ခြေလှမ်း သစ်ကိုလည်းအစပြုလိုက်ပြီဖြစ်သည်။ ဤသို့အစပြုလိုက်ခြင်း ဖြင့် ယေဇူးခရစ္စတူးသခင်၏ အဖြစ်တော်ကိုလည်း ပြန်လည်အမှတ်ရလိုက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရာစုအဆက်ဆက်က ဘုရားသခင်လူတို့အားထားခဲ့သော ကတိတော်ကြီးကိုပြည့်စုံစေ‌ သောအချိန်ကာလကိုဖွင့်ချလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

 

            ထို့အတူပင် အာပတ်ဖြေခြင်းစက္ကရာမင်တူးကို စုံလင်သောနာကျင်ခြင်းဖြင့်ခံယူလေတိုင်း မိမိတို့၏ယုံကြည် ခြင်းအသက်တာကို အသစ်ပြန်စလိုက်ခြင်း၊ ဆန်းသစ်လိုက်ခြင်းဖြစ်၏။ ပရောဖက်ကြီးအီဇရိယဟောကြားထားသကဲ့ သို့ပင် ‘သင်တို့၏အပြစ်များသည် ရောင်စုံ သွေးကြွနေသော်လည်း နှင်းပွင့်ကဲ့သို့ဖြူးစင်သွားပေလိမ့်မည်။’ အာပတ် ဖြေခြင်းစက္ကရာမင်တူး၌ ‌ခရစ္စတူးသခင်သည် ကျွန်ုပ်တို့၏အပြစ် များကိုဆေးကြောသန့်စင်ပေးကာ အသက်တာသစ် ကိုစတင်ခြေလှမ်းစနိုင်ရန်အတွက် အစပျိုးပေးလိုက်သည်။         

 

၂။ ပြင်ဆင်ခြင်း

 

          ရဟန်းမင်းကြီးစိန့်ဂျွန်‌ပေါလ် (၂) မိန့်ကြားသည်မှာ ‘ကျွန်ုပ်တို့ကိုယ်ကိုပြင်ဆင်၍ ယေဇူးသခင်အားကြိုဆိုခံယူ ရန်မှာ ပထမဦးဆုံး နှင့်အရေးကြီးဆုံးကား ဆုတောင်းခြင်းကို အပူတပြင်းပြုလုပ်ရန်နှင့်ယုံကြည်ရန်ဖြစ်သည်။ မိမိတို့၏ နှလုံးသာ၌ ယေဇူးသခင်အတွက်နေရာ ပြင်ဆင်ထားနိုင်ရန်မှာ သူ၏ချစ်ခြင်း၌ မိမိတို့၏အသက်တာကိုပြောင်းလဲပစ်ရန် လိုပါသည်။  

 

          အာပတ်ဖြေခြင်းစက္ကရာမင်တူးသည် အလွန်အစွမ်းထက်သောဆုတောင်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်များ ကိုမောင်းနှင်ထုတ်ပစ် နိုင်သော လက်နှက်ကောင်းတစ်လက်ဖြစ်သည်။ မှောင်မိုက်ခြင်းကိုလည်း ဖြတ်တောက်ပစ်ပေး သောထက်ရှလှသည့်ဓားသွားတစ် လက်ဖြစ် သည်။ ထို့ကြောင့်ကျွန်ုပ်တို့၏စိတ်နှလုံးကို ယေဇူးသခင်၏အလင်းတော်နှင့် ချစ်ခြင်း၌ အပ်နှံထားကြပါစို့။   

 

၃။ နောက်ဆုံးသောနေ့ (စီရင်ခြင်းခံရမည့်နေ့) ကိုထောက်ရူဆင်ခြင်ခြင်း

 

           ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကလည်း ‘အာဒ်၀င်တူးကာလ၌ ကျွန်ုပ်တို့သည် ခရစ္စမတ်ကို မျှော်လင့်ရုံ သက်သက်မျှ ဖြင့် အသက်မရှင်သင့်။ ယေဇူးသခင်၏နေက်ဆုံးနေ့၌ ဘုန်းတော် ဂုဏ်တော်နှင့်ပြန်လည်ကြွမြန်းလာခြင်းကိုမျှော်လင့်၍ရှင်သန်ရမည်။ ကျွန်ုပ်တို့ကိုယ်ကိုပြင် ဆင် ထားရမည်။ နောက်ဆုံးအချိန်၌ ကိုယ်တော်နှင့်အကောင်းဆုံး ဆုံ ဆည်းနိုင်ရန်မျှော်ရည်လျှက် ကျွန်ုပ်တို့ကိုယ်ကို ကောင်းမှုများပြုရန် ရဲရင့် ပြတ်သားစွာရွေးချယ်လုပ်ဆောင်ရမည်။ ကျွန်ုပ်တို့သည် ခရစ္စမတ်ကိုတမ်းတနေကြသကဲ့သို့ ကိုယ်တော်၏ပြန်လည်ကြွမြန်းလာခြင်းကို လည်း စိတ်အားထက် သန်စွာစောင့်စားနေရမည်။ ထို့အတူ ယေဇူးသခင် ကျွန်ုပ်တို့တစ်ဦးစီအားခေါ်သောအခါ ကိုယ်တိုင်ကိုယ်ကျ ဆုံဆည်း ရမည့်အချိန်ကိုလည်းသတိရရမည်။ ခရစ်ယာန်များအတွက် ယေဇူးသခင်၏ ‘ဘုန်းတော်ဂုဏ်တော်နှင့်ကြွာလာခြင်း’ ကိုထောက်ရှုရာ၌ အဓိပ္ပါယ်နှစ်မျိုးရှိသည်။ ရှုထောင့်နှစ်မျိုးရှိသည်။ ယေဇူးသခင်၏ပထမအကြိမ်ကြွလာခြင်းသည် လူ့သွေးသားအပြည့်ဖြင့် ဘက်သလင်ဟင်၌မွေးဖွားခဲ့သည့်အဖြစ်အပျက်ကိုဆင်ခြင်ခြင်းဖြစ်သည်။ ကျမ်းစားတော်၌ သော်လည်းကောင်း၊ အစဉ်အလာအရ ‘ယုံကြည်ခြင်းအချုပ်’ ၌ ရွတ်ဆိုပူဇော်သကဲ့သို့ ယေဇူးသခင်သည် သူ၏ ‘ဘုန်း တော်ဂုဏ်တော်အပြည့်’ ဖြင့်နောက် တဖန်ကြွလာတော်မူမည်။   

 

          ထို့အတူ အာပတ်ဖြေခြင်းစက္ကရာမင်တူးသည် ကျွန်ုပ်တို့အားစီရင်ရန်ကြွလာမည့် ယေဇူးသခင်နှင့်တွေ့ဆုံရန် အသင့်ပြင်ဆင်ထား ပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ယေဇူးသခင်ရှေ့မှောက်၌ အသင့်ရပ်လျှက် သူ၏တရားမျှတစွာ ချမှတ်မည့်စီရင်ချက်ကိုခံယူရန် အသင့်ရှိ နေပါမည်လော။

 

၄။ နောင်တစွဲခြင်း

 

          ကက်သလစ်ဘာသာ၀င်အတော်များများအဖို့အာပတ်ဖြေခြင်းသည် နောင်တစွဲခြင်းအမှုဖြစ်သည်။ နေရာအ တော်များများ၌ အာ ပတ်ဖြေခြင်းကိုကောင်းစွာပြုလုပ်ရန် အဆင်‌မပြေ၊ အခြေအနေ မပေးသကဲ့သို့၊ အာပတ်ဖြေနား ထောင်ပေးမည့် ဘုန်းတော်ကြီးကို တွေ့ဆုံရန် မှာလည်း အလွန်ခက်ခဲသည်။  စုံလင်သောနောင်တဖြင့် အာပတ်ဖြေခြင်း ကိုကောင်းစွာပြုလုပ်နိုင်ရန်မှာ မိမိ၏ဩတ္တပ္ပစိတ်ကိုပြန်လည်စစ်‌ ဆေးရန်လိုသည်။ ၀ိညာဉ်ရေး၀တ္တရားများ၌ပျက် ကွက်မှုများကို ရိုးသားစွာထောက်ရှု၀န်ခံရန်လိုသည်။ အာပတ်ဖြေနားထောင်ပေး သော ရဟန်းတော်သည် အပြစ်လာ ရောက်တင်လျှောက်သူအား ဘုန်းတော်ကြီးအနေဖြင့် ၀ိညာဉ်ရေးဆိုင်ရာ အကြံဉာဏ်များ ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ကောင်းစွာပြင်ဆင်နောင်တရယူ၍ အာပတ်လာဖြေသောသူအား အပြစ်ခွင့်လွှတ်ခြင်းမေတ္တာကိုရွတ်ဆို ကောင်းကြီးပေး ပြီးပြန်လွှတ်ကြောင်းပြန်လွှတ်ပေမည်။ သို့သော် သူ၏အပြစ်သည်ခွင့်လွှတ်ခံရပြီဟုယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် တင်လျှောက် သောအပြစ်များ နှင့်စပ်လျင်း၍ အပြစ်ခွင့်လွှတ်ခြင်းရသည်မဟုတ်။ ဩ၀ါဒတိုပေး ခြင်းသည် အပြစ်သို့မကျရောက်စေရန်အဘယ်သို့နေ ထိုင် ဆင်ခြင်ရမည်ကိုသာ လမ်းညွှန်ပေးခြင်းသာဖြစ်သည်။ အာဒ် ၀င်တူးကာလ၌ အထက်ကဆိုခဲ့သော အချက်များအားလုံးကို ဖြည့်ဆည်းလုပ် ဆောင်ပေးလျှက်ရှိသည်။ နောင်တတရား အဖြစ်ဘုရားသခင်အားအပ်နှံပေးခြင်းဖြစ်သည်။ အာဒ်၀င်တူးကာလ၏ကျင့်စဉ်နှင့် လည်းအလွန် ကိုက်ညီသည်။     

 

၅။ ဘက်သလင်ဟင်ဆီသို့ခရီးပြုကြပါစို့။

 

          ကျွန်ုပ်တို့သည် ယေဇူးနှင့်အမိမယ်တော်ကဲ့သို့ နွားတင်ကုပ်စားခွက်သို့ အဘယ် သို့ခရီးပြုမည်နည်း။ အလွန်အ ရေးကြီးသော ဤ ၀ိညာဉ်ရေးခရီးစဉ်လည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့အဘယ်သိုတရား ဖြင့်ဘုရားသခင် ကိုပုံတုယူ၍ နီးစပ်စွာနေထိုင်ခဲ့ ကြောင်းကိုဆင်ခြင်ရမည်ဖြစ်သည်။

 

          အာပတ်ဖြေခြင်းစက္ကရာမင်တူး၌လည်း ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏အနီး အပါးသို့နီးနိုင်သမျှနီး အောင်ဆွဲခေါ်သည်။ သူ၏ ချစ်ခြင်း၊ သနားခြင်းကိုလည်းသွန်းလောင်းပေးသည်။ အာပတ်ဖြေခြင်း စက္ကရာမင်တူးသည်  ကျွန်ုပ်တို့အားဘုရားသခင်နှင့်နီးအောင် ပြန်လည်ဆွဲ ခေါ်သွား ပေးသည်။ အာပတ်ဖြေခြင်းစက္ကရာမင်တူးအားဖြင့် ကျွန်ုပ်တို့ သည်အပြစ် အကြေး အညှော်မှ ကင်းစင်သွားပြီး၊ ဘက်သလင်ဟင်မှ သန့်‌ ရှင်းသောအိမ်ထောင်စု၏အလယ်တွင် နွေးထွေး စွာမတ်တပ်ရပ်နေသကဲ့သို့ဖြစ်သည်။    

 

၆။ မစောင့်ပါနှင့်။

 

          အာဒ်၀င်တူးကာလကိုပြင်ဆင်ရန်အတွက် အချိန်ကပ်မှအာပတ်ဖြေခြင်းသည် ခရစ္စမတ်ပွဲအတွက်နောက်ဆုံးအ ချိန်မှစျေး၀ယ်ထွက်သကဲ့သို့ပင် ဗျာများရသည်။ ရှုပ်ထွေးရသည်။ ပူပန်ရသည်။ ဤသို့မဖြစ်ရလေအောင် အာဒ်၀င်တူး ကာလ၏အစပိုင်းမှစ၍ အချိန်ယူကာ အကောင်းဆုံးပြင်ဆင်ပြီးနောက် အာပတ်ဖြေခြင်းဖြစ်သည်။ နောက်ဆုံးအချိန်မှ အာပတ်ဖြေလျှင် သင်တို့ကဲ့သို့ နောက်ဆုံးအချိန်ထိစောင့်ဆိုင်းနေကြသောသူများကြောင့် အာပတ်ဖြေရန် အချိန်ကြာ မြင့်စွာ‌စောင့်ရမည်။ စိတ်မရှည်၍ မဖြေဘဲပြန်ထွက်သွားမည်။ အာရုံနောက်ပြီး စိတ်ပျံ့လွင့်သောကြောင့် မိမိကိုယ်ကို ကောင်းစွာမစစ်ဆေးနိုင်သည်များလည်းဖြစ်ရသောကြောင့် ကြိုတင်၍ပြင်ဆင်ကာ ခရစ္စမတ်ကို အကောင်းဆုံးဆင်နွှဲ နိုင်ရန် ဤ၀ိညာဉ်ရေးအကြံပြုချက် (၆) ချက်ကို ခရစ်စ္စမတ်လက်ဆောင်အဖြစ်ပေးလိုက်ရပါသည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/31llGQF

Add new comment

7 + 13 =