အာဒ်၀င်တူးကာလအတွက် ရဟန်းမင်းကြီး၏ အကြုံပြုချက်

အာဒ်၀င်တူးကာလအတွက် ရဟန်းမင်းကြီး၏ အကြုံပြုချက်

သခင်ခရစ်တော်ကြွလာသည့် ခရစ္စမတ်ပွဲတော်အတွက် ပြင်ဆင်ရန်အချိန်ဖြစ်သည့် အာဒ်၀င်တူးကာလကို ပို၍အကျိုးရှိရှိ ပြင်ဆင်နိုင်ရန်အတွက် ရဟန်းမင်းကြီးမှ အကြုံပြုစကား ဆိုထားသည်။

ပထဆုံးအနေဖြင့် ခရစ္စမတ်အတွက်ပြင်ဆင်ရာတွင် ယုံကြည်ခြင်းဖြင့် ပြင်ဆင်ကျင်းပကြရန် “ခရစ္စမတ်ပွဲတော်ကို လောကီဆန်ဆန်ကျင်းပနေကြသည်။ ဘုရားရှင်ကမူ ကျွန်ုပ်တို့အား ယုံကြည်ခြင်းဖြင့် ကျင်းပစေချင်သည်။

အိုအရှင်ဘုရား ကျွန်ုပ်ယုံကြည်ပါသည်။ ကျွန်ုပ်၏ အားနည်းသောယုံကြည်ခြင်းကို အားဖြည့်ပေးတော်မူပါ။ ကျွန်ုပ်၏ယုံကြည်ခြင်းကို လောကီဆန်ခြင်းနှင့် အယူသည်းခြင်းတို့မှ ကာကွယ်တော်မူပါဟူသော ”(ဒီဇင်ဘာ ၁၀၊ ၂၀၁၈) တိုက်တွန်းစကားဖြင့် အကြုံပြုထားသည်။

“ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပွားနေသော ကပ်ရောဂါသည် အာဒ်၀င်တူးကာလ ပြင်ဆင်ခြင်းအတွက် အကြောင်းပြချက် မဖြစ်သင့်ကြောင်း” သတိပေးစကားဖြင့် အာဒ်၀င်တူးကာလကို စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်ကာ နေထိုင်သွားကြရန် တိုက်တွန်းထားသကဲ့သို့ ခက်ခဲကြပ်တည်းနေသော ကပ်ရောဂါ၏ ဖိစီးမှုအောက်တွင် တည်ကြည်လေးနက်ခြင်း၊ လေးစားမှုဖြင့် အထူးဂရုစိုက်ခြင်း နှင့် ရိုးရှင်းစွာဖြင့် ဆုတောင်းခြင်း စသည့်အရာများဖြင့် သတင်းကောင်းကို ယူဆောင်ကြရန် ရဟန်းမင်းကြီးမှ ပြီးခဲ့သော နို၀င်ဘာလ (၃၀)ရက်နေ့က မိန့်မှာခဲ့သည်။

ခရစ္စမတ်အတွက် ပြင်ဆင်ရာတွင် မိမိ၏အကျင့်တရား ပြောင်းလဲခြင်းသည်လည်း လိုအပ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။ ခရစ္စမတ်ပွဲတော်ကျင်းပရန် ယခုနှစ်အခြေအနေများသည် ယခင်နှစ်များနှင့် ကွာခြားလှသော်လည်း ယုံကြည်ခြင်း၊ စိတ်အားထက်သန်ခြင်း၊ အကျင့်တရားပြောင်းလဲခြင်း နှင့် ကောင်းသောအလုပ်များ လုပ်ဆောင်ခြင်းတို့ဖြင့် ခရစ္စမတ်ပွဲတော်ကို မျှော်လင့်ခြင်း၊ ၀မ်းမြောက်ခြင်းတို့ဖြင့် ပြင်ဆင်ကျင်းပနိုင်ကြောင်း သတင်းစကားပါးခဲ့သည်။

Photo credit to Vatican News

ဘာသာပြန်-Bro.Patrick Aye Shine Aung

https://bit.ly/33TDQal

Add new comment

3 + 13 =